အသုဘချပြီး ပြန်လာသော ယာဉ်တန်းများကို ဘင်္ဂလီ ကုလားရွာများမှ အကြမ်းဖက် တိုက်ခိုက်
(၈-၆-၂၀၁၂) ညနေ (၃)နာရီခန့်အချိန် စစ်တွေမြို့မှ မှန်စီသုသာန်သို့ အသုဘချပြီး ပြန်လာသော ယာဉ်တန်းများကို ကားလမ်းဘေးရှိ ဘင်္ဂလီ ကုလားရွာများမှ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဒါဏ်ရာရသူများ ရှိကြောင်းသိရှိရသည်။
ထိုအချိန်တွင် ကားပေါ်မှ အော်ဟစ်ဆူညံသံများကြားသောအခါ မင်းဂံကျေးရွာရှိ ရခိုင်အမျိုးသားများမှ ရွာပြင်ဖက်သို့ထွက်ကြည့်ရာတွင် ဘုမေကျေးရွာအုပ်စု ၀ါယာလိတ်ရွာနှင့် လက်သမားရွာရှိ အိစ္စလာမ်ဘာသာဝင် ကုလားများဝတ်ပြုရာ ဗလီအတွင်းမှာ လူနှစ်ရာခန့် ထွက်လာပြီး မင်းဂံ ရွာ အနီး ရထားလမ်းဘေးတွင် နေထိုင်သူ ဖော်ပြပါ ဓာတ်ပုံပါ ခြောက်ဦးအား လေးဂွ တုတ်ပုလင်းများ၊ ခဲများဖြင့် တိုက်ခိုက်မှုကြောင့် ဒါဏ်ရာ ရရှိပြီး နှစ်ဦးမှာ စစ်တွေဆေးရုံ၌ တက်ရောက်ကုသခံနေကြရကြောင်း သိရှိရပါသည်။
၎င်းနေ့ညနေ လေးနာရီခွဲအချိန်တွင် မှန်စီကျေးရွာ(ရခိုင်ရွာ)တွင် အိမ်ခြေ ၂၂ လုံးသာရှိပြီး ရခိုင် မိသားစုဝင်များ လုံခြုံမှုမရှီသောကြောင့် ကျေးရွာ တွင်မအိပ်ရဲဘဲ စစ်တွေမြို့အနီးရှိ မင်းဂံနှင့် ရွာသာယာကျေးရွာ များသို့ သွားရောက်ခိုလှုံနေထိုင်ကြရသည်။





















![Live (& learn) [Explored #8] Live (& learn) [Explored #8]](http://static.flickr.com/8406/8747311620_5891c8983f_t.jpg)
