8DAYS ဂျာနယ် ရဲ့ ဒုတိယ အကြိမ် နှစ်ပတ် လည် အခမ်းအနား


ချမ်းမင်းအိမ်

8DAYS ဆိုတဲ့ ကြယ်တစ်စင်းကို ကြယ်တွေများတဲ့ ကောင်းကင်ထဲ ပစ်သွင်းလိုက် ပါတယ်။ နာမည်လေး တစ်လုံးနဲ့ ကြယ် တစ်စင်းကို လူတကာ မော့ကြည့်စေချင် ပါတယ်။ အောင်မြင်ပြီးသား ဂျာနယ် တွေထဲမှာ 8DAYS ဆိုတဲ့ ဂျာနယ်လည်း အောင်မြင်ချင်ပါတယ်။ ဖိုးလမင်းလည်း သူ့အဆင်းနဲ့အလင်းနဲ့ဆိုသလို မီးတိုင် ငယ်လည်း သူ့အရွယ်နဲ့အစွယ်နဲ့ပါ။

အကယ်ဒမီ လူမင်း

မနှစ်က တစ်နှစ်ပြည့် 8 DAYS ဂျာနယ်ရဲ့ နှစ်ပတ်လည် အခမ်း အနားမှာလည်းကျွန်တော် စကား ပြောခွင့်ရပါတယ်။ ခု ဒုတိယ အကြိမ်နှစ်ပတ်လည်အခမ်းအနား မှာလည်း ထပ်မံပြီး စကားပြော ခွင့်ရတဲ့အတွက် ကျွန်တော် ပိုပြီး ဂုဏ်ယူမိပါတယ်။ အခု 8 DAYS ဂျာနယ်က နှစ်နှစ်ပြည့်သွားပြီ။ ဒီတစ်နှစ်မှာ 8 DAYS က အဆဲခံရတဲ့ ဂျာနယ် မဟုတ်ဘူးဆိုတာကျွန်တော် ရဲရဲ ကြီး အာမခံရဲပါတယ်။ကျွန်တော် ကလည်း 8 DAYS ရဲ့ ပရိသတ် တစ်ယောက်ပါ။ ဘယ်လောက်ဝေးလံတဲ့ခရီး ပဲဖြစ်ဖြစ် ခြေတစ်လှမ်းက စရပါ တယ်။ ခုဆိုရင် 8 DAYS ကတစ်နှစ် ကို တစ်လှမ်းနှုန်းနဲ့ တွက်ရင် နှစ်လှမ်းဖြစ်သွားပါပြီ။ ရှေ့ဆက်ပြီးခြေလှမ်းပေါင်း များစွာကို အနှောင့်အယှက် ကင်းကင်း၊ အန္တရာယ်ကင်းကင်း နဲ့ လျှောက်လှမ်းနိုင်ပါစေလို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပေး ပါတယ်။

မယ်လိုဒီ

စာတွေ ဖတ်ဖူးပေမယ့် ခုလို နိုင်ငံ ကျော်စာရေး ဆရာတွေနဲ့ ခုမှ ဆုံ တွေ့ခွင့်ရတဲ့အတွက် အတိုင်းမ သိဝမ်းသာရပါတယ်။ကျွန်မတို့ဘဝ တွေထဲမှာ မရှိတာကို ရှိအောင်ကြိုး စားရတယ်။ ရှိတာတွေကိုလည်း တည်မြဲအောင် ကြိုးစားရတယ်။ အဲဒီ ရှိတာတွေကို တည်မြဲအောင် ကြိုးစားတဲ့ အထဲမှာ ဂုဏ်သိက္ခာကို တည်မြဲအောင်ကြိုးစားရတာ သိပ် ကို ခက်ခဲပင်ပန်းပါတယ်။ ဒါပေမဲ့ 8 DAYS ဂျာနယ် နှစ်နှစ်ပြည့်အခမ်း အနားမှာ ခုလိုမျိုး ချစ်စရာကောင်း တဲ့ စာပေ၊ ဂုဏ်ယူ စရာကောင်းတဲ့ စာပေအဖြစ် ရပ်တည်ခွင့် ရတာ အတိုင်းမသိ ဝမ်းသာရပါတယ်။ ခုလိုမျိုး ပြောကြားခွင့် ရတဲ့ အတွက်လည်း အတိုင်းမသိ ဝမ်း သာကြည်နူးမိပါတယ်။ ရှေ့လျှောက်လမ်းခရီးမှာ 8 DAYS ဂျာနယ် ချစ်စရာကောင်း ပြီး ဂုဏ်သိက္ခာရှိတဲ့ ဂျာနယ်အဖြစ် ရှေ့ဆက်ပြီး ရပ်တည်နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက် ပါတယ်။

လယ်တွင်းသားစောချစ်

ဂျာနယ်တစ်စောင် အောင်မြင်မှု ရဖို့ဆိုတာ တစ်ယောက်ကောင်းနဲ့မအောင်မြင်နိုင်ပါ ဘူး။ ခု 8 DAYS ကနှစ်နှစ်ထဲရောက်လာပြီ။ အောင်မြင်တယ် ဆိုတဲ့အတွက် ဝမ်းသာပါတယ်။ ရှေ့ ဆက်ပြီး စည်းလုံးညီညွတ်တဲ့စိတ်ထားနဲ့ ဆက် ကြိုးစားသွားရင် ဆထက်ထမ်းပိုး ပိုပြီး အောင် မြင်မယ်လို့ ယုံကြည်ပါတယ်။ ဆက်လက်ပြီး အောင်မြင်ကြီးပွားပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: