စာသင်ကျောင်းများတွင် ရောင်းချလျက် ရှိသော မုန့်မျိုးစုံနှင့် အသားကင်များအား FDA မှ ယခုလအတွင်း၌ စတင် စစ်ဆေးမည်


4146

နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များနှင့် အခြားမြို့များရှိ စာသင်ကျောင်းများတွင် ရောင်းချ လျက်ရှိသော မုန့်မျိုးစုံနှင့်အသားကင်များကို FDA မှ ဇူလိုင်လ ပထမပတ်တွင် စတင်စစ်ဆေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

စားသုံးရန်သင့်၊ မသင့်၊ ဆိုးဆေး၊ သက်တမ်းလွန်၊ မလွန် စသည်ဖြင့် ကျောင်းသားကျောင်းသူများ စားသုံးရာတွင် ဘေးဥပဒ်ကင်း ရှင်းမှုရှိ၊ မရှိကို အဓိကထား စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

“စာသင်ကျောင်းတွေမှာရှိတဲ့ စားသောက်ဆိုင်တန်းတွေမှာ ရောင်းချနေတဲ့မုန့်တွေနဲ့ အသားကင်တွေကို စစ်ဆေးသွားမှာပါ။ သက်တမ်းလွန်ပစ္စည်းတွေ ရောင်းချမှုရှိ မရှိအပြင် စားသောက်ဆိုင်တန်းရဲ့သန့်ရှင်းမှုနဲ့ အသားကင်တွေက စားသုံးဖို့ သင့်မသင့်ကိုပါစစ်မယ်။ အန္တရာယ် ကင်းရှင်းမှုရှိ၊ မရှိကို စစ်ဆေးရုံနဲ့မပြီးဘူး။ တကယ်လို့ သတ်မှတ်ချက်နဲ့ မညီညွတ်တာတွေ တွေ့ရှိရင် အရေးယူရမှာလေ။ အရေးယူတဲ့အခါမှာတော့ သက်ဆိုင်ရာ မြို့တော်စည်ပင်နဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားမှာပါ” ဟု မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောပြခဲ့သည်။

လက်ရှိတွင် ပြင်ပဈေးကွက်များ အတွင်းမှ စားသောက်ကုန်မျိုးစုံကိုသာ စစ်ဆေးလျက်ရှိပြီး စာသင်ကျောင်းများ သီးသန့်အစီအစဉ် ရေးဆွဲစစ်ဆေးခြင်းမျိုးမရှိခဲ့ဟု သိရသည်။

ယခင်လပိုင်းများအတွင်း ရေသန့်အပါအ၀င် စားသောက်ကုန်များ၊ အမှုန့်များအား ဈေးကွက်မှ ကောက်ယူစစ်ဆေးခဲ့ရာ ရေသန့်အမျိုးပေါင်း ၃၀ ကျော်နှင့် အမှုန့်၊ ငါးပိများမှာ ကိုက်ညီမှုမရှိ၍ အရေးယူခြင်း၊ ပြန်လည်ပြုပြင် ထုတ်လုပ်စေရန် ညွှန်ကြားခြင်းများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: