အာဂျင်တီးနားတွင် အသစ်ထုတ် ပီဆို ၁၀၀ တန်၌ သမ္မတကတော်ဟောင်း အီဗီတာ၏ မျက်နှာပုံထည့်သွင်း၊ အနှစ် ၂၀၀ အတွင်း ငွေစက္ကူ၌ အမျိုးသမီးပုံကို ပထမဆုံးအကြိမ် ထည့်သွင်းခြင်းဖြစ်


အာဂျင်တီးနားသမ္မတ ခရစ္စတီးနားဖာနန်ဒက်ဇ်ဒီကာ့ခ်ျနာက ပီဆို ၁၀၀ တန်ကို ပြသနေစဉ် Photo:AFP

အာဂျင်တီးနားတွင် နိုင်ငံသုံး ငွေကြေးပီဆို ၁၀၀ တန်ထုတ်ဝေရာ၌ အာဂျင်တီးနား၏ လူသိများထင်ရှားသော သမ္မတကတော်ဟောင်းဖြစ်သည့် အီဗီတာ မျက်နှာပုံကို ထည့်သွင်းခဲ့ကြောင်း သိရသည်။

အမည်ပြောင် အီဗီတာဟု လူသိများသော အီဗာပီရွန်မှာ လာမည့်သီတင်းပတ်များအတွင်း ထုတ်ဝေမည့် ပီဆို ၁၀၀ တန်များတွင် ပါဝင်လာတော့ မည်ဖြစ်ကြောင်း အာဂျင်တီးနားသမ္မတ ခရစ္စတီးနားဖာနန်ဒက်ဇ် ဒီကာ့ခ်ျနာက ဇူလိုင်လ ၂၅ ရက်တွင် ကြေညာခဲ့သည်။

ယင်းသို့ ထည့်သွင်းရခြင်းမှာ အီဗာသည် ပြီးပြည့်စုံသူ သို့မဟုတ် သူတော်ကောင်းတစ်ဦးဖြစ်နေ၍ မဟုတ်ကြောင်း၊ သူ့ကို ကြီးမြတ်စေသော၊ မေ့ဖျောက် ရန် မစွမ်းနိုင်သော အရာမှာ အီဗာသည် ပြည်သူများအတွက် နှိမ့်ချမှုရှိပြီး ထောင်လွှားမှု မရှိသူတစ်ဦးဖြစ်၍ဖြစ်ကြောင်း ဖာနန်ဒက်ဇ်က ငွေစက္ကူသစ် ထုတ်ပြန်စဉ် ပြောကြားခဲ့သည်။

ယင်းမှာ အနှစ် ၂၀၀ အတွင်း အာဂျင်တီးနားငွေစက္ကူပေါ်၌ အမျိုးသမီးပုံကို ပထမဆုံး ထည့်သွင်းဖော်ပြမှုဖြစ်သည်။ အီဗာသည် ၁၉၄၆ ခုနှစ်မှ ၁၉၅၂ ခုနှစ်အထိ အာဂျင်တီးနားသမ္မတကတော်ဖြစ်ခဲ့ပြီး ဇူလိုင်လ ၂၄ ရက်မှာ အီဗာကွယ်လွန်ခြင်း အနှစ် ၆၀ ပြည့်ဖြစ်သည်။

သမ္မတကတော်ဖြစ်စဉ်က မာရီယာ အီဗာဒူအာတီဒီပီရွန်သည် ဆင်းရဲသား လူတန်းစား အခွင့်အရေးများ ရရှိရန်အတွက် ဦးဆောင်ကြိုးပမ်းခဲ့သူဖြစ်ပြီး လူမှုရေးဆိုင်ရာ စီမံကိန်းများ ပိုမိုပြုလုပ်ရန် တွန်းအားပေးခဲ့သူဖြစ်သည်။

ထို့ပြင် ရွေးကောက်ပွဲများတွင် အမျိုးသမီးများ မဲပေးခွင့်ရရန် တိုက်တွန်းခဲ့သည့် အတွက် နိုင်ငံရေးလောကနှင့် အစိုးရထိပ်ပိုင်း အဖွဲ့ဝင်များ၏ ဝေဖန်မှု ခံခဲ့ရသည်။ အီဗာမှာ လူအများစိတ်ဝင်စားမှုအား အာဂျင်တီးနားကို ကျော်လွန်၍ ရယူနိုင်ခဲ့ပြီး Andrew Lloyd Webber ၏ ၁၉၇၈ ခုနှစ်က ရိုက်ကူးခဲ့သော Evita ဂီတအသားပေးပြဇာတ်နှင့် ၁၉၉၆ ခုနှစ်တွင် ယင်းပြဇာတ်ကို သရုပ်ဆောင် မက်ဒေါနား၊ အန်တိုနီ ယိုဘန်ဒီရာစ်တို့ဖြင့် ရုပ်ရှင် ရိုက်ကူးခဲ့ပြီးနောက် လူကြိုက်များမှု တိုးမြှင့်ရရှိခဲ့သည်။

မကြာသေးမီ နှစ်များအတွင်း အီဗာကို လက်ရှိသမ္မတ ဖာနန်ဒက်ဇ်နှင့် နှိုင်းယှဉ်မှုများ ရှိခဲ့သည်။ ဖာနန်ဒက်ဇ်မှာသူ၏ခင်ပွန်း သမ္မတဟောင်း နက်စတာ ကာ့ခ်ျနာ သက်ရှိစဉ်က သမ္မတကတော်အဖြစ် လေးနှစ်ကြာ နေထိုင်ခဲ့ပြီး နက်စတာမှာ ၂၀၀၃ ခု နှစ်မှ ၂၀၀၇ ခုနှစ်အထိ သမ္မတဖြစ်ခဲ့ကာ ၂၀၁၀ ပြည့်နှစ်တွင် သေဆုံးခဲ့သည်။

အီဗာနှင့် ကာ့ခ်ျနှစ်ဦးလုံးမှာ သမ္မတကတော်များဖြစ်ခြင်း၊ ခင်ပွန်းတို့၏ လွှမ်းမိုးမှုကို အသုံးချ၍ အစိုးရအပေါ် သြဇာလွှမ်းမိုးခဲ့သည်ဟု စွပ်စွဲခံရခြင်း၊ ယင်းနှစ်ဦးစလုံးကို ပြည်သူများက ချစ်ခင်နှစ်သက်ပြီး လူကြိုက်များခြင်း၊ သြဇာကြီးသူများ၏ အတိုက်အခံ ပြုလုပ်မှုများကို ခံခဲ့ရခြင်းတို့ စသည့် တူညီသောအခြေအနေများ ပိုင်ဆိုင်ကြကြောင်း ဂျာနယ်လစ်နှင့်သမိုင်းပညာရှင် Araceli Bellota က သုံးသပ်ခဲ့သည်။

Ref:CNN

About these ads

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.

%d bloggers like this: