အမေရိကန်လွတ်လပ်ရေးနေ့နှင့် ကဏန်းတွင်းလေးများ


July 4, အမေရိကန် လွတ်လပ်ရေးနေ့။ သက္ကရာဇ် 1776 ခုနှစ် ဗြိတိသျှ ထံမှ လွတ်လပ်ရေးခဲ့သည်။ လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလတုံးက သူတို့ တွေစစ်ဖြစ်ကြပုံများကို ပန်းချီ။ဓါတ်ပုံ၊အထောက်အထားရုပ်ရှင် များမှာ တွေ့ရသည်မှာ– တဖက်နှင့်တဖက် စစ်ဆိုင်ထားကြပြီဆိုလျှင် အမြောက်တွေမှာ ထန်းသီးလုံးခန့်ရှိသော အမြောက်ဆန်များကို တခုချင်းစီ ထည့်သွင်းပြီးစတင်ပြစ်ခတ်ကြသည်။

ထိုနောက် ယမ်းတောင့်ဖြင့်ထည့်ထောင်းပြီး တချက်ခြင်း ပစ်ခတ်ရသော သေနတ်များဖြင့် ပစ်ကြတော့သည်။ နောက်ဆုံး တမိုင်လောက်ရှိသော လူတန်းကြီးက တလှမ်းခြင်း ရှေ့သို့ချီတက်လာပြီး သေနတ်ထိပ် တွင်တပ်ထားသော လှံစွမ်များဖြင့် အသေအလဲထိုးသတ်ကြတော့သည်။

၎င်းမြင်ကွင်းတွေကိုမြင်ရသည်မှာ ရက်စက်ကြသည်၊ မကြောက်မရွံ သတ္တိရှိရှိ ဘာကြောင့်ဒီလိုတိုက်ခိုက်နေကြတာလည်းဟူ၍ အကြိမ်ကြိမ်စဉ်းစားမိ သည်။ အမေရိကန်နိုင်ငံရေးသမား Patrick Henry (May 29, 1736 – June 6, 1799) ၏ ကမ္ဘာကျော်မိန်ခွန်းဖြစ်သော  “Give me Liberty, or Give me Death!”ကိုတွေ့လိုက်မှကောင်းကောင်းသဘောပေါက်သွားတော့သည်။

တမြို့တည်းနေကြပေမယ့် မတွေ့တာကြာပြီဖြစ်သော ရခိုင်တိုင်းရင်းသား မိတ်ဆွေသုံးယောက်နှင့် ပင်လယ်ကမ်းခြေ သွားကြဖို့ချိန်းဆိုထားကြသည်။ တနာရီခန့်ကားမောင်းသွားသောအခါ အတိန်လန်တိဒ်သမုဒ္ဒရာကမ်းခြေသို့ရောက်သွားကြသည်။ ကမ်းခြေတိုင်း လူတွေအများအပြားရှိနေကြသည်။ မြို့ပေါ်မှလူတွေ ရှိမှရှိသေးရဲ့လားတောင်ထင်ရသည်။ ထို့ကြောင့် ကျနော်တို့လည်း ငါလည်းဖမ်းနိုင်၊လူလည်းသိပ်မရှုပ်သော ချောင်းသွယ်လေးတခုကို ရွေးချယ်လိုက်သည်။ ကျနော်တို့ကမ်းခြေအတိုင်း ဆင်းလျှောက်သွားစဉ် မြင်လိုက်ရသော မြင်ကွင်းကြောင့် အားလုံးပျော်ရွင်သွားကြသည်။

ကဏန်းပေါက်ကလေးများ လက်သန်းဖျားအရွယ်မှ လက်မလောက်အရွယ်ထိ ကဏန်းများ ၂၀၀ ခန့်မှာ ကျနော်တို့လျှေက်လာသောကြောင့် လန့်ဖြန့် ကာ တွင်းပေါက်ကလေးများအတွင်းသို့ ထွက်ပြေးဝင်ရောက်သွားကြသည်။သူငယ်ချင်းတွေ နေရာခွဲပြီး ငါးဖမ်းထွက်သွားကြတော့၊ ကျနော်တယောက် တည်းကမ်းခြေမှာ ကျန်ခဲ့သည်။ ငြိမ်ငြိမ်သက်သက် ထိုင်နေစဉ် အနီးနားတ၀ိုက်တွင် ကဏန်းများမှာ တွင်းပေါက်တိုင်းတွင် ၀င်လိုက်ထွက်လိုက်နှင့် အလုပ်ရှုပ်နေကြသည်။ သေသေချာကြည်လိုက်သောအခါ သူတို့နှင့်အတူ ရွံခဲလေးများသယ်လာပြီး တွင်းပေါက်အပြင်သို့စွန့်ပြစ်ကြသည်။

ကဏန်းလေးတွေ လှုပ်ရှားပုံကိုကြည့်ပြီးအတွေးများလည်း ဆက်တိုက်ဆိုသလို တွေးမိလာသည်။ ကဏန်းတွင်းပေါက်များ မပိတ်မဆို့ရလေအောင် ရွံခဲလေးများကို တွင်းအပြင်ကို သယ်ထုတ်ကြခြင်းဖြစ်နိုင်သလို အကြောင်းအမျိုးမျိုးအန္တရယ် ကြုံလာသော် တွင်းပေါက်ကလေးများဆီသို့ အလွယ်တကူ ပြေးဝင်းပုန်းအောင်းနေနိုင်အောင်လည်း ဖြစ်နိုင်သည်။ကျနော်တို့ကမ်းခြေသို့လျှောက်လာကြသောအခါ ဒီလောက်များသော ကဏန်းများ တွင်းပေါက် များရှိရာသို့လျှင်မြန်စွာဝင်ရောက်ပျောက်ကွယ်သွားကြသည်။ သူတို့ တူးသော၊ရှင်းလင်းသော ကဏန်းတွင်းများမှ သူတွင်း၊ငါတွင်းဆိုပြီး မတွက်ကပ် ကြပါလားဆိုတာတွေးမိပြီ၊ထိုကဏန်းလေးများကိုလေးစားသွားသည်။

“ငါးမိပြီဟေ”့  ဆိုပြီးလှမ်းအော်လိုက်သော သူငယ်ချင်းတွေ အသံကြားမှ အတွေးစကိုဖြတ်၊ သူတို့ဆီကိုခြေလှမ်းလိုက်သည်။

နေစောင်းမှကျနော်တို့လည်းပြန်လာကြသည်။ ကားထဲမှာမြန်မာပြည်၏ လက်ရှိအခြေအနေနှင့် ကမ္ဘာ့ရေးရာအကြောင်းအရာများကို ကြီးကြီးကျယ် ကျယ် ပြောဖြစ်ကြသည်။ ဆားငံရည်ထိတွေ့ထားသောကြောင့် ကျနော်တို့အားလုံးအိမ်ငိုက်ချင်သလိုလို ဖြစ်နေကြသည်။ စကားဆက် မပြောကြတော့ ကက်ဆက်မှလာသော ထူးအိမ်သင် သီချင်းကိုနားစွင့်လိုက်ကြသည်။ “နုတ်ဆက်လိုက်ဖို့ အားတင်းထားရင်း ပါးပြင်ပေါ်မှာ မျက်ရည်တွေ ဟာ အချိန်နာရီ တွေပေါ်ကိုကျော်လွန် ရေလိုဖြတ်ပြီး စီးဆင်းနေစဲxxx—။”

ထိုနေ့ကမှတ်မှတ်ရရ ငါးလေးတကောင်ဖမ်းမိသည်။ ကျနော်တို့လက်ကိုမကိုက်ပေမယ့် သူကိုရေထဲပြန်လွတ်ပေးလိုက်တယ်။ဒါမှ သူလည်းလွတ်လပ်သွားမှာ—-။         ။

အောင်မြင့်သန်း

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: