ထားခဲ့ပါ။………………


တခါက ဂျပန်ဘုန်းတော်ကြီးနှစ်ပါး ခရီးထွက်လာကြတယ်။ တောအုပ်တစ်ခုကိုအဖြတ် လမ်းမှာ ရေတော်တော်နက်တဲ့ ချောင်းနား အရောက် ခြေထောက် ကျိုးနေတဲ့ကလေးမ တစ်ယောက်ထိုင်နေတာတွေ့ရသတဲ့။ အဲဒါနဲ့ဘုန်းတော်ကြီးနှစ်ပါးက “ကလေးမ ဘာလို့ထိုင်နေတာလဲ ဘာအကူအညီပေးရမလဲ” ဆိုတော့ ကလေးမလေးက “ဒီချောင်းကို ကျွန်မ ဖြတ်မကူးနိုင်လို့ ကူညီမယ့်လူထိုင်စောင့်နေတာပါ”လို့ ပြောတယ်တဲ့။

ဖြတ်ကူးစရာတံတားကလည်း မရှိသလို ရေကလည်းရေစီးသန်ပါတယ်။ အဲဒါနဲ့ ဘုန်းတော်ကြီးနှစ်ပါးက ချီတုံချတုံဖြစ်နေတုန်း တစ်ပါးက “ကဲကလေးမ ငါနင့်ကို ချီပြီးပို့ပေးမယ်” လို့ပြောပါတယ်။ အဲဒီအချိန်မှာဒုတိယဘုန်းကြီးက ပထမဘုန်းကြီးကို  သဘောမကျဘူးပေါ့လေ။ ဘာမှတော့ဝင်မပြောဘူး။ ပြီးတော့ အဲဒီကလေးမကို ချီပြီး ဟိုဘက်ကမ်းကိုပို့လိုက်တယ်။ ကလေးမလေးလည်း နှုတ်ဆက်ပြီးသူ့လမ်းသူဆက်သွားတယ်တဲ့။ အဲဒီမှာ ဒုတိယ ဘုန်းကြီးက ပထမဘုန်းကြီးကို တစ်လမ်းလုံးတဖျစ်တောက်တောက်နဲ့ အပြစ်တင်တော့တာပါပဲ။ ၀ိနည်းနဲ့ မညီဘူး။ ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့လေ။ တော်တော်ကြာတဲ့အထိမပြီး ဘူး။ အဲဒါနဲ့ ပထမဘုန်းကြီးက ဒုတိယဘုန်းကြီးကို တစ်ခွန်းထဲပြောလိုက်ပါတယ်။ “ကျုပ်က ကလေးမကို ကမ်းစပ်မှာ ကျန်ခဲ့ပြီထင်တာ အခုတော့ ကလေးမက အရှင့်ပခုံးပေါ်မှာ ပါလာတာပါလား” လို့ပြောလိုက်တယ်တဲ့။ ဒုတိယ ဘုန်းကြီးလည်းသေချာစဉ်းစားပြီးတော့ သဘောပေါက်သွားတယ်တဲ့။ ဘာမှဆက်ပြီးအပြစ်မတင်တော့ဘူးတဲ့

ပုံပြင်ကတော့ဒါပါပဲ။

ကျွန်မအမြင်ကတော့ဒီပုံပြင်က ဘာကို ဆိုလိုချင်လဲဆိုရင်-

၁။ မလုပ်မဖြစ်လုပ်လိုက်ရတဲ့ အလုပ်တစ်ခုကို နောင်တ မရစေချင်ဘူး။

၂။ လူတိုင်းက သွားရာလမ်းမတူဘူး။ အဲဒီအတွက် တွေးခေါ်ပုံ၊ စဉ်းစားပုံ လုပ်ကိုင်ဆောင်ရွက်ပုံလည်းမတူဘူး။ တချို့ကိစ္စတွေကို ထားခဲ့သင့် တဲ့အချိန်မှာထားခဲ့လိုက်တာအကောင်းဆုံးပါပဲ။ အချိန်တန်တော့လည်း ကိုယ့်လမ်းကိုယ်သွားပေါ့

၃။ အဲဒီလိုမှ မထားခဲ့နိုင်ဘူး၊ တစ်ချိန်လုံးထမ်းပိုးထားရမယ်ဆိုရင် လေးပင်နေမှာဖြစ်လို့ ပင်ပန်းပါလိမ့်မယ်။ ပင်ပန်းတဲ့လူက ရှုံးရစမြဲပါပဲ။

ဒီပုံပြင်ကို ဖတ်ပြီးကတည်းက ကျွန်မ တစ်ယောက်ယောက်ကို မကျေနပ်ဖြစ်မယ်ဆိုရင်တောင်မေ့ပစ်နိုင်ဖို့ကြိုးစားပါတယ်။ အဲဒီလူကို ကိုယ့်ပခုံးပေါ်မှာ ထမ်းထားရမှာ ပင်ပန်းလွန်းလို့။ပြီးတော့ မေတ္တာနဲ့ခွင့်လွှတ်နိုင်အောင်ကြိုးစားပါတယ်။ ကျွန်မခံယူချက်ကတော့ မတတ်သာလို့ ရှုံးရမယ်ဆိုရင်တောင် တစ်ခါပဲရှုံးချင်တယ်။ ပြီးတော့အဲဒီအရှုံးကိုအရင်းပြုပြီး အမြတ်ကိုကောင်းကောင်းရှာတယ်။

အဲလိုပဲဒီပုံပြင်ဖတ်ပြီးမတူညီတဲ့အမြင်ရှိရင်ဖြစ်ဖြစ်၊ ဒါမှမဟုတ် ထပ်ဖြည့်ပေးချင်တယ်ဆိုရင်ဖြစ်ဖြစ် ထပ်မံပြီးဖြည့်စွက်ပေးကြပါ။

မေတ္တာဖြင့်

sWE  zIN pHYOE (5th July 2011 – 10:27pm

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: