လန်ဒန်က အိပ်ပြီး ကြည့်နိုင်တဲ့ ရုပ်ရှင်ရုံ
သမားရိုးကျ ရုပ်ရှင် ရုံပုံစံများ မှသည် ဆန်းသစ် တီထွင်လိုက်သည့် ရုပ်ရှင်ရုံ အမျိုးအစား များကို ၂၁ ရာစုနှစ်တွင် တွေ့ရှိရသည့် အနက် ၂၄နာရီပြ ရုပ်ရှင်ရုံ၊ နယ်လှည့် ရုပ်ရှင်ပြယာဉ်ငယ်၊ ပရိသတ် ၁၅ ဦးခန့် ကြည့်နိုင်သည့် ရုပ်ရှင်ပြသခန်းပါသောယာဉ် စသဖြင့် အမျိုးမျိုး ပေါ်ပေါက်လာရာ ယခု လန်ဒန်က ဘာဘီကန် ရုပ်ရှင်ရုံကြီးတွင် ရှည်လျားပေများပြီး ငြီးငွေ့ဖွယ် ကောင်းနေ မယ်ဆိုရင် ရုပ်ရှင် ကြည့်ပရိသတ်များအတွက် ကြည့်ရင်း သက်သောင့်သက်သာ အိပ်ပျော် နိုင်အောင် စီစဉ်ထားတယ်လို့ ဆိုပါ တယ်။
ညပွဲ(၁၀)နာရီတိတိမှာ လာရောက်ရမှာဖြစ်ပြီး ညဝတ်အင်္ကျီ၊ သွားပွတ်တံယူဆောင်လာရမှာ ဖြစ်ပါတယ်။ တစ်ယောက်အိပ်၊ နှစ်ယောက်အိပ်၊ သုံးယောက်အိပ် မွေ့ရာများ ရနိုင်ပြီး မီးမှိန်မှိန်အောက်မှာ ငြိမ့်ညောင်းဖွယ်ရာ တေးဂီတနဲ့ ချော့သိပ်ပြီး အိပ်မက်ကမ္ဘာထဲသို့ ခေါ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ရုပ်ရှင်ကြည့်စဉ် ရယ်မော အော်ဟစ်သံ များထက် ဟောက်သံ အများဆုံးကြားရမှာပါ။ နံနက် (၇း၃၀)တွင် ပွဲပြီး၍ ပြန်ရမှာဖြစ် ပါတယ်။