မခံချင်စိတ်


ပြီးခဲ့တဲ့ အပတ်က ၂၀၁၄ ကမ္ဘာ့ ဖလား အာရှဇုန် ခြေစစ်ပွဲ ပထမ အဆင့်မှာ မြန်မာ့ လက်ရွေးစင် အသင်း ကမွန်ဂိုလီးယား လက်ရွေးစင် အသင်းကို ၂-ဝ အနိုင်ယူပြီး ခြေစစ်ပွဲ ဒုတိယ အဆင့်ကို တက်ရောက် သွားနိုင်ခဲ့တာ ကြောင့် ၂၀၁၁ ခုနှစ် ဇူလိုင်လ အစောပိုင်းဟာ မြန်မာ့ ဘောလုံးလောက အတွက် မင်္ဂလာ အရှိဆုံး ဖြစ်ခဲ့ရပါတယ်။ ဘာကြောင့် လဲဆိုတော့ သာမန် အားဖြင့် ကိုယ့်ထက် အဆင့်နိမ့်တဲ့ မွန်ဂိုလီးယားကို အနိုင်ရ ခဲ့တာဟာ သိပ်ထူး ဆန်းတဲ့ကိစ္စ မဟုတ်ပေမယ့် ဒီတစ်ခါမှာတော့ အရမ်းကို ထူးခြားနေ သလိုပါပဲ။

အဲဒီလိုထူးခြားတဲ့အကြောင်းရင်း ကတော့ ရလဒ်ဆိုးတွေနဲ့ချည်းပဲ ရင်ဆိုင်နေရတဲ့ မြန်မာ့ လက်ရွေးစင်အသင်းဟာ ၁၁ ပွဲကြာ နိုင်ပွဲပျောက်ဆုံးမှု ကို အချိန်ကာလအားဖြင့် တစ်နှစ်နဲ့ လေးလကြာမှ အဆုံး သတ်နိုင်ခဲ့တာဖြစ်လို့ ထူးခြားနေ သလိုခံစားခဲ့ကြရတာ ပါ။ နောက် တစ်ချက် ရှိပါသေးတယ်။ အဲဒါကတော့ မြန်မာ့ ဘောလုံး ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေး မှုပါပဲ။ တကယ် တော့ အောင်မြင်မှုတွေနဲ့ ဝေးကွာလွန်းမက ဝေး ကွာနေတဲ့ မြန်မာ့လက်ရွေးစင်အသင်းကို မြန်မာ့ဘောလုံး ပရိသတ်တွေ စိတ်ပျက်နေခဲ့ကြတာအမှန်ပါပဲ။ ဒါပေမယ့် မွန်ဂိုလီးယားနဲ့ ရန်ကုန်မှာ ရင်ဆိုင်ခဲ့တဲ့ ဒုတိယအကျော့ ကို လာရောက်အားပေးတဲ့ပရိသတ်အင်အားကတော့ ကြောက်ခမန်းလိလိပါပဲ။

ပွဲအစပွဲအဆုံး မြန်မာ့လက်ရွေး စင်အသင်းကို တစ်ခဲနက်အော်ဟစ် အားပေး နေကြပုံကို တွေ့ရတော့ ပရိသတ်တွေရဲ့ရင်ထဲမှာ မြန်မာ့ဘောလုံးဆို တာ ရှိနေပါသေးလား ဆိုတာ ကိုတွေ့ရတော့ ကြည်နူး ဝမ်းမြောက် စရာဖြစ်ခဲ့ ရပါတယ်။ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဒုတိယ အကျော့မှာ သုဝဏ္ဏ ကွင်းထဲ ပရိသတ်တွေ ကွင်းလုံးပြည့်လာရောက် အားပေးတာ ရိုးရိုးတန်းကို အခမဲ့ဝင်ခွင့်ပေးတာ တစ်ခုတည်း ကြောင့်လို့တော့ မဆိုနိုင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အဲဒီပွဲမှာ ရိုးရိုးတန်းထက် ဝင်ကြေး ပေးရတဲ့ အထူးတန်းမှာ ကြည့်ရှုအားပေးတဲ့ ပရိသတ်က ပိုများနေ တာကြောင့် ပါပဲ။ မြန်မာ့ ဘောလုံး လောကကို ပရော်ဖက်ရှင် နယ်လိဂ် အဖြစ် ပြောင်းလဲ ပြီးနောက်မှာ အောင်မြင်မှုတွေနဲ့ ဝေးကွာ နေတာရယ်၊ ၂၀၁၁ ခုနှစ်အတွင်းမှာပဲ ကျင်းပ ခဲ့တဲ့ AFC Challenge Cup ပြိုင်ပွဲမှာ မြန်မာ အသင်းခြေစစ်ပွဲ မအောင်မြင် ခဲ့တာတွေဟာ မြန်မာ့ဘောလုံးပရိသတ်ကို အမှန်တကယ် စိတ်ပျက်စေခဲ့တာပါ။

ဒါ့အပြင် ခြေစမ်းပွဲ မှာ မလေးရှားကို ၂ ဂိုးပြတ်ရှုံးပြီး မွန်ဂိုလီးယား မြို့တော် အူလာဆာ ဘတ်မှာသွားကစားခဲ့တဲ့ ခြေစစ်ပွဲပထမ အကျော့မှာလည်း ၁-ဝနဲ့ ရှုံးနိမ့်ခဲ့လို့ ပရိသတ်တွေရဲ့ မြည်တွန်တောက်တီး ဝေဖန်သံတွေလည်း ရှိခဲ့ပါတယ်။ အဲဒီလိုရလဒ်ဆိုးတွေကြောင့် မြန်မာ့လက်ရွေးစင်နည်းပြ အဖြစ်တာဝန်ယူခဲ့တဲ့ ဆာဘီးယား နည်းပြကြီး မီလန်ဇီဗာဒီနိုဗစ်လည်း သူ့တာဝန် သူယူပြီး ရာထူးမှနုတ်ထွက် သွားခဲ့ရပါတယ်။ မီလန်ဇီဗာဒီနိုဗစ်ကို ထုတ်ပယ်လိုက် ပြီဆိုတဲ့ သတင်းနဲ့အတူ နည်းပြချုပ် နေရာမှာ ၂၀ဝ၆ ခုနှစ်ကမြန်မာ့လက်ရွေးစင်အသင်းကို မလေးရှားနိုင်ငံ လွတ်လပ်ရေးအထိမ်းအမှတ် မာဒေးကားဖိတ်ခေါ်ဖလား ပြိုင်ပွဲမှာ ဆုဖလားရယူပေးခဲ့တဲ့ လက်ရှိ ကမ္ဘောဇနည်းပြ ဦးဆန်းဝင်းကို အစားထိုးခန့်အပ်လိုက်ပြီဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ ဒီအခါမှာ မြန်မာ့ဘောလုံးပရိသတ်တွေရဲ့ ရင်ထဲက မခံချင် စိတ်တွေက နိုးကြွလာခဲ့တာဖြစ်တယ်လို့စာရေးသူ ယုံကြည်ထင်မှတ်မိပါတယ်။

မွန်ဂိုလီးယားလိုအသင်းမျိုး ကိုတောင် ရှုံးရမလားဆိုတဲ့စိတ်၊ နိုင်ငံခြားသားနည်းပြ မလုပ်နိုင်ခဲ့ တာတွေကို မြန်မာနည်းပြတစ်ဦး ဘယ်လို လုပ်ပြမလဲဆိုတဲ့ မခံချင်စိတ်တွေဟာ အဲဒီနေ့က သုဝဏ္ဏ ကွင်းထဲမှာရှိတဲ့ ပရိသတ်တိုင်းရဲ့ရင်ထဲမှာ ကိန်းအောင်း နေတာအမှန်ပါပဲ။ တကယ်လည်း ကွင်းထဲမှာ ပရိသတ် တွေဟာ နိုင်ငံတော်သီချင်းစဆိုချိန်ကစပြီး ပွဲပြီးချိန် အထိ အသံတစ်ချက် မတိတ်ဘဲ အားပေးသွားပုံက မြန်မာ့ဘော လုံးပရိသတ်တွေ အောင်မြင်မှုကို ဘယ်လောက်ဆာ လောင်မွတ်သိပ် နေကြတယ် ဆိုတာ သိသာ ထင်ရှားလွန်းခဲ့ ပါတယ်။ ပရိသတ်တွေနည်းတူ မြန်မာကစားသမားတွေ နည်းပြအဖွဲ့ဝင်တွေမှာလည်း အဲဒီမခံချင် စိတ်တွေက အပြည့်အဝ ရှိနေခဲ့တာပါ။

ဒါကြောင့်လည်း မွန်ဂိုလီးယား ကို ပွဲစချိန်ကနေ မိနစ် ၉၀ ပြည့်တဲ့အထိ ခြေစွမ်း၊ ရလဒ်၊ စိတ်ဓာတ် အသာစီးနဲ့အနိုင်ယူခဲ့တာဖြစ်ပါတယ်။ မွန်ဂိုလီးယားလို ကိုယ့်ထက် အဆင့်နိမ့်တဲ့ အသင်း တစ်သင်းကို အနိုင်ရခဲ့တာဟာ တကယ်တမ်းတွေးကြည့် ရင် ဘာမှမဟုတ်လောက်ဘူးဆိုပေမယ့် မြန်မာ့ဘောလုံး သမိုင်းအတွက်တော့ လမ်းသစ်တစ်ခုလို့ဆိုရင်လည်း မမှားနိုင် ပါဘူး။ ဘာကြောင့်လဲဆိုတော့ မြန်မာအသင်း ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲသမိုင်းတစ်လျှောက်မှာ ပထမ အဆင့်ကိုကျော်ဖြတ်ပြီး ဒုတိယအဆင့်ကို တက်ရောက် နိုင်ခဲ့တာဟာ ခုတစ်ကြိမ်က ပထမဆုံးဖြစ်နေလို့ပါပဲ။ ခုဆိုရင် ၂၀၁၄ ကမ္ဘာ့ဖလားအာရှဇုန် ခြေစစ်ပွဲ ဒုတိယအဆင့်မှာ မြန်မာ့လက်ရွေးစင်အသင်း ထပ်ပြီး ရင်ဆိုင်ရမှာက ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ အဆင့် ၁၁၀၊ အာရှအဆင့်သတ်မှတ်ချက်မှာ အဆင့် ၁၄ ရှိတဲ့ အရှေ့အလယ်ပိုင်းဒေသက အိုမန်လက်ရွေးစင်အသင်း ပါ။

ဒါကြောင့် ခြေစစ်ပွဲ ဒုတိယအဆင့်ဟာ မြန်မာ အသင်းအတွက် မွန်ဂိုလီးယားကို ရင်ဆိုင်ခဲ့ တာထက် ပိုမို ခက်ခဲမယ့်စိန်ခေါ်မှုတစ်ခုပါ။ မွန်ဂိုလီးယားကို အနိုင် ရပြီး စိတ်ဓာတ်ပိုင်းဆိုင်ရာအားကောင်းလာတဲ့ မြန်မာ့ လက်ရွေးစင် အသင်းဟာ အိုမန်ကိုရင်ဆိုင်ရာမှာတော့ ခြေစွမ်းပိုင်း၊ စိတ်ဓာတ်ပိုင်း၊ နည်းဗျူဟာပိုင်းတွေမှာ မွန်ဂိုလီးယားကို ရင်ဆိုင် တုန်းကထက် အဆပေါင်းများ စွာ ပြင်ဆင်ထားဖို့ လိုပါတယ်။ ဒီနေရာမှာ အိုမန်လက်ရွေးစင်အသင်းအကြောင်း ကို အနည်းငယ် ရှင်းပြလိုပါတယ်။ အိုမန် လက်ရွေးစင် အသင်းဟာ ပြီးခဲ့တဲ့လကမှ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲ မှာ ကင်မရွန်းနည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ ပြင်သစ် နည်းပြ လီဂူအမ်ကို နည်းပြအဖြစ် ခန့်အပ်ထားတာပါ။ လီဂူအမ်ဟာ ပြင်သစ်လီဂူးနဲ့ဥရောပဘောလုံးလောကမှာ ကျင်လည်လာခဲ့တဲ့ ထိပ်တန်း နည်းပြ တစ်ဦးပါ။ အဲဒီလိုပဲ လက်ရှိအိုမန်လက်ရွေးစင် ကစားသမားအများစုဟာ ပြည်ပအခြေစိုက် ကစားသမားတွေဖြစ်ပါတယ်။

အထင် ရှားဆုံးပြောရရင် ဂိုးသမား ဟတ်ဆီဟာ ပရီးမီးယား လိဂ်ကလပ် ဖူလ်ဟမ်မှာ ကစားနေသူပါ။ အဲဒီလိုပဲ တခြားကစားသမား တွေကလည်း ဆော်ဒီအာရေဗျ၊ ကာတာ၊ ကူဝိတ် စတဲ့အရှေ့အလယ်ပိုင်းဒေသက ထိပ် တန်းကလပ်တွေနဲ့ အတူ အာရှချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ ရင်ဆိုင်နေသူ တွေဖြစ်တာ ကြောင့် အခုမှနာလံထခါစ မြန်မာ့လက်ရွေးစင် အသင်း အနေနဲ့ တော်ရုံတန်ရုံပြင်ဆင် မှုလောက်နဲ့တော့ ရင်ဆိုင်ဖို့လွယ်မှာမဟုတ်ပါဘူး။ အိုမန်ကို ရင်ဆိုင်ဖို့ အတွက် မြန်မာ့ လက်ရွေးစင် အသင်းဟာ ပါလက်စတိုင်းနဲ့ရင်ဆိုင်ရမယ့် ထိုင်းအသင်း နဲ့ ပူးတွဲလေ့ကျင့်မှုတွေပြုလုပ်မယ်ဆိုတာ လုပ်သင့်လုပ် ထိုက်တဲ့ ပြင်ဆင်မှု တစ်ခုပါ။ နည်းဗျူဟာပိုင်း၊ ကြံ့ခိုင်မှု ပိုင်းမှာ အကောင်းဆုံးပြင်ဆင်ထားရမှာဖြစ်သလို အဓိက အရေးကြီးဆုံးတစ်ခုက စိတ်ဓာတ် ပိုင်းဆိုင် ရာမှာလည်း ပြီးခဲ့တဲ့ မွန်ဂိုလီးယားနဲ့ ပွဲကထက် အဆပေါင်း များစွာ သာလွန်နေဖို့လိုပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းကို ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ဖို့အထိ မျှော်လင့်လို့မရ ပေမယ့် အာရှထိပ်တန်း အဆင့်ကို ပြန်လည် ရောက်ရှိလာ ဖို့က အိုမန်နဲ့ပွဲဟာ အခွင့်အရေးတစ်ရပ်ဆိုရင်လည်း မမှားပါဘူး။ မြန်မာ အသင်း ဟာ ဇူလိုင်လ ၂၃ ရက်နေ့ အဝေးကွင်းမှာ အရင်ဆုံးသွားရောက်ရင်ဆိုင်ရမှာဖြစ်လို့ အဝေး ကွင်းမှာ ရလဒ်သာကောင်းလာခဲ့မယ်ဆိုရင် ဒုတိယ အကျော့ မှာတော့ သုဝဏ္ဏကွင်းထဲမှာ မွန်ဂိုလီး ယားနဲ့ပွဲကထက် ၃ ဆလောက်ပိုများတဲ့ မြန်မာ့ဘောလုံး ချစ်ပရိသတ်တွေ စောင့်မျှော် နေမှာ အမှန်ပင် ဖြစ်ပါ ကြောင်း တင်ပြ လိုက်ရပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: