အမျိုးသမီးနှင့် အမျိုးသားများ အကြား လက်ထပ်ပေါင်းသင်းကြသည့် ဓမ္မတာ အိမ်ထောင်ရေးကိုသာ ထောက်ခံကြောင်း သမ္မတလောင်းဖြစ်သူ ရွမ်းနေး အကြီးအကျယ် ထောက်ခံ
အမေရိကန် ပြည်ထောင်စုတွင် ယခုနှစ်ကုန်၌ ဝင်ရောက်အရွေးခံမည့် ရီပတ်ဘလီကန်ပါတီ သမ္မတလောင်းဖြစ်သူ ရွမ်းနေး(Romney)သည် အမျိုးသမီးနှင့် အမျိုးသားများအကြား လက်ထပ် ပေါင်းသင်းကြသည့် ဓမ္မတာ အိမ်ထောင်ရေးကိုသာ ထောက်ခံကြောင်း လွန်ခဲ့သော အပတ် စနေနေ့က သမားရိုးကျဝါဒီ ခရစ်ယာန် တက္ကသိုလ်၌ ပြောကြားခဲ့ရာ လာရောက် နားထောင်ကြသည့် ပရိသတ် လူထုကြီးက အကြီးအကျယ် ထောက်ခံ အားပေး ခဲ့ကြသည်။
ယခုလက်ရှိ သမ္မတ အိုဘားမားက အမေရိကန် ပြည်ထောင်စုမှ လိင်တူချင်း တရားဝင် လက် ထပ်ပေါင်းသင်းသည့် ကိစ္စကို ထောက်ခံကြောင်း ပြီးခဲ့သည့်အပတ်က ပြောသွားခဲ့ပြီး ရက် ပိုင်းမှာပင် ယခုကဲ့သို့ ရီပတ်ဘလီကန် သမ္မတလောင်း၏ သဘောထား မှတ်ချက် မိန့်ခွန်းကို ပရိသတ် သုံးထောင်ကျော်က အကြီး အကျယ် ထောက်ခံခဲ့ကြကြောင်း သိရှိရသည်။
ပြည်နယ် ၆ ခုနှင့်အတူ ကိုလံဘီယာခရိုင်တို့တွင် လိင်တူအချင်းချင်း လက်ထပ်ခွင့်ရှိသည်ဟူသော အမေရိကန် သမ္မတ၏ ထောက်ခံမှုမှာ အငြင်းပွားစရာ တစ်ခုအဖြစ် ရောက်ရှိလာနေသည်။ ပြည်နယ် ၃ဝ တို့က ၄င်းကို တားဆီးခဲ့ကြသော်လည်း လိင်တူချင်း လက်ထပ်မှုကို ထောက်ခံမှု အရေအတွက်မှာ မထောက်ခံသူ အရေအတွက်ထက် အနည်းငယ် ပို၍များလာ နေသည်ဟု သတင်းများက ဖော်ပြကြသည်။
KLMA ,
Ref:Reuters
















