တပည့်လေးမျိုး


မွေးရပ်မြေကို မပြန်ဖြစ်သည် မှာကြာပြီ။ မပြန်လို့မဖြစ်တော့။ ရွာပြန်ဖို့ရာအကြောင်းကဖန်လာပြီ။ တစ်နေ့မှာ ရွာကဘုန်းကြီး က လူကြုံနဲ့မှာလိုက်တယ်။ ဘုန်း ကြီးကျောင်းဝင်းအတွင်းမှာ တည် ထားတဲ့ ရှစ်မျက်နှာစေတီတော် ကြီး နှစ်တစ်ရာပြည့်တော့မှာဖြစ် တဲ့အတွက် ရာပြည့်ပွဲလုပ်မှာမို့ ရွာ ပြန်ခဲ့ပါလို့ မှာလိုက်ပါတယ်။ ကျွန်တော် စဉ်းစားရပြီ။ ကျွန်တော်ငယ်ငယ်က ဘုန်းကြီး ကျောင်း မှာ နေခဲ့တာဖြစ်လို့ ကိုယ့် ရပ်ရွာကိုယ့်ကျောင်းအတွက် အ မှတ်တရလေးတစ်ခုခုတော့ လုပ် ပေးချင် တယ်။ ရာပြည့်ပွဲဆိုတာ အင်မတန်မှ ကြုံတောင့်ကြုံခံပါ။ ဒါကြောင့် အမှတ်တမဲ့ကြားက အမှတ်တ ရလေးများ ကျန်ခဲ့စေ ချင်တယ်။ ဒါကြောင့် ရာပြည့်အထိမ်း အမှတ်စာစောင်ထုတ်ဖို့ ရွာက ဘုန်းကြီး ဆီကို ဖုန်းဆက်ပြီး အ ကြံဥာဏ်ပေးပါတယ်။ ဘုန်းကြီး ကဘာမိန့်သလဲဆိုတော့ အကုန် အကျများ မှာဖြစ်လို့ ဒီနှစ်တော့ စာအုပ်မထုတ်နိုင်သေးဘူး။

နောက် နှစ်မှ ရာပြည့်အောင်ပွဲဆိုပြီး ဘု ရားပွဲလုပ်ဦး မှာ။ နောက်နှစ်မှ စာအုပ်ထုတ်မယ်လို့ အကြောင်းပြန် ပါတယ်။  ပြီးတော့ ရွာဘုန်းကြီးက ဘာမိန့်ကြား သလဲ ဆိုတော့ ရာ ပြည့်ပွဲအတွက် သီချင်းတစ်ပုဒ်လောက်   ရေးပေးဦးတဲ့။ ခက်ပြီ။ ရွာကဘုန်းကြီးက ကျွန်တော့်ကိုအ ထင် ကြီးပုံရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် ရွာမှာနေတုန်း က ဓမ္မရံသီ၊ ဓမ္မ ရတနာ၊ ရတနာတံခွန်၊ သာသနာ့ ရောင်ခြည်၊ သီလဝ၊ စိန္တာမဏိ၊ ချင်းတွင်းဂုဏ်ရည်၊ ချင်းတွင်းဧက ရီစတဲ့ မဂ္ဂဇင်းစာစောင်တွေမှာ ဆောင်းပါးတွေ ကြိုးကြားကြိုး ကြားရေးဖြစ်တာကိုး။ မြို့ရောက်တော့ ရွာမှာနေ တုန်းကလောက် စာမရေးဖြစ် တော့ဘူး။ အလုပ်မအား တာလဲ ပါတယ်။ နောက်တစ်ခုရှိသေး တယ်။ မဂ္ဂဇင်းတို့၊ စာစောင်တို့ဆို တာလည်း စာမူပို့တိုင်းရွေးတာမ ဟုတ်ဘူး။အယ်ဒီတာကြိုက်မှရွေး တာ၊ မကြိုက်ရင်ပယ်လိုက်တယ်။ မဂ္ဂဇင်းတစ်ခုမှာ စာမူပို့ထားပြီးပြီ ဆိုရင် ကိုယ့်စာမူလေး ဘယ်လ မှာ စောင့်မျှော်ရပါတယ်။ အဲဒီဒုက္ခက မသေးဘူး။ ဆယ်တန်းစာမေးပွဲ ဖြေအပြီးမှာ ဂေဇက်စောင့်မျှော် နေရသလိုပါပဲ။ တချို့မဂ္ဂဇင်းတွေကစောင့်ရ တာတော်တော်ကြာတယ်။ဥပမာ ပြောရရင် ဓမ္မရံသီ၊ ဓမ္မရတနာ မဂ္ဂဇင်းဆိုရင် ကိုယ့်စာလေးပါဖို့ တစ်နှစ်လောက် စောင့်ရတယ်။ ရွေးမှန်းလည်းမသိ။ မရွေးမှန်းလဲ မသိဘဲနဲ့ စောင့်မျှော်နေရတယ်။ ကြာတော့ စာမူပို့ရမှာစိတ်ပျက် လာတယ်။ ဒါကြောင့် သိပ်ပြီးမပို့ တော့ဘူး။

ဟော…အခု ရွာကဘုန်း ကြီးက ရာပြည့်ပွဲအတွက် သီချင်း တစ်ပုဒ်ရေးပေးပါဆိုတော့ မဖြစ် မနေရေးရတော့မှာ။ သီချင်းဖြစ် ပြီးရောဆိုပြီး ဖြစ်ကလက်ဆန်း ရေးလို့ မရဘူး။ နိုင်ငံကျော်မြို့မ အဖွဲ့က အဆိုတော်အေးသီတာ (ခ)မသီတာနဲ့စတူဒီယိုတစ်ခုမှာ အသံသွင်းမှာတဲ့။ ဒီလိုနဲ့ သီချင်းတစ်ပုဒ်ရေး ဖြစ်ခဲ့တယ်။ သီချင်း နာမည်က “ကြုံတောင့် ကြုံခဲ နှစ်တစ်ရာ ပွဲ”။ ဆိုတဲ့သူကတော်လို့ထင်ပါရဲ့၊ နား ထောင်လို့ကောင်းတယ်။ အဲဒီ သီချင်းလေးကို ခဏခဏဖွင့်လို့ ခွေတောင် ထစ်ထစ်နေတယ်။ တော်ပါသေးရဲ့ ခွေကို ကော်ပီကူး ထားလို့။ အဲ…တိုတိုပြောကြစို့။ ဒီ လိုနဲ့ ခွေတွေယူပြိး ရွာပြန်ခဲ့တယ်။ မပြန်ခင်ကတည်းက ကြိုပြီးဖုန်း ဆက်ထားတာဆိုတော့ ရွာက ဆွေမျိုးတွေက စောင့်ကြိုနေကြ ကျွန်တော်ရေးတဲ့သီချင်းခွေလေး တွေလက်ဆောင်ပေးလိုက်တယ်။ ဘုန်းကြီးကျောင်းကိုတော့ နောက် တစ်ယောက်ကို အပို့ခိုင်းလိုက် တယ်။ ကိုယ့် ငါးချဉ်မို့ချဉ်တယ် ပြောတာလား။ ကိုယ့်ဆင်မို့ယဉ် တယ်ပြောတာလားတော့မသိဘူး။ ရွာကလူတွေက သီချင်း ကောင်း တဲ့အကြောင်း ချီးမွမ်းကြပါတယ်။ ဘုရားပွဲမှာ အသံချဲ့စက်ကိုင်တဲ့ ကျူရှင်ဆရာဦးမောင်ကြည်က ကျွန်တော်ရေးတဲ့သီချင်းလေးကို ခဏခဏ ဖွင့်တယ်။ ဘုရားပွဲမှာ ဇာတ်ပွဲတွေ၊ အငြိမ့်ပွဲတွေမပါပေ မယ့် ဆွမ်းဆန်စိမ်းလောင်းသူတွေ များပြားလှပါတယ်။ ဘုရားပွဲပြီးတော့ မန္တလေး ကိုပြန်ရတော့မှာမို့ ရွာကဆွေမျိုး တွေကိုလိုက်ပြီး နှုတ်ဆက်တယ်။ ပြီးတော့ ပြန်မယ့်ညမှာ ဆရာ တော်ထံသွားပြီး နှုတ်ဆက်တယ်။ အဲဒီမှာ ဆရာတော်က မှတ်သား စရာဩဝါဒစကားမိန့်ကြားတော် မူပါတယ်။ “မောင်ဇော်ဦးရေ မင်းဟာ သူများအလုပ်ကို ထမ်းဆောင်နေ တဲ့ သူဆိုတော့ တပည့်လေးမျိုး အကြောင်းသိထားရမယ်။

တပည့် လေးမျိုးရှိတဲ့ အကြောင်းကြားဖူး လား”၊ “မကြားဖူးပါဘုရား” “တော်တော်ညံ့တဲ့ကောင်ပဲ” ပါဘုရား” “အေး…သေသေချာချာ မှတ်ထား တပည့်လေးမျိုးက ဘာ တွေလဲဆိုတော့- ၁။ တင်းပည့် ၂။ တုပည့် ၃။ သပည့် ၄။ အိုးလဲ မထူတပည့်တဲ့။ “တပည့်လေးမျိုးရဲ့အဓိပ္ပါယ် ကို ရှင်းပြပေးပါဦးဘုရား” “တင်းပည့်ဆိုတဲ့အဓိပ္ပါယ်က ကိုယ့်ရဲ့ဆရာ ကို ကောင်းကြောင်း တော်ကြောင်းမပြောဘဲနဲ့ ကြံဖန် ပြီးမကောင်းတဲ့အတင်းအဖျင်းကို ပဲပြောနေတယ်။ အဲဒီလိုဆရာ ကွယ်ရာမှာ ကိုယ့်အဆရာအ တင်းအဖျင်းပြောတဲ့သူကို တင်း ပည့်လို့ခေါ်တယ်။ “တုပည့်”ဆို တာက ကိုယ့်ရဲ့ဆရာကို အန်တု ချင်တဲ့သူကိုပြောတာ။ တချို့လူ တွေဟာ ကိုယ့်ဆရာသင်ပေးခဲ့ တဲ့ပညာတွေ မတောက်တစ်ခေါက် လောက်တတ်ရုံနဲ့ ကိုယ့်ရဲ့ဆရာကို အန်တုလာတယ်။ အဲဒီလို ကိုယ့် ဆရာကိုအန်တုတဲ့သူကို “တုပည့်” လို့ခေါ်တယ်။ “သပည့်”ဆိုတာ ဆရာဖြစ်သူကိုယ်တိုင် တသသ ချီးမွမ်း လောက်အောင်တော်တဲ့ သူကိုခ်ါတယ်။ “အိုးလဲ မထူ တပည့်”ဆိုတဲ့ အဓိပ္ပါယ်က ဘာမှ အလိုက်မသိတဲ့သူကို ခေါ်တယ်။ ဟိုနေရာလည်းအလိုက်မသိ။ ဒီ နေရာလည်း အလိုက်မသိ။ နေရာ တကာအလိုက် မသိဘူး။ ဘယ် လောက်ထိ အလိုက်မသိသလဲဆို ရင် ကိုယ့်ရဲ့ရှေ့မှာ သောက်ရေ အိုးစဉ်က ရေအိုးကြီးလဲကျနေ တာတောင် ထူရကောင်းမှန်းမသိ ဘူး။ အဲဒီလိုအလိုက်မသိတဲ့သူမျိုး ကိုအိုးလဲမထူတပည့်လို့ခေါ်တယ်” “မှန်ပါ တပည့်လေးမျိုးရဲ့ အဓိပ္ပါယ်ကို ရှင်းပြပေးတဲ့အတွက် ကျေးဇူးကြီးမားလှပါတယ်ဘုရား” “တပည့်လေးမျိုးရဲ့အဓိပ္ပါယ် ကို သိရုံနဲ့မပြီးသေးဘူး။သပည့်ဆို တဲ့တပည့်မျိုးဖြစ်အောင်ကြိုးစားပါ” “တပည့်တော်ကြိုးစားပါ့မယ် ဘုရား”။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: