ဂုဏ်သိက္ခာကို ထိခိုက် လာမယ့် စကားတွေ အတွက် တရားစွဲမယ် လို့ပြောတဲ့ ချမ်းချမ်း


ချစ်သူနဲ့ လမ်းခွဲ ပြီးနောက်ပိုင်း ကောလာဟလတွေ ထွက်ရှိလာတဲ့အပေါ်မှာ တေးသံရှင် ချမ်းချမ်းက ယခုလိုပဲ ပြောလာ ခဲ့ပါ တယ်။ “အဓိက ကတော့ လူတွေ ပေါ့နော်။ လူတွေက စိတ်ဝင်စား ကြတယ်။ အနုပညာရှင် တစ်ယောက်ရဲ့ အချစ်ရေး ပဲဖြစ်ဖြစ်၊ ဘာအကြောင်း ပဲဖြစ်ဖြစ် စိတ်ဝင်စားကြတယ်။ ဒါပေမယ့် စိတ်ဝင်စားတာ ကျေးဇူးတင် ပါတယ်။

အဲဒီလိုမျိုး သွားပုပ်လေ လွင့်ပြော တယ် ပေါ့နော်။ အစ်မ Sponsor ယူနေတယ်လို့၊ သိန်း ၂ သောင်းတန် အိမ်ကြီးမှာ နေနေတယ်လို့ မာစီဒီး ကားကြီးစီးနေတယ် လို့ ဆိုတာ အစ်မအတွက် ထူးဆန်းတယ်။ အစ်မခံစားရ တယ်။ အစ်မကတော့ နှစ်ယောက် စလုံး အဆင်ပြေဖို့အတွက် လုပ်ပေးလိုက်တာ။ ဒါပေမယ့် အစ်မမှာ အဲဒီလိုမျိုး အကြောင်းတွေ အစ်မနိုင်ငံခြားက ပြန်လာမှ သိရတာ။ အစ်မကို အဲဒီလိုမျိုး ပြောနေကြ တယ်ဆိုတော့ စိတ်မကောင်းဘူး။

အစ်မတကယ်လို့သာ Sponsor ယူခဲ့မယ်ဆိုရင် အစ်မ အဲဒီတိုက်တွေရော၊ ကားတွေရော အစ်မထွက်ပြီးတော့ ဓာတ်ပုံရိုက်ပြမှာ ပေါ့။ ဒါပေမယ့် ကိုယ်ကလည်းမရဘူး၊ ရှိလည်းမရှိတဲ့ အတွက်ကြောင့် အစ်မကို သွားပုပ်လေလွင့်ပြောတဲ့ အတွက်ကြောင့် အစ်မအရမ်းကို စိတ်နာတယ်။ အဲဒီတော့ အစ်မ ပြောချင်တာက အစ်မကိုမကြည်ဘဲ ပြောနေမယ့် အစား လူတစ်ယောက်ရဲ့ခံစားချက်ကိုသေသေ ချာချာကြည့်ပါလား။ အစ်မ ပြောချင်တာက အဲဒီအတွက် အစ်မဘာမှ ထပ်ပြီး မရှင်းချင်ဘူး။ ဒါပေမယ့် အဲဒီလို အစ်မကို ထပ်ပြီးပြောလာမယ် ဆိုရင်တော့ အစ်မအဆိုးမဆိုပါနဲ့။ အစ်မတရားစွဲတာ တွေဖြစ်လာ လိမ့်မယ်။

ဘာဖြစ်လို့လည်း ဆိုတော့ အစ်မသိက္ခာကို ထိရင် အစ်မမခံဘူး။ အစ်မ အကောင်းဆုံး လုပ်ပေးခဲ့တယ်။ နှစ်ယောက်စလုံး ဒါကို လက်ခံပြီး လမ်းခွဲခဲ့ကြတယ်။ ဒါပေမယ့် လူတိုင်းမှာ ခံစားချက် ကိုယ်စီ ရှိကြတယ်။ ဒါကို နားမလည်ဘဲ လျှောက်ပြောနေ မယ်ဆိုရင် အစ်မက သည်းခံမှာ မဟုတ်ပါဘူး”ဟု တေးသံရှင်တေးစီးရီး မိတ်ဆက်ပွဲမှာ တေးသံ ရှင်ချမ်းချမ်းက သူမ အကြောင်းနှင့် ပတ်သက်ပြီး ဖြစ်ပေါ်နေတဲ့ ကောလာ ဟလ သတင်းကို ရှင်းလင်း ပြောကြား ခဲ့တာ ဖြစ်ပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: