ရန်ကုန်မြို့ရှိ နေရာတိုင်းတွင် ဂျီဖုန်းဖြင့် အင်တာနက်သုံး၍မရ


ဂျီဖုန်းဖြင့် အင်တာနက်သုံးခြင်းကို ရန်ကုန်မြို့ရှိ နေရာတိုင်း တွင်မရကြောင်း သုံးစွဲသူများက ပြောသည်။ လက်ရှိတွင် ဂျီဖုန်းဖြင့် အင်တာနက်သုံးသူအများစုမှာ ကွန်ပျူ တာဖြင့် ချိတ်ဆက်သုံးသူနည်းပြီး ဟန်းဆက်ဖြင့်သာ သုံးသူများသောကြောင့် အင်တာနက်သုံး၍ မရသောနေရာများရှိသည်ကို တွေ့ရှိလာရသည်ဟု ကျောက်မြောင်း တွင်နေထိုင်သူ ကိုမျိုးကပြောသည်။”ရွှေဂုံတိုင်မှာသုံးရတာ တော်တော်အဆင်ပြေတယ်။

၃၅ လမ်းနဲ့ ဆေးရုံကြီးနားမှာမရဘူး။ ဗိုလ်တထောင်နဲ့ ကြည့်မြင်တိုင်မှာတော့ ရတဲ့နေရာရပြီး မရတဲ့နေရာမရဘူး”ဟု ၄င်းကပြောသည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးဇော်မင်းဦးအား မေးမြန်းကြည့်ရာ အင်တာနက်ဆက်ကြောင်း အားနည်းသည့်နေရာများတွင် ရောက်ရှိနေ၍ ဂျီဖုန်း အင်တာနက် အသုံးပြု၍မရခြင်းဖြစ်ကြောင်း ပြောသည်။EDGE စနစ်ဖြင့် အင်တာနက်အသုံးပြုရာတွင် အင်တာနက် အသုံးပြုနိုင်သည့် နေရာများစွာရှိသော်လည်း အင်တာနက် အသုံး ပြု၍မရသည့် နေရာများလည်းရှိနေကြောင်း သိရသည်။

”အင်တာနက်လိုင်း မမိတဲ့နေရာက BTS တာဝါတိုင်တစ်တိုင်နဲ့ တစ်တိုင်နယ်စပ်တွေမှာ ဖြစ်ကြတာပါ။ တာဝါတိုင်နဲ့ နီးတဲ့နေရာတွေမှာ အင်တာနက်အသုံးပြု ရတာကောင်းပြီး ဝေးတဲ့နေရာတွေမှာ အားနည်းသွားတာပါ။ ဥပမာ ရေပိုက်ခေါင်းတစ်ခုကနေ ပိုက်တွေခွဲပြီး ဆွဲသလိုမျိုးပေါ့။ ပိုက်ခေါင်းနဲ့ နီးတဲ့နေရာမှာ ရေအား ကောင်းပြီး ပိုက်ခေါင်းနဲ့ဝေးတဲ့နေရာမှာ ရေအားနည်းသလိုမျိုးပါပဲ။ ဒီအတိုင်းပဲ အင်တာနက် မရတာကလည်း အခုလိုမျိုးဖြစ်တာပါ”ဟု ၄င်းကပြောသည်။

အင်တာနက် လိုင်းများ ပိုမိုမြန်ဆန်လာစေရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်တာနက်မြန်နှုန်း ကောင်းမွန်စေမည့် Gateway တစ်ခုတည်ဆောက်နေပြီ ဖြစ်ကြောင်း၊ ၄င်း Gateway ပြီးစီးသွားပါက လက်ရှိမြန်နှုန်းထက် ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်းနှင့် အင်တာနက်အသုံးပြုနိုင်သည့် နေရာဒေသများပါ တိုးချဲ့သွားမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

အောင်ဇော်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: