အင်္ဂလိပ်-မြန်မာ၊ မြန်မာ-အင်္ဂလိပ် အသုံးပြုနိုင်တဲ့ ရွှေရိုး အဘိဓာန်


အရင်က ကွန်ပျူတာသုံး အင်္ဂလိပ်မြန်မာအဘိဓာန် Software ဆိုရင် Crack လုပ်ပြီး ပဒုမ္မာ၊ Ornagai ဆိုတဲ့ အင်္ဂလိပ် -မြန်မာ အဘိဓာန်တွေ ထည့်သုံးနိုင်တဲ့ ဘေဘီလုံအဘိဓာန် software၊ ပြည်ပ က မြန်မာ developer ကိုစိုးမင်းတီထွင်တဲ့ wxPyCict အဘိဓာန်၊ မြန်မာစာအဖွဲ့က ထုတ်တဲ့ အဘိဓာန်စတာတွေ အနည်းငယ်ပဲ ရှိခဲ့ပါတယ်။
ဒီနှစ်ပိုင်းမှာတော့ အိုင်တီမျိုးဆက် သစ် လူငယ်တွေရဲ့ ဆန်းသစ်တီထွင်မှု တွေနဲ့အတူ အသုံးဝင်တဲ့ Software တွေ အများအပြားထွက်ရှိလာခဲ့လို့ စာ လုံးပေါင်း သုံးသောင်းကျော်ပါဝင်တဲ့ Whizzo Dictionary ဆိုတဲ့ အဘိဓာနှ်Software ကို The Voice Weekly Vol.7/No.28 မှာ ညွှန်းပေးခဲ့ပါတယ်။ ဒီတစ် ပတ်မှာလည်း စိတ်ဝင်စားဖွယ် လက်တွေ့ အသုံးတည့်ပြီး အခမဲ့ရယူနိုင်တဲ့ အဘိဓာနှ်သ်အတမေန လေးတစ်ခုကို မိတ်ဆက် ပေးချင်ပါတယ်။

ရွှေရိုးအဘိဓာန်ဟာ လူငယ် Developer ကိုဇော်မင်းစိုး (Initial) ရဲ့ ဖန် တီးမှုဖြစ်ပြီး အင်္ဂလိပ်-မြန်မာ၊ မြန်မာအဂ င်္လိပ် နှစ်ဘာသာအပြန်အလှန် အသုံး ပြုရှာဖွေကြည့်ရှုနိုင်တဲ့ အဘိဓာန် Software တစ်ခုဖြစ်ပါတယ်။ ရွှေရိုးမှာ နာ မည်ကျော် Ornagai Database ကို အသုံး ပြုထားတဲ့အပြင် ထူးခြားအသုံးတည့်တဲ့ စွမ်းဆောင်ချက်အနေနဲ့ မူရင်းအဘိဓာန် မှာ ကိုယ်လေ့လာဆည်းပူးမိတဲ့ ဝေါဟာ ရအသစ်တွေ စိတ်ကြိုက်ထပ်ပေါင်း ထည့်နိုင်တာမို့ စာသင်သားတွေအတွက် လက်တွေ့ကျအသုံးဝင်မယ်လို့ ယူဆပါ တယ်။ ဒါ့အပြင် ရွှေရိုးကို ဇော်ဂျီ Version ၊ ယူနီကုတ် Version နှစ်မျိုးစလုံးနဲ့ ရယူနိုင်ပြီး ဖန်တီးသူ Developer က တော့ ယူနီကုတ် Version ကို ပိုကြိုက် တယ်လို့ ဆိုထားပါတယ်။

နည်းပညာပိုင်းအရ ရွှေရိုးကို Windows OS တစ်ခုတည်းမှာသာ အသုံးပြုနိုင်မှာဖြစ်ပြီး အသုံးပြုသူတွေ ရဲ့ Computer မှာ Net framework 4.0 ရှိထားရမှာဖြစ်ပါတယ်။ (Offline install လုပ်နိုင်တဲ့ Net framework 4.0 standalone version ကို http://goo.gl/JyEyk မှာယူနိုင်ပါတယ်။) ရွှေရိုးအဘိဓာန်ကို ပြည်တွင်းနည်းပညာဆိုက့် http://www.myanmartutorials.com ကတစ်ဆင့်ဖြန့်ချိတာဖြစ်ပြီး ဇော်ဂျီ Version ကို http://goo.gl/SpouE ယူနီကုတ် Version ကို http://goo.gl/uZIy6 မှာ အခမဲ့ Download ဆွဲချရယူ နိုင်မှာဖြစ်ပါတယ်။ နှစ်မျိုးစလုံးမှာ install လုပ်နည်း pdf ဖိုင်ပါရှိပြီး ယူနီကုတ် ဗားရှင်းမှာKeymagic Unicode keyboard Installer ပါ ထည့်သွင်းပေးထား တာကို တွေ့ရပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: