PAC များတွင် လာရောက် အသုံးပြု သူလျော့နည်း လာ


ရန်ကုန်မြို့တွင် ဖွင့်လှစ် ထားသော Public Access Centre များ၌လာ ရောက် အသုံးပြုသူ အနည်းငယ် လျော့ပါးလာ ကြောင်း ဆိုင် တာဝန်ရှိ သူများထံမှ တစ်ဆင့် သိရသည်။ ဈေးကွက် ပြိုင်ဆိုင်မှု ပြင်းထန် နေသည့်ကြားမှ ဤသို့ အသုံးပြု သူလျော့နည်း လာ၍ အချို့ဆိုင်ရှင်များ အနေဖြင့် ဆိုင်ကို ထုတ်ရောင်း ရန် စဉ်းစား လာကြ သည် ဟုဆိုသည်။

လတ်တလော နှစ်များတွင် အိုင်စီတီနည်း ပညာနှင့်ပတ်သက်၍ ပြည်သူများအကြား စိတ်ဝင်စားမှု တိုးမြင့် လာသော ကြောင့် ဏဗဃ အရေ အတွက်လည်း တိုးတက် လာခဲ့ရသည်။ အချို့ အင်တာနက် ဆိုင်များဆို လျှင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၌မှတ်ပုံမတင်ဘဲ တိတ်တိတ် ပုန်းဖွင့်လှစ် ထားခြင်း မျိုးလည်း ရှိသည်။ ထို့ကြောင့် ဆိုင်အရေအတွက် တိုးပွားလာကာ ပုံမှန်ဖောက် သည် ရရှိရေး အပြိုင် အဆိုင်ကြိုးပမ်း လာ ခဲ့ရကြောင်း အင်တာနက် ဆိုင်ပိုင်ရှင်များက it weekly သို့ပြောကြားခဲ့ သည်။

မီးပျက်ချိန်တွင် မီးစက်နှိုးပေးခြင်း၊ နာရီအများအပြားကြိုတင် ငွေပေးထား ပါက သို့မဟုတ် Member ကတ်ပြုလုပ်ထားပါက ဈေးလျှော့ပေးခြင်း အစရှိသော အရောင်းမြှင့် တင်ရေး အစီအမံများ ပြုလုပ်ခဲ့ ကြရသည်။ သို့သော် လိုင်းအမြန် နှုန်းမငြိမ်ခြင်း၊ လျှပ်စစ်မီးပုံမှန်ရရှိရေးခက်ခဲ ခြင်း၊ အစရှိသော အချက်များ ကြောင့် အင်တာနက် ဆိုင်များ အခက်ကြုံ ခဲ့ရသည်။ မိုဘိုင်းဖုန်းမှ တစ်ဆင့် အင်တာနက် အသုံးပြု နိုင်သော EVDO စနစ်ဖွင့် ပေးပြီးသည့်နောက်တွင် CDMA 800 MHz သုံးစွဲ သူအများ စုသည် EVDO စနစ်လျှောက် ထားခဲ့ရပြီး မိုဘိုင်း အင်တာနက်သုံးစွဲသူများအဖြစ် ပြောင်းလဲ သွားကြသည်။

ထို့အပြင် မြန်မာ နိုင်ငံတွင် ကိုင်ဆောင် အများဆုံး မိုဘိုင်းဖုန်းစနစ်ဖြစ်သည့် ဂျီအက်စ်အမ်စနစ်တွင် EDGE စနစ်ဖြင့် အင်တာနက် သုံးစွဲခွင့်ရရှိ လာပြီဖြစ်ရာ မိုဘိုင်း အင်တာနက် သုံးစွဲသူ အရေ အတွက် ယခု ထက်ပိုမို များပြား လာနိုင်ချေရှိပြီး PAC များ၌ လာရောက်သုံးစွဲသူ ပိုမို လျော့နည်း လာလိမ့်မည်ဟု နည်းပညာ သမားအချို့ သုံးသပ်ထား ကြသည်။ PAC လိုင်စင်နှင့် တရားဝင် ဖွင့်လှစ် နေသော အင်တာနက် ဆိုင်များသည် တစ်လလျှင် (၃၀,ဝ၀ဝ) နှုန်းဖြင့် တစ်နှစ် စာကျပ်ငွေ (၃၆၀,ဝ၀ဝ) အား တစ်စု တည်းပေး ဆောင်ကြရသည်။ အချို့ PAC များသည် အင်တာ နက်အသုံးပြုသူ လက်မခံတော့ဘဲ ဂိမ်းဆော့ သူများ ကိုသာ လက်ခံကာ ဂိမ်းဆိုင် အဖြစ် ပြောင်းလဲသွားကြ ကြောင်း သိရသည်။ အချို့ ဆိုင်ပိုင်ရှင်များမှာမူ ဆိုင်တစ် ဆိုင်လုံးရှိ ကွန်ပျူတာ ပစ္စည်း အစုံလိုက်ကို အင်တာနက် ဆိုင်သစ်ဖွင့်လှစ် လိုသူများထံ လွှဲပြောင်း ရောင်းချလိုသည် ဟု ဂျာနယ်ကြော်ငြာထည့် ထားကြကြောင်း သိရသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: