TOUCHPAD အသစ်ကို ဖန်တီး၍ iPAD ကို ယှဉ်ပြိုင်မည်ဟု HP ဆို


အမေရိကန် နိုင်ငံ အခြေစိုက် ကမ္ဘာ့ နံပါတ်(၁) ကွန်ပျူတာ ထုတ်လုပ်ရေး ကုမ္ပဏီ HP သည် ၎င်းတို့၏ Tablet အမျိုးအစား သစ် တစ်ခုကို ဖန်တီးပြီး iPad နှင့် ဈေးကွက် ဝေစုခွဲမျှ ယူရန် အကောင် အထည် ဖော်သွားမည် ဟု အင်တာနက် သတင်းများ အရ သိ ရှိရသည်။

HPသည် Web OS အသုံးပြုထားသည့် TouchPad Tablet များအား ၂၀၁၁ ခုနှစ်အစောပိုင်းတွင် ထုတ်လုပ်ခဲ့ သော်လည်း ထင်သလောက် အောင်မြင်မှုမရှိဘဲ Apple ၏ iPad ကို ကျော်နိုင်ခြင်း မရှိခဲ့ပေ။ ထို့အပြင် Tablet ဈေးကွက်အတွင်း၌ iPad သာမက Samsung Galaxy Tab, BlackBerry PlayBook နှင့် Motorola Xoom အပါအဝင် Tablet အမျိုးအစားပေါင်းများစွာတို့သည် ဈေးကွက် ဝေစုအတွက် တိုက်ပွဲဝင်နေ ကြသည်ဖြစ်ရာ TouchPad များအတွက် အခြေအနေမကောင်း နိုင်ဘဲရှိ နေခဲ့သည်။ ပြီးခဲ့သည့်လက Apple ၏ ကြေညာချက်တစ်ရပ်တွင် iPad အလုံးရေ ပေါင်း(၂၅) သန်းခန့်ကို ရောင်းချခဲ့ရပြီဟု ဖော်ပြ ပါရှိသည်။

Apple သည် iPad ၏ ဒုတိယ မျိုး ဆက်ဖြစ်သော iPad အားမတ်လ တွင် စတင်ဖြန့်ချိခဲ့ပြီး ကမ္ဘာ့နိုင်ငံ အများစု၏ တစ်ခဲနက်ဝယ်လိုအား ကြောင့် Tablet ဈေးကွက်၏ (၈၉) ရာခိုင်နှုန်းကို စိုးမိုးထား နိုင်ခဲ့ပြီဖြစ် သည့်အတွက် iPad ၏ ဈေးကွက် ဝေစုအားအဓိကမျှယူရန် HP ကုမ္ပဏီ က ရည်မှန်း ချက်ထားခြင်း လည်းဖြစ် သည်။ Adobe Flash Video Format ကို အထောက် အပံ့ပေး သည့်အ တွက် အသစ်ထွက် ရှိလာသည့် TouchPad များသည် iPad ထက် ပို အသုံးဝင်နိုင်သည်ဟု HP ကယုံကြည် နေပြီး မကြာမီအချိန် ကာလ အတွင်း ဗြိတိန်၊ အိုင်ယာလန်၊ ပြင်သစ်၊ ဂျာ မနီနှင့်ကနေဒါ နိုင်ငံများတွင် ဈေးကွက် ဝေစုများစွာ ရရှိမည်ဟု မျှော်လင့်လျက် ရှိကြသည်။ Ref: Internet

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: