သက်ဆင်၊ အင်ဝါ နှင့် ဟော်တာ
လူတစ်ယောက်က လုပ်ကြံသတ်ဖြတ်ခြင်းမှ အသက်ရှင်ရုံလောက ရှင်သန်လာခဲ့တယ်။ နောက်တစ်ယောက်က ပြင်းပြတဲ့ ရိုက်နှက် ချက်တွေနဲ့ မဟုတ် မမှန် တရားစွဲဆိုခံရပြီး ထောင် ၆ နှစ်ချခံခဲ့ရတယ်။ တတိယ တစ်ယောက်ကတော့ စစ်တပ်မှအာဏာကို သိမ်းယူပြီး ရာထူးကနေ ဖြုတ်ချခံ လိုက်ရတယ်။ ဘာကြောင့်လဲဆိုတော့ သူကို အတိုက်အခံတွေက ဒီမိုကရေစီ နည်းလမ်းတကျ မတိုက်ခိုက်နိုင်ခဲ့ တဲ့အတွက်ပါ။
အဲဒီသုံးယောက်က အရှေ့တိန်မောနိုင်ငံရဲ့ သမ္မတဟောင်း Jose Ramos-Horta ၊ မလေးရှား အတိုက်အခံ ခေါင်းဆောင် Anwar Ibrahim နှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra တို့ဖြစ်ပါတယ်။
သူတို့ဟာ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ “ရင်ကြားစေ့ရေးအပေါ် မဟာဗျုဟာ ပြန်လည်သုံးသပ်ခြင်း တွေ့ဆုံပွဲ” စင်မြင့်ပေါ်မှာ အတူတကွ ပေါ် လာကြ တာပါ။ အဲဒါကို ဂျာကာတာ မှ အပတ်စဉ် ထုတ်ဝေတဲ့ အတွေးအခေါ်နှင့် မှုဝါဒဆိုင်ရာ ဂျာနယ်မှာ ဖေါ်ပြပါတယ်။ စာရေးသူက ဒီ မဟာ ဗျူဟာ ပြန်လည်သုံးသတ်ရေး အခမ်းအနားကို တက်ရောက်ခွင့်ရပြီး ထိုခေါင်းဆောင် သုံးယောက်နဲ့ တွေ့ရလို့ ၀မ်းသာ ပါတယ်။
အဲဒီ တွေ့ဆုံ ဆွေးနွေးပွဲက အင်္ဂါနေ့မှာဖြစ်ပါတယ်။ အခမ်းအနားကို အင်ဒိုနီးရှား သမ္မတ Susilo Bambang Yudhoyono, က အဖွင့် မိန့်ခွန်း စကား ပြောကြားခဲ့ပါတယ်။ ဖိတ်ကြားခြင်းခံရတဲ့ ခေါင်းဆောင်သုံးယောက်က သူတို့ရဲ့ ရင်ထဲမှာရှိတဲ့ စကားတွေကို ပွင့်ပွင့် လင်းလင်း ပြောကြားနေချိန် မှာတော့ ဓါတ်ပုံရိုက်ချက်တွေကတော့ တော်တော်ကို ပြင်းထန်ပါတယ်။ ထို သုံးယောက်ထဲမှ နှစ်ယောက်ကတော့ အခုအချိန်အထိ အိမ်မပြန်နိုင်ကြသေး ပါဘူး။ ထိုလူနှစ်ယောက်က Thaksin နှင့် Anwar တို့ဖြစ်ပါတယ်။
အမှန်တကယ်အားဖြင့် ဒါတွေဟာ နိုင်ငံရေး ဇာတ်ခုံ အလွန်မြင့်တက်လာတဲ့ အတွက်ပါ။ များပြားလှတဲ့ လိင်ပိုင်းဆိုင်ရာ မဟုတ်မမှန် တရားစွဲ ဆိုခြင်းတွေ အပေါ်မှာ ချက်ချင်းဆိုသလို ကြီးမားလေးလံတဲ့ ၀န်ထုတ်ဝန်ပိုးကြီးတွေ တရားရုံးတော်သို့ ရောက်ရှိလာပါတယ်။ ဒီနှစ်အကုန်မှာ ကျင်းပ မယ့် အထွေထွေ ရွေးကောက်ပွဲမှာ မလေးရှားနိုင်ငံ လွတ်လပ်ရေး ရရှိပြီးကတည်းက ဖွဲ့စည်းအုပ်ချုပ်နေတဲ့ မဟာမိတ် အင်အားစုတွေကို ဖြုတ်ချဖို့ အတွက် Anwar ရဲ့ရှေးဆက် ကြိုးစားမှုက ရှိနေဆဲပါ။
ဘီလျံနာ သဋ္ဌေးကြီး သက်ဆင်က သူရဲ့ ငွေကြေးတွေကို လောင်းကစားရုံတွေမှာ ထည့်သွင်း လောင်းစကားလာပါတယ်။ ခက်ထန် မာကြောတဲ့ စစ်တပ် အတွင်း သြဇာအရှိဆုံး အတိုက်အခံတွေနှင့် နိုင်ငံရေး အခင်းအကျင်းတွေ လုပ်နေချိန်မှာ သူတနေ့ ထိုင်းနိုင်ငံကို ပြန်လာနိုင်မယ်လို့ လက်ရှိ ၀န်ကြီးချုပ် သူ့ညီမဖြစ်သူနှင့် အလောင်းအစား လုပ်နေ ပါသေးတယ်။
သို့သော်လည်း Horta အပါအ၀င် ထိုလူသုံးယောက်လုံးက ခွင့်လွတ်ခြင်းဆိုတဲ့ စကားလုံးကို Jakarta မြို့သို့ ယူဆောင် လာခဲ့ကြ ပါတယ်။ Anwar ရဲ့ အင်ဒိုနီးရှား အတွက် ဂုဏ်ပြုချီးမြောက် ပြောခဲ့တဲ့စကားက ခွန်အားရှိလှပါတယ်။ “ အတိတ်က ၀န်ထုတ်ဝန်ပိုးကြီးက အခုအချိန်မှာ လေးလေး ပင်ပင် မဖြစ်စေချင်ပါဘူး” လို့ပြောကြားခဲ့တယ်။ လက်စားချေခြင်းကိုလည်း အပြင်းအထန် ချေပ ပြောဆိုခဲ့တဲ့ အပြင် မလေးရှားနိုင်ငံ အတွက်လည်း ရိုးသားပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်လာနိုင်ဖို့ ရင်ကြားစေ့ရေး လမ်းကြောင်းကို လျှောက်လှမ်းနိုင်စေရန် သဘောထားတွေ တောင်းဆိုခဲ့ ပါတယ်။
“ခွင့်လွတ်ခြင်းတစ်ခုတည်းကို ကျွန်တော်တတ်နိုင်ပါတယ်” လို့ စင်မြင်ပေါ်မှာ Anwar ကပြောပါတယ်။ ဒါတွေကို ဆက်ပြီး လုပ်ဆောင် နေ ဖို့ပါ။ မေ့ပျောက်ဖို့မဟုတ်ပါဘူး၊ သို့သော် ပြန်ပြီးလုပ်ဆောင်ဖို့ လိုပါတယ်။ “ တကယ်လို့ မင်းဟာ ဒီမိုကရေစီဖြစ်ပေါ် လာဖို့ အတွက် ပြစ် မှုတွေ ကျူးလွန်လို့ ရှိနေတယ် ဆိုရင် မင်းအတွက် ပြစ်ဒဏ်ခတ်ဖိုက အချိန်မဆိုင်းတော့ပါ။”
သက်ဆင် ပြောကြားခဲ့တာကတော့ “သူရဲ့တိုင်းပြည်အတွင်း နိုင်ငံရေး အကျပ်အတည်းတွေ ဖြစ်ပေါ်နေတဲ့ အချိန်မှာ အေးချမ်းမှုအတွက် လက်ချင်းဆက်နိုင်ဖို့က လိုအပ်ပါတယ်။ ကျွန်တော် ထင်တာက ကျွန်တော်တို့အတွက် အမှန်တရားက လိုအပ်ပါတယ်။ သို့သော် ထိုအမှန် တရားက နောင်တွင် ပြဿနာဖြစ်ဖို့အတွက် ဦးမတည်သင့်ပါဘူး။ ကျွန်တော်တို့တွေ သင်ယူလေ့လာရမှာကတော့ ကျွန်တော်တို့ရဲ့ အတိတ်က ကျရှုံးမှုတွေကိုပါ။ သို့သော် ဒါတွေကို ကျွန်တော်တို့ တတွေ ဆက်လက် လုပ်ယူရ ပါမယ်။”
Ramos-Horta ရဲ့ အကောင်းဆုံး ဥပမာ က -
ထိုလူနှစ်ယောက် ပြောကြားခဲ့တဲ့ အကြောင်းအရာတွေကို သူတို့မလုပ်ခင် ကတည်းက သူ အမှန်တကယ် လုပ်ပြီးပါပြီ။ ၂၀၀၈ ခုနှစ် သူ သမ္မတ ရာထူး ယူထားချိန် သူ့ကို တိုက်ခိုက်ခဲ့တဲ့ သူတွေကို ခွင့်လွတ်ခဲ့တယ်။ ၁၉၉၀ ခုနှစ်လွန် အချိန်က သူ လုပ်ဆောင်နိုင်ခဲ့တာက လွတ်လပ်ပြီး တရားမျှတ တဲ့ ပြည်သူ့ဆန္ဒ ဖော်ထုတ်ပွဲနှင့် အင်ဒိုနီးရှား စစ်တပ်ရဲ့ သွေးမြေကျစေမှုကို လျော့ချနိုင်ခဲ့ပါတယ်။ အရှေ့ တိန်မော မှာ ရာဇ၀တ်မှု ကျူးလွန်ခြင်းတွင် ပါဝင်ပတ်သက်သူတွေကို အပြစ်ပေး အရေးယူဆောင်ရွက် စစ်ဆေးနိုင်ဖို့ နိုင်ငံတကာ တရားရုံးသို့ တောင်းဆိုနေခြင်းကို သူနှင့် သီးခြားလွတ်လပ်တဲ့ တိုက်ခိုက်ရေးသမား Xanana Gusmao က အင်ဒိုနီးရှားနှင့်အတူ ငြိမ်းချမ်း ရေးကို ပထမ ဆုံးအနေဖြင့် ကြိုတင်ဆောင်ရွက် နိုင်ခဲ့တယ်။
“ လွန်ခဲ့ တဲ့ ၁၀ နှစ် ခန့်က ကျွန်တော်ပြောခဲ့ပါတယ်။ အင်ဒိုနီးရှား လူမျိုး တစ်မျိုးတည်းသာရှိလိမ့်မယ်လို့….. ဒီလူမျိုးတွေဟာ သူတို့ရဲ့ ၀ိဥာဏ်နှင့် ပြဿနာတွေ အပေါ်မှာ ဖြေရှင်းဖို့ ရှာကြမှာပါ” ထပ်ဆင့် သူပြော သွားတာက သူကြိုက်တာက တရားမျှတမှုကို ပြန်လည်အသက် သွင်းဖို့ ဖြစ်ပါတယ်။ တခါတရံမှာ ကျွန်တော်တို့တွေဟာ ဒီအတွေးအခေါ် အယူအဆတွေကို ၀ါးမျိုနိုင်ရပါမယ် ဒါတွေဟာ တရားသော နည်းဖြင့် ဒဏ်ခတ် အပြစ်ပေးခြင်း အတွက် ပါဘဲ။
ပုံမှန်အားဖြင့် နိုင်ငံအပြင်ဘက်မှာ ရှိသူတွေက အရှေတောင် အာရှအတွင်း တည်ငြိမ်မှု မရှိတာတွေကို ကသိကအောင့်ဖြစ်အောင် လုပ်ဆောင်ကြပါ တယ်။ မှတ်တမ်း မှတ်ရာတွေပြုစု ရေးသားကြပြီးတော့ ပြဿနာ တစ်ခုလုံးကို ပိုပြီးနက်ရှိုင်းစေပါတယ်။ သို့သော် ရင်ကြားစေ့ရေး လမ်းကြောင်း၏ လုပ်ဆောင်မှု အဓိပ္ပာယ်ကိုလည်း အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ ဒီနေ့ အင်ဒိုနီးရှားနိုင်ငံဟာ ပိုပြီး အကောင်းဆုံး ဖြစ်လာနိုင်ပါ့မလား။ အကယ်၍ အဲဒီ နိုင်ငံရဲ့ ခေတ်သစ် အချိန်အခါ သမယ မှာ စွမ်းရည်ပြည့်ဝတဲ့ ကြိုးစားအားထုတ်မှု တွေဟာ ခေတ်ဟောင်းမှ အခြေအနေတွေကို ကျော်လွှားနိုင် ပါ့မလား…..။ ဒါတွေဟာ တူညီမှုမရှိနိုင်ပါ။ အဲဒီမှာ တူညီမှု ရှိတာက မြန်မာ နိုင်ငံအတွင်း ကြီးမားတဲ့ အုပ်ချုပ်မှု ဖရိုဖရဲမှုဖြစ်ခဲ့တဲ့ အတွက် နှစ်ရှည်လများ အုပ်ချုပ်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေကို အမျက်ဒေါသထွက်တိုက်ခိုက်ခြင်းတွေကို လျော့ချသင့်ပါပြီ။ ဘာကြောင့်လဲဆိုတော့ ဒါတွေကို အောင်ဆန်း စုကြည်ရဲ့ အာမခံချက်နှင့် နှစ်ဦးနှစ်ဘက် အဆင်ပြေ ချောမွေ့ရေးအတွက် ရှေးတိုး ဆောင်ရွက်နေခြင်းကြောင့် ဖြစ်ပါတယ်။
ကျွန်တော် မျှော်လင့်တာက ဒီ ခွင့်လွတ်ခြင်းနှင့် ဖြေကြားချက် သတင်းကို ဖော်ပြပေးခဲ့တာဟာ မလေးရှားနှင့် ထိုင်းနိုင်ငံ နှစ်နိုင်ငံလုံးက ဒီအပတ် ဂျာကာတာမြို့ရဲ့ စင်မြင့်ပေါ်မှ ဖော်ပြချက်တွေကို အမှတ် ရနိုင်ဖို့ အတွက် ဖြစ်ပါတယ်။ ပြီးရင် Thaksin နှင့် Anwar တို့ရဲ့ စကားက သက်သေ ခံနေတာကတော့ သူတို့ စွမ်းရည်ကို မြင့်တင့်သင့်တယ် ဆိုတဲ့ အချက်ပါဘဲ။
အရှေ့တိန်မောမှာ ဒါတွေဟာ လုပ်ဆောင်ပြီးပါပြီ။ ဒါတွေကို မြန်မာပြည်မှာ ဖော်ဆောင်ဖို့အတွက် စတင်နေပါပြီ။ အင်ဒိုနီးရှား သမ္မတ Yudho yono က တွေ့ဆုံဆွေးနွေးပွဲ အတွင်းမှာ ပြောသွားတာက “ကျွန်တော်တို့တွေဟာ ကျွန်တ်ာတို့ရဲ့ လူ့အသိုင်းအ၀ိုင်းမှ မှန်းတီး ခြင်းဆိုတဲ့ ကင်ဆာ (မြစ်ပွားနာ) အစေ့နဲ့ တူတဲ့ ပြဿနာကို ငြိမ်းချမ်းခြင်းနှင့် မျှော်လင့်ခြင်းဆိုတဲ့ အစေ့ဖြင့် မကုသနိုင်ရင် ကျွန်တော်တို့ လူ့ အသိုင်းအ၀ိုင်းမှာ ငြိမ်းချမ်းမှုမရှိ၊ လွတ်လပ်မှုမရှိ၊ တည်ငြိမ်မှုရှိ ဖြစ်နေမှာ အမှန်ပါဘဲ။”
Thaksin, Anwar & Horta—Reason Over Revenge
ဆောင်းပါး ဘာသာပြန် (မြတ်နိုင်)

















