ပန်းချီအေးကိုရဲ့ ငြိမ်းချမ်းရေးအတွက် သင်္ကေတများ


 ပင်လယ် နောက်ခံ အသံ နဲ့ လှုပ်ရှားနေတဲ့ လှိုင်း နဲ့ ငြိမ် သက်တိတ်ဆိတ် နေသောသူရဲ့ ဆန့်ကျင်ဘက် /ပဋိက္ခ/ အညမည

ခေတ်ပြိုင် အနုပညာရှင်အေးကိုဟာ ပုသိမ်မြို့ဇာတိသား ဖြစ်ပါတယ်။ သူဟာ ပုသိမ်မြို့မှာ နေထိုင်စဉ်ကတည်းက ရန်ကုန်က အင်းလျား ပန်းချီပြခန်းအပါအ၀င် ပန်းချီ လှုပ်ရှားမှုတွေမှာ ပါဝင်ပြသခဲ့ပြီး ၁၉၉၆ ခု   နှောင်းပိုင်းမှာတော့ ရန်ကုန် ပြည်လမ်းမပေါ်က ယုဒသန် ခမ်းမမှာ ပထမဦးဆုံး ရန်ကုန် တကိုယ်တော် ပြပွဲ အပြီး နောက်ပိုင်းနှစ်တွေမှာ ရန်ကုန် မှာအခြေချ ပြီးတော့ အနုပညာအလုပ်ကို စူးစိုက်ဆောင်ရွက်ခဲ့ပါတယ်။

သူဟာ ရန်ကုန်မြို့မှာ NEW ZERO အနုပညာအုပ်စု ကိုဦးဆောင်ပြီး အဖွဲ့လိုက်ပြပွဲ များနှစ်စဉ် ကျင်းပ ခဲ့သလို။ New Zero Art Space ကိုတည်ထောင်သူ ဒါရိုက်တာတစ်ဦး ဖြစ်ခဲ့ပါတယ်။ပန်းချီအနုပညာ မှာထင်ရှား သလို မြန်မာပြည် ပါဖွန့်မင့် အနုပညာအစောပိုင်း လှုပ်ရှားမှု မှာအရေးပါသူတဦးဖြစ်သလို နိုင်ငံတကာကို မြန်မာ ပါဖွန့်မင့် အနုပညာပြန့်နှံသိရှိအောင် အဆောင်ရွက်နိုင်ဆုံး အနုပညာရှင်တဦးဖြစ်ပါတယ်။

မြန်မာ ပါဖွန့်မင့်အနုပညာလှုပ်ရှားမှု  သမိုင်းမှာ အင်မတန် လူသိများစေ တဲ့ သူ့ရဲ ပါဖွန့်မင့်ပရောဂျက်တစ်ခုကတော့ ချောင်းသာကမ်းခြေမှာ အမျိုးသမီးမော်ဒယ်တစ်ဦး ပါဝင်စေပြီး ဖန်တီးခဲ့တဲ့  ပါဖွန့်မင့်ဖြစ်ပါ တယ်။ ဒီ ဖန်တီးမှုအတွက် ကိုအေးကို ကိုရဲက နာရီများစွာ ခေါ်ယူစစ်ဆေးခဲ့တယ် ဆိုပါတယ်။

၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ မြန်မာ အနုပညာရှင်တော်တော်များများ ဟာ ရန်ကုန်မြို့ ပြင်ပကို ထွက်ပြီးတော့ အနုပညာဖန်တီးမှုတွေ ခပ်စိပ်စိပ်လုပ်လာပါတယ်။ အခုဖေါ်ပြမဲ့ ပါဖွန့်မင့်အနုပညာဓါတ်ပုံ ကတော့ အနုပညာရှင်အေးကို ချောင်းသာ ကမ်းခြေကို နောက် တခေါက် သွားရောက်ဖန်တီးခဲ့စဉ်က ဓါတ်ပုံများဖြစ်ပြီး အနုပညာရှင်ခွင့်ပြုချက်အရ သူ့ရဲ့ facebook စာမျက်နှာက တနေ ကူးယူတင်ပြထားချက်ဖြစ်ပါတယ်။ ပန်းချီအေးကိုရဲ့ ချောင်းသာ မကြေပွဲ လို့ဆိုရင်မမှားပါ။

 

အေးကို

အပြာရောင် နောက်ခံ လှိုင်းအဖြူရောငအလျားလိုက် ကို ဒေါက်လိုက် ၀တ်စုံဖြူနဲ့ကန့်လန့်ဖြတ် ၍

အေးကို

လှေ၊ ဒါမေမဲ့ မရွှေ့တဲ့လှေ ဦးပေါ်က………………………..နေ

အေးကို

ကမ်းခြေမှာ ရှိနေတဲ့ လှေ ကို အမြင်အာရုံအရ အားကောင်းသထက်ကောင်းလာအောင် နောက်ထပ် အဓိပါယ်တစ်ခု ထပ်ထွက်လာနိုင်အောင် အားထုတ်နိုင်တာတွေ့ရပါတယ်။

အေးကို

နောက်တစ်ခုကတော့ တိုက်ခတ်နေတဲ့ လေကို ပါဖွန့်မင့် ထဲကို ဆွဲသွင်းနိုင်တာဟာ အတွေ့အကြုံများတဲ့ ပါဖွန့်မင့်အနုပညာရှင်တွေ မှာသာ တွေ့ရတတ်တဲ့ ကျွမ်းကျင်မှု ဖြစ်ပါတယ်။

အေးကို

အပြာရောင် မိုးကောင်းကင်အောက်မှာအနုပညာရှင် ထပ်ဖန်တီးလိုက်တဲ့ နောက်ကောင်းကင် တစ်ထပ်………..

အေးကို

 

အေးကို

လှိုင်းတွေထဲ ကို ဖြတ်ကျနေတဲ့ ပိတ်စ ဟာ လှိုင်းတွေရဲ့ အရှိသဘောကို ပိုပြီး ထင်ရှားအောင် ပြသ နိုင်ခဲ့ပါတယ်……..

အေးကို

မြန်မာ ပါဖွန့်မင့် အနုပညာရှင်တွေဟာ အစပိုင်းမှာ ခံစားမှုကို အလေးပေးလွန်း တဲ့ ပြကွက်တွေသာများပြီး ဥာဏ်ပညာကို ဦးစားပေးတဲ့ ပြကွက် နည်းသေးတယ် လို့ အကဲဖြတ်တွေ ပြောကြပါတယ်။ဒီပြကွက်မှာ ကတော့  ဒီအနုပညာရှုင်ဟာ သူ့ရဲ့ အတွေ့အကြုံ ရင့်ကျက်လာတာနဲ့ အမျှ ပညာ၊အယူအဆ ဘက်ကို ပိုအလေးသာတဲ့ ဖန်တီးမှု ဘက်ကို သိသိသာသာ ရွှေ့လာပါတယ်။

အေးကို

နိဂုံးပိုင်းမှာ တော့ မြန်မာ ပါဖွန့်မင့်အများစု ရဲ့ အလုပ်တွေထဲမှာ ပါနေကျ ရင်ဆိုင်ရုန်းကန် နေရဲ့ တဲ့ အကြပ်အတည်းတွေ ကို တနည်းနည်း နဲ့ ဖေါ်ထုတ်တဲ့ ဘက်ကိုသိသိသာသာ ချိုးချလိုက်တာတွေ့ရပါတယ်။

ဒီပြကွက်နဲ့ ပတ်သက်ပြီး ကိုအေးကို ရဲ့ စကားစု ကို သူပေးလာတဲ့ အတိုင်း ကူးယူ ဖေါ်ပြရမယ်ဆိုရင်တော့ အဖြူရောင်ငြိမ်းချမ်းရေး သင်္ကေတတွေပါ။ ငြိမ်းချမ်းရေးအတွက် ကျွန်တော်တို့ ရုန်းကန်နေတုန်းပဲ ။

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: