စိတ်တွက်သင်္ချာ
ဒီစာအုပ်ပါ စိတ်တွက်သင်္ချာတွက် နည်းစနစ်သစ်ကို တီထွင်သူက ‘ဂျာကာတ ရာခ်ျတင်းဘတ်စ် (Jakow Tarchtenbery) ဖြစ်ပြီး ၁၉၃၇ ဂျစ်ဂတ်စတာဖို့ အကျဉ်းသား ဘဝရောက်ရှိနေစဉ် မှာပဲ ဒီပညာရပ်ဖြစ်လာဖို့ အခြေခံခဲ့တာပါ။
ဒီနည်းစနစ်တွေ ပါဝင်တဲ့ စာအုပ်ကို မောင်မြင်ကြွယ်က မြန်မာဘာသာ သို့ ပြန်ဆို ဖော်ပြထားတာဖြစ်ပါတယ်။ ဒီစာအုပ်ဟာ သင်္ချာဘာသာရပ်ကို စိတ်ပါဝင်စားကြတဲ့ ဥာဏ်ရည် ထက်မြက်တဲ့ ကျောင်းသားလူငယ်တွေကို မွေးထုတ်ရာမှာ တစ်ထောင့် တစ်နေရာကနေ အထောက်အကူ ပြုနိုင်မှာဖြစ်ကြောင်း၊ လူ့ဘဝကြီးရဲ့ အောင်မြင်မှု ဆုံးရှုံးမှု ဆိုတဲ့ အချက်တွေဟာ ကိုယ်ပိုင် သင်္ချာစွမ်း ရည်ထက်မြက်မှုနဲ့ ညံ့ဖျင်းမှုကို အခြေခံတယ်လို့ ရိုးသားစွာ ယုံကြည်ထား ကြောင်း စတဲ့ အချက်တွေကိုလည်း စာ အုပ်ရဲ့ နောက်ကျောဖုံးမှာ အထင်အရှား ဖော်ပြထားပါတယ်။ သင်္ချာဘာသာရပ် ကို သင်ကြားပေး နေသူတွေအနေနဲ့ လည်း ဒီစာအုပ်ပါ တွက်ချက်နည်းတွေ က ကလေး လူငယ်တွေရဲ့ မှတ်ဥာဏ်ကို တိုးတက် ကောင်းမွန် လာစေနိုင်ခြင်းရှိ၊ မရှိ၊ သင်္ချာဘာသာရပ်ကို အဓိပ္ပာယ်ရှိ ကြောက်လန့် နေကြသူတွေ ဒါမှမဟုတ် သင်္ချာဘာသာရပ်မှာ ညံ့ဖျင်းနေသူတွေ၊ သင်္ချာဘာသာရပ်ကို စိတ်မဝင်စားတဲ့ ကျောင်းသား လူငယ်တွေကို ပြုပြင် ပြောင်းလဲ ပေးနိုင်တာမျိုးရှိ၊ မရှိ အရည်အချင်း တိုးတက်လာမှုရှိ၊ မရှိ လေ့လာ ဆန်းစစ် ကြည့်စေလိုတယ်လို့ စာရေးသူ က သူ့ရဲ့အမှာမှာ မေတ္တာ ရပ်ခံထားတာ ကိုလည်း တွေ့ရပါတယ်။ ဒီစာအုပ်မှာ အခြေခံမြှောက်နည်း၊ တိုက်ရိုက် လျင်မြန် စွာမြှောက်နည်း၊ အမြန်မြှောက်နည်း သို့ မဟုတ် လက်နှစ်ချောင်းနဲ့ မြှောက်နည်း၊ မှန်အောင်နှင့် မြန်အောင်စားနည်း၊ နှစ်ထပ်ကိန်းနှင့် နှစ်ထပ်ကိန်းရင်း စတဲ့ အကြောင်းအရာ တွက်ချက်နည်းတွေ ပါဝင်ပါတယ်။ စာအုပ်ရဲ့အမှာရယ် နိဒါန်း ဆိုတဲ့ စာမျက်နှာရယ်ကို ဖတ်ရုံနဲ့တင် ဒီစာအုပ်ပေါ်ပေါက်လာပုံ၊ ဝယ်သင့် မဝယ်သင့်၊ လူငယ်တွေအတွက်သာမက လူကြီးတွေအတွက်ပါ အသုံးဝင်၊ မဝင် စတာတွေကို သိရှိနိုင်ပါလိမ့်မယ်။ သင်္ချာ အခြေခံမကြေညက်လို့ သင်္ချာတွက်ရမှာ ကြောက်သွားတာကို မသိရှိဘဲ တပူပူ တဆူဆူလုပ်၊ အော်ဟစ် သင်ကြားလေ့ ရှိတဲ့ မိဘတွေအတွက်လည်း ဆန်းစစ် လေ့လာလို့ရအောင် ဖြည့်စွက်သင်ကြား ပေးလို့ရအောင် အထောက်အကူပြုနိုင် မယ့် စာအုပ်တစ်အုပ်ဖြစ်ပါလိမ့်မယ်။