နိုင်ငံတကာ အိုးပင်း စစ်တုရင် ပြိုင်ပွဲ ကျင်းပပြုလုပ်


ကမ္ဘာ့ စစ်တုရင် အဖွဲ့ချုပ်၊ အာရှစစ်တု ရင်အဖွဲ့ချုပ်နှင့် အာဆီယံ စစ်တုရင် အဖွဲ့ချုပ် တို့မှ ကြီးမှူး၍ မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ချုပ် မှ စီစဉ် ကျင်းပသော 2011 Yangon International Open Chess Tournament ၏ဖွင့်ပွဲ အခမ်းအနာနှင့် ပထမ နေ့ပွဲစဉ်များကို ဇူလိုင်(၆)ရက် နံနက (၉) နာရီတွင် ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ Central Hotel ၌ကျင်းပ ပြုလုပ်ခဲ့သည်။

ပြိုင်ပွဲကို ကမ္ဘာ့ စစ်တုရင်အဖွဲ့ချုပ်၏ အထွေထွေ အတွင်း ရေးမှူး၊ အာဆီယံ စစ်တုရင် အဖွဲ့ချုပ်ဥက္ကဋ္ဌ စင်ကာပူနိုင်ငံသား Mr. Leong Chee Wang ၊ မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမောင် မောင်လွင်နှင့် တာဝန်ရှိ သူများ တက် ရောက်၍ ဖွင့်လှစ် ပေးခဲ့သည်။ ပြိုင်ပွဲကို နိုင်ငံစုံ မှ ကစား သမားများ ပါဝင်သည့် Open Section နှင့် ပြည်တွင်း ကစားသမားများ သာပါ ဝင်သည့် Challenger Section ဟူ၍နှစ်မျိုးခွဲ ကျင်းပခြင်းဖြစ်သည်။ အဆိုပါပြိုင်ပွဲ နှစ်ခုလုံးကို အိမ်ရှင် မြန်မာ နိုင်ငံ အပါအဝင် နိုင်ငံပေါင်း (၁၁)နိုင်ငံမှ ကစားသမား (၁၃၀)ဦးပါဝင်ယှဉ် ပြိုင်လျက်ရှိပြီး တစ်ဦးလျှင် ပွဲစဉ် (၉) ပွဲကစား ရမည် ဖြစ်ကြောင်း သိရသည်။

Open Section ပြိုင်ပွဲ၌ ပထမဆုကြေးအဖြစ် အမေရိကန် ဒေါ်လာ (၃,ဝ၀ဝ) သတ်မှတ်ထားပြီး ပြည်တွင်း အကောင်းဆုံး ကစားသမား ဆုများကိုလည်း ချီးမြှင့်မည်ဟု သိရသည်။ Challenger Section ပြိုင်ပွဲ၌ ပထမ ဆုကျပ်(၂) သိန်းနှင့် အခြား အဆင့်(၂)မှ (၁၀)အတွင်း ကစားသမား များကို လည်း ဆုချီးမြှင့်မည်ဟု သိရသည်။ ပြိုင် ပွဲ၏နောက်ဆုံး ပွဲစဉ်များနှင့် ဆုပေးပွဲအခမ်း အနားကို ဇူလိုင်(၁၁) ရက်နေ့ တွင် ကျင်းပ သွား မည်ဖြစ်ကြောင်း သိရှိရ သည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: