လေးမြို့မြစ် ရေအား လျှပ်စစ် စီမံကိန်းကို ရပ်တန့် ပေးပါ (ပေးစာ)
သို့
အယ်ဒီတာမှတဆင့်
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်
လေးမြို.မြစ်ရေအားလျှပ်စစ်စီမံကန်းကို ရပ်တန့်ပေးပါရန် မေတ္တာရပ် တောင်းခံခြင်း
ကျွန်တော်တို့ ရခိုင်ပြည်၌မြစ်ကြီးလေးသွယ် ရှိတဲ့ အထဲမှ အဉ္စနနဒီ (ခ) လေးမြို့မြစ်အား ပိတ်ဆို့ပြီး ရေအားလျှပ်စစ် စံမံကိန်းပြုလုပ်နေပါသည်။ ကျွန်တော်တို့သည် ၎င်းလေးမြို့မြစ်ရေဖြင့် သုံးစွဲချက်ပြုတ်ကြရပြီး၊ ၎င်းမြစ် ပတ်ဝန်းကျင်တွင်လည်း လယ်မြေ၊ ယာမြေ၊ ကိုင်းအစရှိသည်တို့ကိုပြုလုပ် ပြီး အသက်မွေးဝမ်းကျောင်းမှုကိုလုပ်ကိုင်ကာ စားသောက်နေရပါသည်။ ၎င်းမြစ်ထဲမှ သားငါးများကိုလည်း တစ်ဝမ်း တစ်ခါးအတွက် ၀မ်းစာဖူလုံရန် ရှာဖွေရောင်းချစားသောက်ပြီး အသက်မွေးဝမ်းကျောင်းမှုကိုပြုလုပ်နေရပါသည်။
အခုအချိန်တွင် နိုင်ငံတော်မှ လေးမြို့မြစ်ရေအား လျှပ်စစ်စီမံကိန်းကို မြစ်၏ အထက်ပိုင်းတွင် စက်ကြီးများဖြင့်တူးဆွခြင်း၊ အလုပ်လုပ်ခြင်း များကြောင့် မြစ်ရေများ ညစ်ညမ်းခြင်း၊ သုံးစွဲမရခြင်း၊ မြစ်ထဲမှာရှိတဲ့ ငါးများ မြစ်ရေညစ်ညမ်းမှုဖြင့် အလိုအလျောက်သေခြင်းများ ဆက်လက်ဖြစ်ပေါ် လျက်ရှိနေပါတယ်။
၎င်းအပြင် မြစ်ကမ်းနဘေးမှရွာများမှာလည်း ၎င်းလေးမြို့မြစ်ရကိုသုံးစွဲမိကြသဖြင့် ကျန်းမာရေးများလည်း ထိခိုက်လျက်ရှိနေကြပါတယ်။
၎င်းအပြင် ထိုလေးမြို့မြစ်၏ ဘေးဘယ်ညာ တစ်ဘက်တစ်ချက်တွင်လည်း မြစ်ကရေကို အမှီသဟဲပြု၍ လယ်မြေ၊ ကိုင်းကျွန်း အစရှိသည့် စိုက်ပျိုးမြေများလည်း နောင်တချိန်တွင် စိုက်ပျိုး စားသောက်၍ ရရှိမည့် နည်းလမ်းများလည်း အလွန်နည်းနေလျှက်ရှိနေပါတယ်။
မြစ်ရေကို အမှီပြု၍ လုပ်ကိုင်စားသောက်လျှက်ရှိနေကြသော ရွာပေါင်း ၁၀၀ နီးပါးမျှရှိနေပါတယ်။
အကယ်၍ ဒီလေးမြို့မြစ်စီမံကိန်းဖြစ်ပေါ်လာခဲ့လျှင် ကျွန်တော်တို့ရခိုင်ပြည်ရှိ လေးမြို့မြစ်ပတ်ဝန်းကျင်တွင် နေထိုင်လုပ်ကိုင်စား သောက်လျှက် ရှိကြသော ပြည်သူများမှာလည်း အလုပ်လက်မဲ့ဦးရေ ဒီထက်နှစ်ဆတိုးကာ ဆင်းရဲကျပ်တည်းမှုများစွာနဲ့ ရင်ဆိုင်ရမည့်အရေးနှင့် ကြုံကြိုက်နေရ ပါသောကြောင့် သနားညှာတာထောက်ထားစွာဖြင့် ဒီလေးမြို့မြစ် ရေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖေါ်နေမှုအား ရပ်တန့်ပေးပါရန် ရိုသေလေးစားစွာဖြင့် သမ္မတကြီး ဦးသိန်းစိန်အား မေတ္တာရပ်ခံတောင်းဆိုသမှုပြုလိုက်ရခြင်းဖြစ်ပါသည်။
တက်တိုးမောင် (မြောက်ဦးမြို့၊ ရခိုင်ပြည်နယ်)



















