အမေရိကန်က ပါကစ္စတန် သို့ အကူအညီ ပေးမည့် အစီအစဉ် ရပ်ဆိုင်းဖွယ်ရှိ


ပါကစ္စတန်တွင် နှစ်ပေါင်းများစွာ ပုန်းအောင်းနေသော အယ်လ်ကေးဒါး ခေါင်းဆောင် ဘင်လာဒင်ကို အမေရိကန် အထူး တပ်ဖွဲ့က စီးနင်း နှိမ်နင်းခဲ့အပြီး တွင် နှစ်နိုင်ငံ ဆက်ဆံရေး ယိုယွင်းနေချိန်၌ ပါကစ္စတန် စစ်ဘက်သို့ အမေရိကန်ဒေါ်လာသန်းပေါင်းများစွာ အကူအညီပေးမည့် အစီအစဉ်ကို ရွှေ့ဆိုင်း၊ ဖျက်သိမ်းဖွယ် ရှိသည်ဟု နယူးယောက်တိုင်းမ် သတင်းစာက ဇူလိုင် ၉ ရက်တွင် ဖော်ပြသည်။

ပါကစ္စတန်ရှိ အမေရိကန် စစ်ဘက် လေ့ကျင့်ရေးအဖွဲ့ဝင် ၁၀၀ ကို ရုပ်သိမ်းပေးရန် တောင်းဆိုမှုအား တုံ့ပြန်ရန်နှင့် စစ်သွေးကြွများကို ပိုမို ထိရောက် စွာ နှိမ်နင်းရေးအတွက် ဖိအားပိုပေးရန် အမေရိကန်ကရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း အမည်မဖော်သော အမေရိကန် အကြီးတန်း အရာရှိများကို ကိုးကား၍ နယူးယောက်တိုင်းမ်က ဖော်ပြသည်။ အမေရိကန်က ပါကစ္စတန်သို့ နှစ်စဉ် ပေးနေကျ စစ်ဘက်ဆိုင်ရာအကူအညီ ဒေါ်လာ နှစ်ဘီလျံ၏ သုံးပုံ တစ်ပုံကျော် ဖြစ်သော ဒေါ်လာသန်း ၈၀၀ ခန့်မှာ ဖြတ်တောက်ခံရဖွယ် ရှိ ကြောင်း ဖော်ပြခဲ့သည်။

နယူးယောက်တိုင်းမ်တွင် ဖော်ပြချက်အရ ပါကစ္စတန် ထောက်လှမ်းရေးအဖွဲ့ ISI သည် ဘင်လာဒင်ကို ခိုလှုံခွင့် ပြုထားသည့် အထောက်အထား တွေ့ရ   ကြောင်း၊ လူ ၁၆၆ ဦး သေဆုံးစေခဲ့သော ၂၀၀၈ ခုနှစ် မွမ်ဘိုင်း တိုက်ခိုက်မှု၊ အာရှတိုင်းမ် အွန်လိုင်း သတင်းထောက် ဆာလင်မ်ရှာဇက်ဒ် ပြန်ပေးဆွဲခံရ ပြီး အသတ်ခံရမှု တို့တွင် ဆက်နွှယ်မှု ရှိကြောင်းလည်း ဖော်ပြခဲ့သည်။ ပါကစ္စတန် စစ်တပ်မှ ဗိုလ်ချုပ် အက်တာအဘားစ်က ယင်းကဲ့သို့ အမည် မဖော်ပြသော အရာရှိများကို မေးမြန်း၍ ဖော်ပြခြင်းသည် ပါကစ္စတန် လုံခြုံရေးအား တိုက်ရိုက် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ISI ကို ပါကစ္စတန် ကာကွယ်ရေးအတွက် မဟာဗျူဟာမြောက် အရေးကြီးသော အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားကြောင်း ၎င်းကပြောကြားသည်။ ISI အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး အာမက်ဒ်ရှူဂျာပက်ရှ်ဟာကို ထုတ်ပယ်ရန်လိုအပ်နေကြောင်း၊ ယင်းအဖွဲ့သည် ပါကစ္စတန်နှင့် အမေရိကန်အတွက် အန္တရာယ် ဖြစ်စေကြောင်း နယူးယောက်တိုင်းမ်တွင် ကိုးကား ဖော်ပြခဲ့သည်။ ရှာဇက်ဒ် အသတ်ခံရမှုနှင့် ပတ်သက်၍ ISI အဖွဲ့ ပြုပြင် ပြောင်းလဲရန် လိုလားနေသူများသည် အဖွဲ့မှ ထွက်ခွာမှု ရှိမရှိ ရှင်းရှင်း လင်းလင်း မသိရသေးကြောင်း ဖော်ပြထားသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: