ဘွတ် ဖိနပ် စီးတဲ့ ခွေး


ဒီခွေးလေး ပုံကိုမြင်ရင် ဘာကြောင့် ဘွတ်ဖိနပ်တွေ စီးထား သလဲလို့ သိချင် နေကြမှာပါ။ သခင်က သပ်သပ်မဲ့ စတန့်ထွင် ထားတာများလား ဒါမှမဟုတ် သူ့ခွေးလေးကို လူတွေ အာရုံစိုက်စေ ချင်လို့လား စသည်ဖြင့်ပေါ့။ တကယ်တော့ အကြောင်းမဲ့ ဝတ်ဆင် ပေးထားတာ မဟုတ်ပါဘူး။ အသက် ၈ နှစ် အရွယ် ဂျက်စ်ဟာ မြက်ပင်တွေနဲ့ ထိလိုက်တာနဲ့ သူ့ရဲ့ ခြေထောက်က အရမ်းနာကျင် လာပြီး allergy (ဓာတ် မတည့်ခြင်း)တွေ ဖြစ်လာ တတ်တယ်လို့ သိရပါတယ်။

အဲဒါကြောင့် allergy မဖြစ်ရအောင်လို့ သခင်ဖြစ်တဲ့ မာရီယာဒိုမင်နစ်က အခုလို ဘွတ်ဖိနပ်အသစ်လေး တွေ စီးပေးထားတာပါ။ “သူ ဒီဘွတ်ဖိနပ်တွေကို အရမ်းကြိုက်နေပါပြီ။ သူ့ရဲ့ ခြေချောင်း၊ လက် ချောင်းလေးတွေက မြက်နဲ့ထိလိုက်ပြီဆိုတာနဲ့ allergy တွေ ဖြစ်လာတော့တာပါပဲ။ အစတုန်း ကတော့ ဘာဖြစ်မှန်းကျွန်မ မသိခဲ့ပါဘူး။ တိရစ္ဆာန်ဆရာဝန်နဲ့သွားပြပြီး စမ်းသပ် ကြည့်လိုက်တော့မှ မြက်၊ နို့၊ ပရိုတိန်း၊ အုတ်စပါး စတာတွေနဲ့ ဓာတ်မတည့်မှန်း သိ လိုက်ရတာပါ။ အခုဆိုရင် တခြားခွေးလေးတွေနဲ့အတူ မြက် ခင်းပေါ်မှာ ပြေးလွှားဆော့ကစားနိုင်ပြီဖြစ်လို့ သူအရမ်း ပျော်နေပါပြီ။ allergy ဖြစ်ရင်သူ့ကို အရမ်းနာကျင် စေပါတယ်”လို့ မစ္စတာဒိုမင်နစ်က ပြောကြားသွား ပါတယ်။

About these ads

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

%d bloggers like this: