ကျူးကျော် မြန်မာငါးဖမ်းဘုတ်များကို ဖမ်းဆီးရန် ဘင်္ဂလာဒေခ်ျ့ ရေတပ် သင်္ဘောများ စေလွှတ်


ဘင်္ဂလာဒေခ်ျ့ ရေပိုင်နက် အတွင်းသို့ ကျူးကျော် ၀င်ရောက်ပြီး ငါးဖမ်းနေသော မြန်မာနိုင်ငံမှ ငါးဖမ်းဘုတ်များကို ဖမ်းဆီး အရေးယူနိုင်ရေးအတွက် ရေတပ် သင်္ဘော များ၊ ကမ်းခြေစောင့် သင်္ဘောများကို စေလွှတ်လိုက်ကြောင်း ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ပြောသည်။

Bangladesh-navy
မြန်မာမှ ငါးဖမ်းဘုတ်များ ဘင်္ဂလာဒေခ်ျ့ ရေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက် ငါးဖမ်းနေကြောင်း ယမန်နေ့က အထက်အာဏာပိုင်များက သက်ဆိုင်ရာ ကမ်းခြေ စောင့် တပ်ဖွဲ့သို့ အကြောင်းကြားပြီးနောက် ချက်ချင်းဆိုသလို ဘင်္ဂလာဒေခ်ျ့ ရေတပ်နှင့် ကမ်းခြေစောင့်တပ် သင်္ဘောများကို အဆိုပါ ဒေသသို့ စေလွှတ်လိုက်ခြင်း ဖြစ်ကြောင်း ပြောသည်။


ဘင်္ဂလာဒေခ်ျ့ ကမ်းခြေစောင့်တပ်ဖွဲ့ စစ်ဆင်ရေးအဖွဲ့ အကြီးအကဲ ဗိုလ်မှူးကြီး ဂျာဆင် မူဇာမန်က သူတို့အား ဘင်္ဂလာဒေခ်ျ့ ငါးလုပ်ငန်းဦးစီးဌာနမှ နေ့လည် ၁၂ နာရီ ၃၀ တွင် မြန်မာမှ ငါးဖမ်းဘုတ်များ ဘင်္ဂလာဒေခ်ျ့ ရေပြင်ပိုင်နက် အတွင်း ကျူးကျော် ၀င်ရောက် ငါးဖမ်းနေကြောင်း သတင်းပေးပို့သဖြင့် အရေးယူနိုင်ရေး အတွက် ချက်ချင်း ကမ်းခြေစောင့်တပ်ဖွဲ့များကို စေလွှတ်ပြီး ရှာဖွေခဲ့ကြောင်း ပြောကြားသည်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံ တောင်ပိုင်းတွင် ကမ်းခြေစောင့်တပ်ဖွဲ့ အခြေစိုက်စခန်း (၄) ခု ဖြစ်သည့် စိန်မာတင်( အုန်းကျွန်း)၊ တက်ကနက်၊ ကော့ဘဇားနှင့် ချာပူရီ မှ ကမ်းခြေစောင့် ကင်းလှည့် သင်္ဘောများကို အဆိုပါ ဒေသသို့ စေလွှတ်ခဲ့ကြောင်း သူက ဆက်ပြောသည်။

သို့သော်လည်း မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ ရေပြင် နယ်နမိတ်မှာ ကျယ်ပြန့်သဖြင့် မြန်မာမှ ငါးဖမ်း ဘုတ်များကို ရှာဖွေ၍ မတွေ့ရှိသေးသဖြင့် မြန်မာ ငါးဖမ်းဘုတ်များ ၀င်ရောက် ငါးဖမ်းနေသည်ဆိုသော ရေပြင် အမှတ်ကို တောင်းခံထားကြောင်း ပြောကြားသည်။

ဘင်္ဂလာဒေခ်ျ့ ရေတပ် တပ်မှူး ယူဆော့ကလည်း ထိပ်ပိုင်း အစိုးရ အဖွဲ့ထံမှ မြန်မာ ငါးဖမ်း ဘုတ်များ ဘင်္ဂလာဒေခ်ျ့ရေပြင် ပိုင်နက် အတွင်း ကျူးကျော် ၀င်ရောက် ငါးဖမ်းနေသည့် အကြောင်းကြားချက်ကို လက်ခံရရှိခဲ့ပြီး ယခုအခါ အဆိုပါ ဒေသသို့ ရေတပ် သင်္ဘောများကို စေလွှတ်ထားပြီ ဖြစ်ကြောင်း သတင်းထောက်များသို့ ပြောကြားသည်။

သူတို့ ရေတပ် သင်္ဘောများ အနေဖြင့် ကမ်းခြေစောင့်တပ်ဖွဲ့နှင့် ပူးပေါင်းကာ မြန်မာ ငါးဖမ်း ဘုတ်များဝင်ရောက် ကျူးကျော် ငါးဖမ်းနေမူကို တားဆီး ကာကွယ်သွား မည် ဖြစ်ကြောင်း ပြောကြားသွားသည်။

မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့အကြား ၂၀၀၈ ခုနှစ်က ရေပြင်ပိုင်နက် အငြင်းပွားမူကြောင့် အခြေအနေ အထူး တင်းမာခဲ့ပြီး နှစ်ဘက် ရေတပ်သင်္ဘောများကို စေလွှတ်ခဲ့ရသည့် အနေအထားသို့ထိ ရောက်ရှိခဲ့သည်။ သို့အတွက် ရေပြင် ပြဿနာမှာ နှစ်နိုင်ငံ အကြား အထိမခံနိုင်သော အထူးအရေးကြီးသော ကိစ္စတရပ် ဖြစ်ကြောင်း သိရသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: