ရင်သားအလှ ပြုပြင် သင့်လား


လူအများစုက လှချင်ကြပါတယ်။ အရေပြားတစ်ထောက်စာ အပေါ်ယံအလှအတွက် အချိန်၊ ငွေကုန်ခံပြီး ပြင်ဆင်လေ့လည်း ရှိကြပါတယ်။ အဲဒီလိုပြင်ဆင်တဲ့အထဲမှာ ခွဲစိတ်ကုသ ပြင်ဆင်တာလည်း ပါပါတယ်။ ရင်သားမှာ ဆီလီကွန်ထိုးပြီးပြု ပြင်တာ ကတော့ အမျိုးသမီးတွေ အင်မတန်မှ စိတ်ဝင်စား တယ်လို့ ဆို ကြပါတယ်။

ကမ္ဘာမှာ အမျိုးသမီးထုရဲ့ ၂၀ ရာခိုင်နှုန်းက ရင်သားပြုပြင်ချင်ကြပြီး အမေရိကန် ပြည်ထောင်စုမှာတော့ အမျိုးသမီးတစ်ဝက်လောက်က ရင်သားကို ပြုပြင်ချင်ကြတယ်လို့ အစားအစာနဲ့ ဆေးဝါးကွပ်ကဲ ရေးဌာန (FDA) ရဲ့ အစီရင်ခံစာက ဆိုပါတယ်။

ရင်သားပြုပြင်မှုတွေ ဟာ ရှုပ် ထွေးပြီး အန္တရာယ်ရှိ တာကြောင့် ဆယ်စုနှစ် တစ်ခုအတွင်းမှာပဲ တိုက်ထုတ် ပစ်နိုင်မယ်လို့ ယူဆကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။

ရင်သားကို ဆီလီကွန်ဂျယ် ထိုးသွင်းပြုပြင်မှုတွေက ဘ၀မှာ အရေးပါတဲ့ကိစ္စ မဟုတ်ပါဘူး”လို့ FDA ရဲ့ ဓာတ်မှန်နဲ့ ဆေးကိရိယာဌာနက အုပ်ချုပ်မှုဒါရိုက်တာ ဂျက်ဖရီဆာရန်က ဆိုပါတယ်။

ရင်သားခွဲစိတ်ပြုပြင်မှု ခံယူထား တဲ့ အမျိုးသမီးတွေဟာ ရေရှည်မှာ ရင်သားနဲ့ပတ်သက်ပြီး စိတ်အနှောင့် အယှက်ဖြစ်စရာတွေ ကြုံရမှာပါ။ ရင်သားတောင့်တင်းလာတာတွေ ခံစားရပါများလာရင် ပြန်ဖယ်ထုတ် ချင်စိတ် ပေါက်လာနိုင်တယ်။

အဲဒီ အချိန်မှထုတ်ရင်လည်း ကျန်းမာရေး ကို ထိခိုက်နိုင်ပါတယ်။

နောက်ပြီး နို့ရည်ထွက်နှုန်း တွေ၊ အနာရွတ်ဖြစ်တာတွေ၊ အရွယ် မညီတာတွေ၊ အကြည့်ရဆိုးတာ တွေလည်း ဖြစ်တတ်ပါတယ်။

ဒါတွေကို အမျိုးသမီးတွေကသိပေမယ့် ရင်သားပြုပြင်မှုတွေကိုလည်း ဆက်လုပ် နေကြဆဲ၊ ကျေနပ်နေကြဆဲပါလို့ ဒေါက်တာဂျက်ဖရီဆာရန်က ဆိုပါတယ်။ ဒါပေမယ့် အမျိုးသမီးတစ်ထောင်ကျော်ကို လေ့လာကြည့်တဲ့ အခါ ဆီလီကွန်နဲ့ ရင်သားပြုပြင်မှုဟာ တွယ်ဆက်တစ်ရှူးရောဂါ၊ အခြားမလိုလားအပ်တဲ့ရောဂါတွေနဲ့ ကင်ဆာရောဂါ ဖြစ်စေတယ်ဆိုတာ ကိုတော့ အထောက်အထား ခိုင်ခိုင် မာမာ မတွေ့ရပါဘူး။

ဒီလိုပြုပြင်ခြင်းနဲ့ပတ်သက်ပြီး အထောက်အထားတွေ မတွေ့ရပေ မယ့် FDA က ဆက်လက်လေ့လာ နေဆဲဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်မှာတော့ ဆေးဝါး ကုမ္ပဏီတွေက လုံလောက်တဲ့အချက် အလက်တွေပေးပြီး ဆေးသစ်ထုတ် ခွင့်တွေကို FDA ကို တောင်းခံပါ တယ်။

အေလာဂျန်နဲ့ မန်တာဆေး တွေကို FDA က သေသေချာချာ စစ်ဆေးပြီး လက်ခံခဲ့ပါတယ်။

ထုတ်လုပ်မှု တစ်ခုချင်းစီအတွက် ကာလရှည်ကြာ လေ့လာမှုခြောက်ကြိမ် လုပ်ရပါတယ်။

ဒါကတော့ အမျိုးသမီးတွေအ တွက် စိတ်ချရတာပါပေါ့။

ဒီဆေး တွေက အမေရိကန်ပြည်ထောင်စုရဲ့ ပလပ်စတစ်ဆာဂျရီအဖွဲ့က အခြေခံ ပြီး ပေါ်လာတာပါ။

ဒီအဖွဲ့ရဲ့ကြေ ညာချက်အရ အမျိုးသမီးတွေ ရင် သားပြုပြင်မှုလုပ်တာတွေ များလာ ပြီး ၂၀၁၀ ပြည့်နှစ်မှာတော့ အမျိုး သမီးသုံးသိန်းက ရင်သားပြုပြင်မှု လုပ်လာကြပါတယ်။

အခြားသူတွေကို ဆွဲဆောင်လို မှုက သူတို့ရဲ့အဓိကရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။

ဒီလိုနဲ့ ဆယ်စုနှစ်တစ် ခုအတွင်းမှာ ရင်သားပြုပြင်မှု ၁၈ ရာခိုင်နှုန်းအထိ တိုးလာပါတယ်။

တကယ်တော့ ဆီလီကွန်ထိုး သွင်းမှုက ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာကို အမျိုးသမီး တွေက သိပြီးသားပါလို့ ၀ါရှင်တန် ဒီစီမှာရှိတဲ့ ဂျော့ခ်ျရှ်တောင်းတက္က သိုလ်ဆေးရုံ၊ ပလပ်စတစ်ဆာဂျရီ ဌာနရဲ့ အကြီးအကဲ စကော့အယ်လ် စပီးယားက ပြောပါတယ်။ ဆီလီကွန်သုံးစွဲမှုက အသက် အရွယ်ပေါ် မူတည်ပါတယ်။ အ သက်ငယ်ငယ်နဲ့ အစားထိုးမှုလုပ် သူတွေက ပိုပြီးအစားထိုးဖို့လိုပါ တယ်။ သူတို့က အသက် ရှည်မှာဆို တော့ အချိန်ကြာကြာခံနိုင်လို့ပါလို့ ဆက်ပြောပါတယ်။

FDA ရဲ့ ပြောဆိုချက်တွေ ကြောင့် ရင်သားပြုပြင်ချင်တဲ့သူတွေ ရော၊ ရင်သားဖယ်ရှားချင်သူတွေပါ ကြောက်သွားမှာ စိုးရိမ်ရတယ်လို့ ဆို ပါတယ်။ အမေရိကန်ပြည်ထောင်စု ပလပ်စတစ်ဆာဂျရီဌာနရဲ့ အုပ်ချုပ် မှုဒါရိုက်တာ ဖီလ်ဟီရက်ကတော့ ဒါတွေနဲ့ပတ်သက်ပြီးတော့ ဆွေးနွေး ပွဲတွေလုပ်တာကောင်းတယ်။ ဆရာ ၀န်တွေကလည်း ပိုပြီးဂရုစိုက်ရမယ်။ ပြုပြင်ပြီးလည်း ဆက်ကြည့်ရမယ် လို့ ဆိုပါတယ်။

စားသုံးသူအခွင့်အရေး စောင့် ကြည့်လေ့လာရေးအဖွဲ့က တာဝန်ရှိ သူတစ်ဦးက “ဒါက စောင့်ကိုစောင့် ကြည့်ရမယ့်ကိစ္စပါ”လို့ ဆိုပါတယ်။

ပြည်သူ့ကျန်းမာရေးသုတေသန အဖွဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဆစ်ဒနီ ၀ဖ်က “FDA ရဲ့ ဒီလဆန်းသတင်း ထုတ်ပြန်မှုအရ ရင်သားပြုပြင်မှုနဲ့ ရင်သားကင်ဆာက ဆက်စပ်မှုရှိပါ တယ်။

ဒါကြောင့် ပြုပြင်မှုတွေကို ခါတိုင်းထက် ပိုဂရုစိုက်လုပ်ရမယ်။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသမီး တွေကို ဒါမလုပ်ပါနဲ့လို့မှ တားလို့မရ တာကိုး”လို့ ပြောပါတယ်။

ရင်သားပြုပြင်မှုလုပ်ပြီးရင် ဆရာဝန်နဲ့ ရက်ချိန်းမှန်မှန်ပြရမယ်။ ဂရုစိုက်မှုတွေ လုပ်ရမယ်လို့ ဒေါက် တာ ဆာရန်းက ဆိုပါတယ်။

နောက်ပိုင်းမှာလည်း နှစ်နှစ် တစ်ခေါက်လောက် ပြသင့်ပါတယ်။

ရင်သားပြုပြင်လို့ ကြုံရနိုင်တဲ့ ဆိုးကျိုးတွေကို အမျိုးသမီးတွေ ဆရာဝန်တွေနဲ့သေသေချာချာဆွေး နွေးသင့်ပါပြီလို့ဆိုလိုက်ပါတယ်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: