အရစ်ကျ ဖုန်း


တတိယ အကြိမ် မြောက် ချိန်းဆို ထားသည့် လှည်းတန်း မှတ်တိုင် အနီးရှိ မစ္စတာ ဘရောင်း ကော်ဖီဆိုင် အတွင်း သူမရောက် ရှိနေ သည်မှာ အချိန်နှစ်နာရီနီးပါး ရှိနေပြီဖြစ်သည်။ ယခု တစ်ကြိမ် တွင်တော့ သူမ အလွန်ပင် ပိုင်ဆိုင်ချင်သည့် အရာ တစ်ခု အမှန်တကယ်ရရှိတော့ မည်ဟု တစ်ထစ်ချ ယုံကြည်နေခဲ့ မိသည်။

သို့သော် ချိန်းဆိုထားသူ တစ် ဦးကို စောင့်နေရ သည့် အချိန်မှာ မိနစ်သုံးဆယ်မှ တစ်နာရီ၊ တစ်နာ ရီမှ နှစ်နာရီနီးပါး ကြာမြင့်လာ သည့် အချိန်တွင်မူဆိုင်အနီးရှိ အ များပြည်သူ သုံးတယ်လီဖုန်းဆိုင် တစ်ခုသို့ အပြေးထွက် ကာနံပါတ် ကိုးလုံးရှိ ဂျီအက်စ်အမ် ဖုန်းနံပါတ် တစ်ခုကို ထပ်ခါထပ်ခါ နှိပ်မိနေ သည်။ မည်သို့ပင် ထပ်ခါထပ်ခါ နှိပ်ခါခေါ်ဆိုနေစေကာမူ တစ် ဖက်မှပြန်လည် ဖြေကြားလာသည့် တုံ့ပြန်မှု အသံက “လူကြီးမင်းခေါ် ဆိုသည့် တယ်လီ ဖုန်းနံပါတ်မှာ စက်ပိတ်ထားပါတယ်ရှင်” ဟူ၍ ဖြစ်သည်။

တစ်ဖက်မှပြန်လည်ဖြေဆို သည့်အသံကို ငါးကြိမ်ထက်မ နည်း ကြားပြီးသည့်အခါတွင်မူ သူမ၏ နဖူးမှ ထွက်ရှိ လာသည့် ချွေးစများ က လည်ပင်းများအထိပင် ရောက်ရှိကာ မည်သည့် နေရာကို သွားရ မည် ဆိုသည် ကိုပင် မဆုံး ဖြတ်နိုင်လောက် အောင် ထိုနေရာမှာပင် မိနစ်သုံး ဆယ်ခန့်ရပ် နေမိတော့ သည်။ သူမ အနေဖြင့် အလွန်ပင်လို ချင်လှသည့် ကျပ်ငါးသိန်းတန် စီဒီ အမ်အေ ဖုန်းကို လတ်တလော ကိုင် ဆောင်နိုင်မည်မှာ မဟုတ်တော့ ကြောင်းနှင့် ငွေသားကျပ်သုံးသိန်း ငါးသောင်းကို ဆုံးရှုံးလိုက် ရပြီဆို သည့် အတွေးနှစ်ခုကိုပင် အပြန်ပြန် အလှန်လှန် တွေးနေမိတော့သည်။ အထက်ပါ အဖြစ် အပျက်မှာ ယခုနှစ်ဇွန်လအတွင်း ရန်ကုန်မြို့ တွင်ဖြစ်ပျက်ခဲ့သည့် ငါးသိန်းတန် ဖုန်းတစ်လုံးကို အရစ်ကျ ဝယ်ယူမှု မှစတင်ခဲ့သည့် ငွေလိမ် လည်မှုပင် ဖြစ်သည်။ ထိုအမျိုးသမီးမှာ ပုဂ္ဂလိ က မီဒီယာတစ်ခုတွင် အလုပ်လုပ် ကိုင်နေသည့် အသက် ၂၅ နှစ်အ ရွယ်ရှိ မအေးသီတာ ဆိုသူဖြစ် သည်။

သူမအနေဖြင့် လုပ်ငန်းတူ သူငယ်ချင်းများကဲ့သို့ လက်ကိုင် ဖုန်းတစ်လုံးကိုင်ဆောင်ချင်သည့် စိတ်မှာအလွန်ပင် စိတ်အားထက် သန်နေသည်မှာကြာပြီဖြစ်သည်။ သို့သော် ကျပ်ငါးသိန်း တန်ဖုန်း တစ်လုံးကိုင်ဆောင်နိုင်ရန်အတွက် ငွေကျပ်ငါးသိန်းလုံးကို တစ်ကြိမ် တည်းဖြင့်ပေးရန် မတတ်နိုင်ခြင်း ကြောင်းသူငယ်ချင်းတစ်ယောက် ၏ အဆက်အသွယ်ဖြင့် ဖုန်းပွဲ စားဆိုသည့် လူတစ်ဦးနှင့်သွား ရောက် တွေ့ဆုံခဲ့သည်။ သူငယ်ချင်းဖြစ်သူကလည်း အဆိုပါ ဖုန်းပွဲစားဆိုသည့် သူနှင့် ငါးသိန်းတန်စီဒီအမ်အေတစ်လုံး ကို ငွေကျပ်နှစ်သိန်း လေးသောင်း တစ်ထောင် ကနဦးပေးသွင်းကာ ဝယ်ယူထားပြီဖြစ်ခြင်းကြောင့် သူမအတွက် ထိုအရစ်ကျ ဝယ်ယူ သည့် နည်းလမ်းသည် အကောင်း ဆုံးဖြစ်နိုင်မည်ဟုယုံကြည်ထားမိ သည်။

“သူငယ်ချင်းက အဲ့ဒီပွဲစားဆီ ကနေ အရစ်ကျနဲ့ဝယ်ထားတာ။ သူကပွဲစားကို ခုနှစ်ကျပ်တိုးနဲ့ အ တိုးရော၊ အကျိုးဆောင်ခနှစ် သောင်းရော၊ နှစ်သိန်းရောအရင် ပေးထားပြီး ဖုန်းကတ်ရ တာ။ အဲ့ ဒါကြောင့်ကျွန်မလည်း သူငယ် ချင်းကို ဖုန်းဆက်ပြီး အဲ့ဒီပွဲစားဖုန်း နံပါတ်ကိုတောင်းပြီး ကိုယ့် ဘာ သာဆက်သွယ်လိုက်တာ” ဟု မသီ တာကဆိုလာသည်။ အဆိုပါ ပွဲစားဆို သူကိုသွား ရောက်တွေ့ဆုံကာ ကျပ် ငါးသိန်းတန်ဂျီအက်စ်အမ်ဖုန်း တစ်လုံးလုပ်ပေးရန်အတွက် ငွေ ကျပ်သုံးသိန်း ငါးသောင်းနှင့် အတိုး ငွေသားကိုတစ်ခါတည်း ပေးဆောင် ခဲ့သည်။ ပွဲစားဆိုသူကို ငွေချေအပြီး နောက်ထပ်တစ်ပတ်ကြာလျှင် ရ ရှိတော့မည်ဟုထင်ခဲ့သည့်ကျပ်ငါး သိန်းတန် စီဒီအမ်အေ ဖုန်းကတ် သည် သူမ၏ညစဉ်အိမ်မက်များ ဖြစ်သည်။

“တစ်ပတ်ကြာတော့ မရ သေးဘူး။ အဲ့ဒါနဲ့ကြားထဲမှာ သူနဲ့ နှစ်ကြိမ်ချိန်းတယ်။ ရောက်မလာ ဘူး။ အကြောင်းပြချက် အမျိုးမျိုး ပေးတယ်။ ကျွန်မကလည်း ဘယ် လိုမှ စိတ်ထဲမထားဘူး။ ကျွန်မလို မျိုးလူတွေ သူလုပ်ပေးရတာများ လို့နေမှာပါဆိုပြီး တွေးခဲ့သမျှ နောက်ဆုံးတစ်ခေါက် ချိန်းတာ ရောက်မလာတဲ့ အချိန်မှာ ရိပ်မိသွား တာ” ဟု သူမက ဆက်လက်ဆို သည်။ အဆိုပါပွဲစား ဆိုသူနှင့် နောက် ဆုံးတစ်ကြိမ်ချိန်းဆိုမှု ပျက်ပြယ် ခဲ့သည့်အချိန်ပြီးနောက် ယင်းလိမ် လည်သွား သူကို နောက်ကွယ်မှနေ ပြီး ငွေကြေးစိုက်ထုတ်ကာ ဖုန်း ကတ်များ ထုတ်ပေးနေ သူဆိုသည့် အမျိုးသမီးတစ်ဦးနှင့် မအေးသီ တာ အဆက်အသွယ်ရခဲ့သည်။ အဆိုပါအမျိုးသမီးမှာ ဖုန်းပွဲ စားဆိုသည့် လူများအား နောက် ကွယ်မှနေပြီး တယ်လီဖုန်းကဒ် များကို လျှောက်ထားပေးပြီး အ ရစ်ကျစနစ်နှင့် ပြန်လည်ပေးသွင်း စေခြင်းဖြင့်၎င်းနှင့် ပွဲစားများ အ ကြား အကျိုးတူမျှ ဝေခံစားနေသည့် လုပ်ငန်းကို လုပ်ကိုင်နေသူ ဖြစ် သည်ဟု မသီတာကဆို သည်။

“အဲ့ဒီအမျိုးသမီးကပြောတာ သူလည်း အဲ့ဒီပွဲစားဆီမှာ ပိုက်ဆံ တွေ တော်တော် ပါသွား တယ်တဲ့။ သူနဲ့အဲ့ဒီလူက လက်တွဲလုပ်လာ တာ တော်တော်ကြာပြီလို့ ပြော တယ်။ ဘာဖြစ်ဖြစ် ကျွန်မရဲ့ ချွေး နည်းစာလစာကို ဒီလိုလိမ်လည် သွားတဲ့သူ့ကို အရမ်းအံ့ဩတယ်။ ကျွန်မလိုလူတွေလည်း တော် တော်များများရှိတာ သိလိုက်ရ တယ်” ဟု သူမက ဆက်လက်ဆို လာသည်။ ငွေသားကျပ် သိန်းရှစ်ဆယ် နီးပါးကို အတူလက်တွဲ လုပ်ကိုင် လာသူ မိတ်ဆွေရင်းဖြစ်သူက လိမ်လည်ကာ ရှောင်ပြေးနေခြင်း ကို ကြုံတွေ့နေရသူက အသက် ၄၀ နှစ်ဝန်း ကျင်ရှိ စမ်းချောင်းမြို့နယ် အတွင်းနေထိုင်သူ အမျိုးသမီးဖြစ် သည်။ ၎င်းအား လိမ်လည် သွားသူ အပါအဝင် အခြားသောဖုန်းပွဲစား များအားဖုန်းလျှောက်ထားပြီး ကျပ် ငါးသိန်းတန်ဖုန်း ကတ်များ ကို အရစ်ကျစနစ်ဖြင့်ပြန်လည် ရောင်းချသည့် လုပ်ငန်းကို လုပ် ကိုင်သူတစ်ဦးဖြစ်သည်။

“အခုသူတို့လို ပွဲစားတွေဆီ ကိုလာပြီးဆက်သွယ်တဲ့ ဖုန်းလို ချင်သူတွေရဲ့ အမည်ပေါက်နဲ့ ကျွန်မ ကဆက်သွယ်ရေးမှာ လျှောက် ပေးတယ်။ မူရင်းကို သိမ်းထား တယ်။ အဲ့ဒီပွဲစားတွေဆီက ကျွန်မ ကအရင်ဆုံး ငွေကျပ်နှစ်သိန်းကို ယူတယ်။ ငါးသိန်းတန်ဖုန်းတစ် လုံးကို ကျွန်မကအရစ်ကျဆို တစ် သိန်းပိုယူတဲ့သဘောဖြစ်တဲ့ အ တွက် နှစ်သိန်းသွင်းပြီး ကျန်တဲ့ သုံးသိန်းအပြင် အကျိုးဆောင်ခ သတ်မှတ်ထားတဲ့တစ်သိန်း အပါ အဝင် ပေါင်းလေးသိန်းကို တစ်လ တစ်သိန်းနှုန်းနဲ့လက်ခံတယ်” ဟု အထက်ပါ အမျိုးသမီးက ပြော သည်။ ဆက်လက်ပြီး ယင်းအမျိုးသ မီးကပင် “ဒါပေမဲ့ အဲ့ဒီ လိမ်သွား တဲ့ပွဲစားက သူ့ဆီမှာအရစ်ကျနဲ့ လုပ်ထားတဲ့သူတွေကို နှစ်သိန်းအ ရင်သွင်းတဲ့အပြင် အကျိုးဆောင်ခ နှစ်သောင်းရယ် ကျန်တဲ့ သုံးသိန်း ကို ခုနှစ်ကျပ်တိုးသတ်မှတ်လိုက် တာ။

အဲ့ဒီတော့သူ့ကို ပိုက်ဆံသွင်း တဲ့သူတွေက တစ်လ ငါးသောင်း အပြင် ကျန်တဲ့ပိုက်ဆံ အပေါ်မှာ ခုနှစ် ကျပ်တိုးနဲ့ သွင်းနေရတာ။ အဲ့ဒီလို သူ့ဆီကိုဖုန်း လျှောက်တဲ့ သူတွေသွင်းနေတဲ့ ငွေတွေကကျွန် မဆီကိုရောက်မလာတာ အခုဆို သိန်းကို ဆယ်နဲ့ချီနေပြီ။ အခုတော့ ဖုန်းကိုပါ ပိတ်ထားပြီး ထွက်ပြေး နေတယ်” ဟုပြောသည်။ အဆိုပါ ပွဲစားဆိုသူထံတွင် ဖုန်းကတ် ရယူအပြီး လစဉ်ပုံမှန် ငွေသွင်းနေသူများအနေဖြင့် ကျန် ရှိနေသေး သောငွေများကို အဆို ပါ အမျိုး သမီးထံ ဆက်လက်ပေး သွင်းရန်အတွက် အချို့မှာသံသယ များစွာရှိနေသည့် နောက်ကွယ် မှ ငွေကြေးစိုက် ထုတ်ကာ ဖုန်းကတ် လျှောက်ထားပေးသူနှင့် အရစ် ကျစနစ်ဖြင့် အသုံးပြုနေသူတို့အ ကြား ပဋိပက္ခအချို့လည်း ကြုံတွေ့ နေရကြောင်း သိရသည်။

“ကျန်တဲ့ပိုက်ဆံတွေကို သွင်း နေရင်းတန်းလန်းဗျာ။ ပွဲစားဆို တဲ့သူက ထွက်ပြေး သွားတယ်။ အဲ့ ဒီတော့မှ နောက်ကအုံနာ ပါဆိုတဲ့ သူကပေါ်လာတယ်။ အဲ့ဒီအုံနာ ဆိုတဲ့သူက ကျွန်တော်တို့က ပွဲ စားကို ပိုက်ဆံသွင်းလည်း သူ့ဆီ မှာ စာရင်းမဝင်တဲ့ အတွက် ပြန် သွင်းရ မယ်ဆိုပြီး ပြောနေ တယ်။ ကျွန်တော်တို့ ဘာဆက်လုပ်ရ မလဲဗျာ။ နောက်မှပေါ်လာတဲ့သူ ကိုရော ယုံရမှာ လား။ ပေးရမှာ လား။ အမှန်တော့ ဖြစ်သင့်တာ က အုံနာဆိုသူက အစက တည်း က သူကတော့ အုံနာပါဆိုပြီး အသိပေးရမယ်။ နောက် ပွဲစားကို ပိုက်ဆံသွင်းရင် သူကလည်း ကျွန် တော်တို့လို အရစ်ကျနဲ့ဝယ်တဲ့ သူ တွေကို ဆက်သွယ်ပြီး ငွေသွင်းပြီး ပြီလား၊ မပြီးသေး ဘူးလား မေးရ မယ်။ အခုလိုအခြေအနေမှ ပေါ် လာတော့ ကျွန်တော်တို့က ဘာ လုပ်ရမှာလဲ” ဟု ပြောလာသူမှာ မသီတာကဲ့သို့ပင် အဆိုပါ ဖုန်း ပွဲစားဆိုသူနှင့် ချိတ်ဆက်ကာ ကျပ် ငါးသိန်းတန် စီဒီအမ်အေဖုန်း တစ်လုံးကို အရစ်ကျစနစ်ဖြင့် အ သုံးပြုနေ သူဖြစ် သည်။

အထက်ပါကဲ့သို့ ဖြစ်ရပ်များ သည် ကျပ်ငါးသိန်းတန် စီဒီအမ် အေဖုန်းများနှင့် ဂျီအက်စ်အမ်ဖုန်း များအသီးသီးပေါ်လာခဲ့ပြီး နောက် ပိုင်းတွင် တဖြည်းဖြည်း ချင်းနှင့် များပြားလာ သောဖြစ် ရပ်များဖြစ် ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ တာဝန်ရှိသူများထံမှ သိရသည်။ တန်ဖိုးသက်သာ လာသော် လည်း ထိုပမာဏကိုပင် လက်ငင်း မတတ်နိုင် သူများ အနေဖြင့် ငွေ ကြေးပိုမိုပေးရသည့် အရစ်ကျစ နစ်များကို အားကိုးလာကြသည်။

ယင်းနောက် ကွယ်တွင် မှန် ကန်စွာလုပ်ကိုင်သည့် ပွဲစားများရှိ နေသည်နှင့် ဆန့်ကျင်ဘက်တွင် အထက်ပါကဲ့သို့ လိမ်လည်သူပွဲ စားများက လည်း အဆိုပါလောက ထဲ၌ ဆက်လက် ရှိနေသေး သည်။ “သူတို့လက်ထဲမှာ ငွေတွေ ကများလာတော့ စိတ်ကမရတော့ ဘူး။ အမှန်က သူတို့ရဲ့ ကိုယ်ပိုင် ပိုက်ဆံက ကျပ်ငါးသိန်း အပြင်မှာ မှတစ်သောင်း၊နှစ်သောင်းလောက် ပဲရှိမယ်။ အဲ့လိုမဟုတ်ပဲ ကိုယ်တိုင် ငွေစိုက်ပြီး လုပ်နေတဲ့ ပွဲစားတွေဆို ဒီထက်မကမြတ်တယ်။ အခု အ ခြေအနေက လိမ်တဲ့သူကလိမ်သွား တယ်။ နောက်မှပေါ်လာတဲ့ အုံနာ ကလည်း ပေးမ လား၊ မပေးရင် ဖုန်း ကတ်ထုတ်လိုက်ပြီး လိုင်းပိတ် လိုက်လို့ရတယ်ဆိုပြီး ကြားထဲက အရစ်ကျနဲ့ ဝယ်ထားတဲ့သူတွေ ကိုပြောတယ်” ဟု မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ တာဝန် ရှိသူ တစ်ဦးက ပြောကြားသည်။

ယင်းကဲ့သို့ အခြေအနေများ သည် လူတန်းစားမရွေးဖုန်းကိုင် ဆောင်နိုင် သည့် အခြေအနေတစ် ရပ်ကို ညွှန်းဆိုခြင်းမရှိသည့် ဖြစ် ရပ်တစ်ခုဖြစ်နေကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် လည်း ပြင်ပတွင် ပေါ်ပေါက်နေ သည့် အဆိုပါကိစ္စရပ်များကို ဖြေ ရှင်းပေးရန်လိုအပ်နေပြီဖြစ်ကြောင်း ပြည်တွင်း အခြေစိုက် မိုဘိုင်းဖုန်း နှင့် ဆက်စပ်ပစ္စည်း ရောင်းဝယ် သည့် လုပ်ငန်းရှင်အချို့နှင့် အစိုးရ ဘက်မှ တာဝန်ရှိသူအချို့က သုံး သပ်ကြသည်။ ချွေတာစုဆောင်းထားရ သည့် ငွေသားကျပ် သုံးသိန်း ခွဲကို ဆုံးရှုံးလိုက်ရသည့် အတွက် မသီ တာတစ်ဦး နှမြောတသခြင်းများ ယခုတိုင် ရှိနေသေးသည်။ သို့ သော် ယခုအချိန် အထိ စိတ်အား ထက်သန်နေသေးသည့် အိပ်မက် ထဲမှ ကျပ်ငါးသိန်း တန်မိုဘိုင်းဖုန်း တစ်လုံးကို မြန်မာ့ဆက်သွယ်ရေး တွင် ကိုယ်တိုင် သွားရောက် လျှောက် ထားရန်အတွက် ခြစ်ခြုတ်ချွေတာ စုဆောင်းရပေတော့မည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: