ကြားဖြတ် ရွေးကောက် ပွဲတွင် ဖလုံ-စဝေါ် ယှဉ်ပြိုင်မည်


နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ဝင်ရောက် ယှဉ်ပြိုင်ကာ ၉၀ ရာခိုင်နှုန်း ကျော်ဖြင့် မဲ အပြတ် အသတ် အနိုင်ရခဲ့သော နေပြည်တော် ဇမ္ဗူသီရိမဲ ဆန္ဒနယ်တွင် ပွင့်လင်းကာလ၌ ကျင်းပဖွယ်ရှိသော ကြားဖြတ်   ရွေးကောက်ပွဲ၌ ဖလုံ- စပေါ်ဒီမိုကရက် တစ်ပါတီမှ ဦးစောဝင်းက ဝင်ရောက် ယှဉ်ပြိုင် မည်ဖြစ်ကြောင်း ၎င်းက The Voice Weekly သို့ ပြောကြား သည်။ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် ကျင်းပခဲ့ သည့် ၂၀၁၀ ရွေးကောက် ပွဲတွင် ဖလုံ-စဝေါ်ဒီမိုက ရက်တစ်ပါတီသည် ကရင် ပြည်နယ်၌ မဲဆန္ဒနယ် ၁၇ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင် အရွေးခံခဲ့ပြီး မဲဆန္ဒနယ် ကိုးနေရာတွင် အနိုင်ရရှိထားသောပါတီဖြစ် ကြောင်း၊ ရန်ကုန်တိုင်း ဒေသ ကြီး၌ ယင်းပါတီသည် ကျောက်တံတား မြို့နယ် မဲဆန္ဒနယ် တစ်ခုတွင်သာ ဝင်ရောက် ယှဉ်ပြိုင်ထားပြီး ဆန္ဒမဲ ၁၃၅ မဲသာရရှိ ထားခဲ့ကြောင်း   ရွေးကောက်ပွဲရလဒ်မှတ်တမ်းများအရ သိရသည်။

ဖလုံ-စဝေါ်ဒီမိုကရက် တစ်ပါတီ ဗဟို အလုပ် အမှုဆောင် ကော်မတီဝင် ဦးစော ဝင်းသည် ရန်ကုန်တိုင်း ဒေသကြီးတွင် ၎င်းတို့ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် တစ်ဦးတည်းသော ကိုယ်စားလှယ် တစ်ဦး ဖြစ်သည်။ ဦးစောဝင်း ကြားဖြတ် ဝင်ရောက် ယှဉ်ပြိုင် အရွေးခံမည့် ဇမ္ဗူသီရိမဲဆန္ဒ နယ်သည် နိုင်ငံတော်အစိုးရဝန်ထမ်း အများစုနေထိုင်ကြပြီး ၂၀၁၀ ရွေး ကောက်ပွဲ တွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီနှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီတို့သာ ဝင် ရောက် ယှဉ်ပြိုင် အရွေးခံ ထားကြောင်း ရွေး ကောက်ပွဲမှတ်တမ်း များအရ သိရသည်။

ဇမ္ဗူသီရိမဲ ဆန္ဒနယ် တွင် ကြား ဖြတ် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင် ရခြင်းနှင့် ပတ်သက်၍ ဦးစောဝင်းက “အစိုးရ ဝန်ထမ်း တွေကလည်း ဒီမိုကရေ စီကို လိုလားသူတွေလို့ ခံယူထားတဲ့ အတွက် ဝင်ရောက် ယှဉ်ပြိုင် တာပါ။ ယှဉ်ပြိုင်ခြင်းသာ အဓိကပါပဲ” ဟု The Voice Weekly နှင့် သီးသန့် တွေ့ဆုံစဉ် ဖြေကြားသည်။ ဇမ္ဗူသီရိမဲ ဆန္ဒနယ်၌ ၂၀၁၀ ရွေးကောက် ပွဲတွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ မဲရရှိမှုမှာ ၆၅၆၂၀ (၉၁ ဒသမ ၃ ရာခိုင်နှုန်း)ဖြင့် အနိုင်ရရှိ ထားကြောင်း ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်၏ တရားဝင် ထုတ်ပြန်ချက် များအရ သိရသည်။

မင်းထက်စံ

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: