ရေအောက် ကေဘယ် ဆက်သွယ်မှုတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ပါဝင်မည်
ရေအောက် ကေဘယ် စနစ် ဖြစ်သည့် SE-ME-WE 3 (South East Asia, Middle East, West Europe) အင်တာနက် ဆက်သွယ်မှု တွင် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံ ပေါင်း ၆၄ နိုင်ငံမှ ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ခြင်းများ ပြုလုပ်သွား မည်ြဖစ်ကြောင်းသတင်း ရရှိသည်။ အဆိုပါ ရေအောက်ကေ ဘယ် အင်တာနက် ဆက်သွယ်မှု စနစ် တည်ရှိသည့် ကေဘယ် လမ်းကြောင်းတစ်လျှောက်တွင် ပါဝင်သည့် အာရ၊ှ ဥရောပမှ နိုင်ငံ များအပြင် ယင်းဆက်သွယ်မှု လမ်းကြောင်းနှင့် နီးစပ် ချိတ်ဆက်နိုင်သည့် အခြား နိုင်ငံများကပါ ပါ ဝင်ရင်းနှီး မြှုပ်နှံမှု ပြုလုပ်ထားသဖြင့်၆၄ နိုင်ငံအထိ ရှိလာရခြင်း ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ကေဘယ် လမ်းကြောင်း တစ်လျှောက်မှာရှိတဲ့ တိုက်ရိုက် ချိတ်ဆက်နိုင်တဲ့ နိုင်ငံပေါင်းက သုံးဆယ့်လေးနိုင်ငံပါ။ တိုက်ရိုက် ချိတ်ဆက် နိုင်တဲ့ နိုင်ငံ သုံးဆယ်ကျော် အပြင်ကို တခြားစိတ်ဝင် စားတဲ့ နိုင်ငံတွေကပါ ရင်းနှီးမြှုပ် နှံမှုအနေနဲ့ ဝင်လာ ကြတော့ နိုင်ငံ ပေါင်းက ခြောက်ဆယ် ကျော်လာ ရတာပါ ဟု အထက်ပါ တာဝန်ရှိ သူက ဆက်လက် ပြောသည်။
ယင်းကဲ့သို့ SE-ME-WE 3 ရေအောက်ကေဘယ် အင်တာနက် ဆက်သွယ်မှုစနစ် တည်ဆောက် မှုအတွက် နိုင်ငံများစွာမှ ရင်းနှီး မြှုပ်နှံ လာကြခြင်း၏ နောက်ဆက်တွဲတွင် သက်ဆိုင်ရာနိုင်ငံ တိုင်း၏ သတင်းအချက်အလက် နှင့် ဆက်သွယ်မှု မြန်နှုန်းများမှာ ပိုမို မြန်ဆန် လာမည်ဟု အထက် ပါလုပ်ငန်းမှ အခြားတာဝန်ရှိသူ တစ်ဦးကဆိုသည်။
မြန်မာနိုင်ငံတွင်မူ အဆိုပါ SE-ME-WE 3 ဆက်သွယ်မှုစနစ်သည် မကြာခဏ ဆိုသလို ပြတ်တောက်မှုများ ဖြစ်ပေါ် လေ့ရှိသည်။ ယင်း ရေအောက် ကေဘယ် ဆက်သွယ်မှု စနစ်သည် မြန်မာနိုင် ငံတွင် နောက်ဆုံးအကြိမ် ပြတ် တောက်မှုမှာ ပြီးခဲ့သည့် အောက် တိုဘာ ၁၄ ရက်မှ ၂၀ ရက်အထိ ဆက်တိုက် ပြတ်တောက်မှုဖြစ် ပေါ်ခဲ့သည်။
ထို့အပြင် ပြည်တွင်း၏ အင်တာနက် ဆက်သွယ်မှု စနစ်များသည်လည်း ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်ဆန်း ပိုင်း ကာလများမှ စတင်ကာ ယခုအချိန်အထိ အိမ်နီးချင်း နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ၏ ဆက်သွယ်မှု မြန်နှုန်းနှင့်ပင် မယှဉ် နို င်သေးကြောင်း အင်တာနက် သုံးစွဲသူအသိုင်းအဝိုင်းမှ သိရ သည်။
ယုဇနကိုကို











![Sunset at Eigerøy lighthouse [Explored #2] Sunset at Eigerøy lighthouse [Explored #2]](http://static.flickr.com/8279/8757495223_afedf58277_t.jpg)




