* ဤသည်ရခိုင်သား……. ဤကားရခိုင်ပြည်
နှုတ်ခွေမွတ်ဟ …….. ဗျာဒိတ်ရသည်
ဗုဒ္ဓညွှန်ပြ ………. တိုင်းဓည…
* ကဗျဉ်းထိုးခြစ် ………… ပြန်ပြောင်းလှစ်သော်
ထုဆစ်လက်ရာ…………ကျောက်ပီစာများ

မြန်မာနိုင်ငံရှိ အော်တစ်ဇင်ကလေးငယ်များအတွက် လက်ခံသင်ကြား ပေးနိုင်သောကျောင်းများ နည်းနေသေးသည်အပြင် အစိုးရက အဆိုပါ ကလေး များအပေါ် ရေရှည်စောင့်ရှောက်မှုများ အတွက် စီမံဆောင်ရွက် ပေးရန် လိုအပ် နေသေးကြောင်း သိရသည်။
“အခုဆို ကျွန်တော့သားက အသက် ၁၃ နှစ်၊ အပြင်မှာတော့ ကျောင်း မထားတော့ဘူး။ အိမ်မှာပဲ ဆရာမနဲ့ သင်တယ်၊ ဒီလိုကလေးတွေက မိဘရဲ့ပြု စုစောင့် ရှောက်မှု အမြဲလိုအပ်နေတာကြောင့် မိဘတိုင်းက ကိုယ့်သားသမီးကို ကိုယ်မရှိ တော့ရင် ဘယ်လို ဆက်ရပ်တည်သွား မလဲဆိုတာ အမြဲပူပန်နေ ရပါတယ်” ဟု မြန်မာနိုင်ငံ အော်တစ်ဇင် အသင်းဝင် အော်တစ်ဇင်ကလေးတစ်ဦး၏ ဖခင်ဖြစ်သူ ဦးနေမျိုးနိုင်က ပြောသည်။ (more…)
တကယ်တော့ အွန်လိုင်းပေါ်မှာ ပဲ ရင်းနှီးခင်မင်တွေ့ဆုံရသူတွေဟာ ယုံကြည်စိတ်ချရသူတွေလို့ သတ်မှတ် လို့မရပါဘူး။ ဒါကြောင့် အွန်လိုင်း ပေါ်မှာ ရှောင်သင့်တဲ့အချက် ၁ဝ ချက် ကို တင်ပြရာမှာ ပြီးခဲ့တဲ့အပတ်က အချက်ငါးချက်ကို တင်ပြခဲ့ပြီးပါပြီ။ ဒီတစ်ပတ် မှာတော့ ကျန်တဲ့ငါးချက် ကို ဆက်လက်လေ့လာတွေးဆ ဆင်ခြင်လိုက်ရအောင်နော်။
၅။ မိမိလိပ်စာနှင့် ဖုန်းနံပါတ်
အင်တာနက်လူမှုကွန်ရက်များ အသုံးပြုရာ၌ အထူးသတိပြုသင့်သော လုံခြုံရေးဆိုင်ရာ နံပါတ်တစ်အချက် ဖြစ်သည်။ မိမိ၏ လိပ်စာနှင့် ဖုန်း နံပါတ်ကို လူမှုကွန်ရက်တစ်ခုခုပေါ်တွင် လူအများကို ပေးသိထားမိသည်ဆိုပါက မမြင်နိုင်သော အန္တရာယ်ကို လက်ယပ်ခေါ်ထားမိသလိုဖြစ်နိုင်ပါသည်။ ကံတရားဆိုသည်ကလည်း မည်သို့မျှမှန်းဆ ထား၍မရသည့် အရာ ဖြစ်သည့်အလျှောက် အကယ်၍ မိမိကသာ လိပ်စာနှင့်ဖုန်းနံပါတ်များကို အလွယ်တကူပေးထားမိပါလျှင် (more…)
လူငယ်ဆိုသည်မှာ လူငယ်သာ ဖြစ်သည်ဟုဆိုလျှင် ကျေနပ်ဖွယ် စကားဟု ထင်မှတ်ကြမည် မဟုတ် ပေ။ လူငယ်ဆိုသည်မှာ လူကြီးတို့နှင့် တူညီမည်မဟုတ်သည်က သေချာပါ၏။
ယနေ့ခေတ် ၂၁ ရာစု လူငယ်တို့သည် လူကြီးတို့နှင့် ပို၍ကွာခြားနေသည် ကိုမူ ငြင်း၍ရမည် မထင်ပေ။
အဘယ့်ကြောင့်ဆိုသော် ၂၁ ရာစု ၏ ပတ်ဝန်းကျင်အနေအထားသည် ယခင်ရာစုနှစ်များနှင့် မတူ။ တစ်ဆစ်ချိုး အပြောင်း အလဲများက တန်းစီ၍ ဖြစ်ပေါ်နေသောကြောင့် ဖြစ်ပါ၏။
နည်းပညာရပ်များက တစ်နေ့နှင့် တစ်နေ့ပင်မတူ။ တိုးတက်ရွေ့လျားမှုသည် ခုန်ပျံနေသည့် အလား။ ၄င်းပညာနှင့်အတူ လူတို့၏နေထိုင်မှု ပုံစံ၊ သွားလာမှု၊ ဆက်သွယ်မှု၊ ဝတ်စား ဆင်ယင်မှုမှအစ အပြော အဆို၊ စကားလုံးအသုံးအနှုန်း အဆုံး အရာ အားလုံးသည် လျင်မြန်သောအဟုန်နှင့် ရွေ့လျားနေသည်။ (more…)
၂ဝဝ၅ ခုနှစ်နှောင်းပိုင်းတွင် အင်တာနက်ပေါ်မှ လူမှုကွန်ရက်- Social Networking Websites များသည် ကမ္ဘာ့လူသားများ အကြား ရေပန်း စားလာခဲ့ကာ ယနေ့ခေတ် ဆိုလျှင် ”ခေတ်မီသူတိုင်း အွန်လိုင်း လူမှုကွန်ရက် များအသုံးပြု ကြသည်” ဟူ ၍ဖြစ်လာ လျက်ရှိသည်။
အင်တာနက်အသုံးပြုသူ ကမ္ဘာ့ လူငယ်အားလုံး၏ ၃၅ ရာခိုင်နှုန်းတွင် လူမှုကွန်ရက်တစ်ခုခုပေါ်တွင် ကိုယ် ပိုင်စာမျက်နှာ- Profile တစ်ခုစီရှိနေ ကြပြီး ၅၁ ရာခိုင်နှုန်းတွင် တစ်ခု ထက်ပိုသော ကိုယ်ပိုင်စာမျက်နှာများ ရှိနေသည်ဟု USA Today ၏ဖော်ပြချက် အရသိရသည်။
ထို့ပြင် အသက် ၁၈ နှစ်မှ ၂၄ နှစ်အတွင်းရှိ အင်တာနက်အသုံးပြုသူ လူငယ်များ၏ လေးပုံ သုံးပုံခန့်သည် အွန်လိုင်း Profile တစ်ခု စီ အနည်းဆုံး ရှိနေကြသည် ဟုလည်း USA Today ၏ စစ်တမ်းထဲ တွင် ပါဝင်သည်။ (more…)
ဧရာဝတီ သတင်း စာမျက်နှာတွင် သြဂုတ်လ (၆) ရက်နေ့က ဖော်ပြပါရှိတဲ့ ဘင်္ဂလာဒေ့ရှ်ရောက် မြန်မာ များ ပြည်တော် ပြန်ခွင့် မရသေး သတင်း ဓါတ်ပုံတွင် ရှေ့ဆုံးက ဖော်ပြခြင်း ခံရခြင်းကို ရခိုင်တော်လှန်ရေးသမား ကို ခိုင်ဆန်းအောင် မှ ပြန်လည် ရှင်းလင်းချက်
မေး။ ။ ကိုခိုင်ဆန်းအောင် အနေဖြင့် ဒီလို ဧရာဝတီ သတင်း စာမျက်နှာမှာ သြဂုတ်လ (၆) ရက်နေ့က ဖော်ပြပါ ရှိတဲ့ ဘင်္ဂလာဒေ့ရှ်ရောက် မြန်မာများ ပြည်တော်ပြန်ခွင့် မရသေး လို့ ဖော်ပြချက်မှာ အစ်ကို့ ဓါတ်ပုံကို ရှေ့ဆုံးက ပါနေတာနဲ့ ပတ်သက်လို့ ဘယ်လိုခံစားရ ပါသလဲ။
ဖြေ။ ။ “ယခုနှစ် နှစ်ဆန်း ၁ ရက်နေ့က သက်ကြီးပူဇော်ပွဲသို့ တက်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်ရောက် ရခိုင် တိုင်းရင်းသားများ (ဓာတ်ပုံ – ငြိမ်းချမ်း/ ဧရာဝတီ)” ဆိုပြီး ဓါတ်ပုံအောက်မှာ အသေအချာဖော်ပြပါရှိပါတယ်။ ဒါက သတင်းထောက်ဆိုသူက သက်ကြီး ရွယ်အိုပူဇော်ပွဲက ပုံကိုယူပြီး ဒီမှာလာ အသုံးပြုထားတာဖြစ်မှာပါ။ ပြည်တော် ပြန်ဖို့လျှောက် ထားသူ တစ်ဦးဦးရဲ့ ပုံကိုသုံးစွဲခြင်းက ပိုပြီးအကျုံးဝင်လိမ်ံမယ်လို့ယူဆပါတယ်။ ခုဟာက သတင်း ဖတ်သူတွေကို ထင်ယောင် ထင်မှားဖြစ်စေ ပါတယ်။ သတင်းထောက်ဆိုသူတွေရဲ့ အလေးထားရမယ့် ကိစ္စရပ် တခုပါ။ ကျွန်တော်ကတော့ ပြည်တော်ပြန်ဖို့လျှောက်ထားခြင်း တို့ ဘာတို့ မရှိဘူးခင်ဗျ။ သိရသလောက်က တော့ ဘင်္ဂလားဒေ့ရှ်ဘက်က စုစုပေါင်း ၆ ယောက် ခန့် လျှောက်ထားတာ ရှိတယ်လို့ကြားပါတယ်။ ကျွန်တော်တို့တွေ ရာနဲ့ချီရှိနေကြတာကို လူ ၆ ယောက်ရဲ့ဆန္ဒ နဲ့ နှိုင်းပြီး၊ သိမ်းကြုံးလို့ ဘင်္ဂလာဒေ့ရှ်ရောက် မြန်မာများ ဆိုပြီး သုံးနှုန်းထားတာကလဲ ကလေ ကချေဖြစ်လွန်းလှပါတယ်။ သတင်းသမားရဲ့ဝတ္တရားကို အလွဲသုံးစား လုပ်တဲ့ပုံစံမျိုး ဖြစ်တယ်လို့လည်း ယူဆ ပါတယ်။ (more…)
လူတစ်ယောက်က လုပ်ကြံသတ်ဖြတ်ခြင်းမှ အသက်ရှင်ရုံလောက ရှင်သန်လာခဲ့တယ်။ နောက်တစ်ယောက်က ပြင်းပြတဲ့ ရိုက်နှက် ချက်တွေနဲ့ မဟုတ် မမှန် တရားစွဲဆိုခံရပြီး ထောင် ၆ နှစ်ချခံခဲ့ရတယ်။ တတိယ တစ်ယောက်ကတော့ စစ်တပ်မှအာဏာကို သိမ်းယူပြီး ရာထူးကနေ ဖြုတ်ချခံ လိုက်ရတယ်။ ဘာကြောင့်လဲဆိုတော့ သူကို အတိုက်အခံတွေက ဒီမိုကရေစီ နည်းလမ်းတကျ မတိုက်ခိုက်နိုင်ခဲ့ တဲ့အတွက်ပါ။
အဲဒီသုံးယောက်က အရှေ့တိန်မောနိုင်ငံရဲ့ သမ္မတဟောင်း Jose Ramos-Horta ၊ မလေးရှား အတိုက်အခံ ခေါင်းဆောင် Anwar Ibrahim နှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra တို့ဖြစ်ပါတယ်။ (more…)
| M | T | W | T | F | S | S |
|---|---|---|---|---|---|---|
| « Aug | ||||||
| 1 | 2 | 3 | 4 | 5 | ||
| 6 | 7 | 8 | 9 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 | 31 | ||
|
Blog at WordPress.com. Theme: Nishita by Brajeshwar.