အာဇာနည်နေ့ အထူးအစီအစဉ်


ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်
အာဇာနည်နေ့ကို အလေးအနက် မထားတာဟာ အာဇာနည် စိတ်ဓာတ်ကို တန်ဖိုးမထားရာ ရောက်သလို မြန်မာနိုင်ငံမှာ အာဇာနည် သူရဲကောင်းတွေ    ပေါ်ထွက်လာမှာကို ကန့်သတ် ဖိနှိပ်တာမျိုးလည်း ဖြစ်တယ်လို့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အာဇာနည်နေ့ အကြိုနေ့မှာ RFA နဲ့ သီးသန့် မေးမြန်းရာမှာ ပြောကြား လိုက်ပါတယ်။ ဒါပေမဲ့ အာဇာနည်ဆိုတာက သူ့စိတ်ဓါတ်ကိုက ထူးကဲတာမို့လို့ ဘယ်လို အခြေအနေမျိုးမှာမဆို အချိန်တန်ရင်တော့ ပေါ်ပေါက်လာကြမှာဘဲ လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အာဇာနည်နေ့နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား အမြင်တွေကို ဆက်သွယ် မေးမြန်းပြီး ဦးခင်မောင်စိုး စုစည်းတင်ပြထားတာကို နားဆင်နိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်
အသံဖိုင်ယူရန်

ဒဂုန်တာရာ နဲ့ ဦးလွင်တို့ရဲ့ ပြန်ပြောင်း ပြောပြချက်
တက္ကသိုလ်ကျောင်းသားဘ၀ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သူငယ်ချင်းဖြစ်သူ ကဗျာဆရာ စာရေးဆရာကြီး ဒဂုန်တာရာနဲ့ အာဇာနည် ခေါင်းဆောင်တွေ ကျဆုံးစဉ်က ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ကလပ်ကို နေအိမ်ကနေ ဂျူဗလီဟောအထိ သယ်ဆောင်ရာမှာ အထူးလုံခြုံရေး တာဝန်ယူခဲ့တဲ့ NLD ခေါင်းဆောင် ဦးလွင်တို့ရဲ့ ပြန်ပြောင်း ပြောပြချက်တွေကို ကိုဥာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။

ဒဂုန်တာရာ နဲ့ ဦးလွင်
အသံဖိုင်ယူရန်

ဦးရာဇတ် သမီး ဒေါ်ခင်ခင်စိန်ရဲ့ အာဇာနည်နေ့ အမှတ်တရ ခံစားချက်
အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ်ရဲ့ သမီးဖြစ်သူ လက်ရှိ သြစတေးလျ နိုင်ငံမှာ နေထိုင်နေတဲ့ ဒေါ်ခင်ခင်စိန်ရဲ့ အာဇာနည်နေ့ အမှတ်တရ ခံစားချက်ကို ဒေါ်ခင်ခင်အိ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

ဦးရာဇတ် သမီး ဒေါ်ခင်ခင်စိန်
အသံဖိုင်ယူရန်

တိုင်းရင်းသား ခေါင်းဆောင်များရဲ့ အမြင်
၁၉၉၀-ရွေးကောက်ပွဲမှာ မြန်မာနိုင်ငံ တနိုင်ငံလုံး အမတ်နေရာ တတိယ အများဆုံး ရရှိခဲ့တဲ့ ရခိုင်ဒီမိုကရေစီ အဖွဲ့ ချုပ် အထွေထွေ အတွင်းရေးမှူး ဦးအေးသာအောင်က အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ အခန်းကဏ္ဍကို မှေးမှိန်အောင် လုပ်တာဟာ သမိုင်းကို ဖျောက်ဖျက်တာ ဖြစ်တယ်လို့ ပြောပါတယ်။ ကိုယ်ပိုင် အုပ်ချုပ်ခွင့် အတွက် လက်နက်ကိုင် တိုက်ခိုက်နေတဲ့ ကရင် အမျိုးသား အစည်းအရုံး KNU ရဲ့ ဥက္ကဌ ဗိုလ်ချုပ် တာမလာဘော ရဲ့ အမြင်က ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်တွေကို လုပ်ကြံခံခဲ့တာဟာ စစ်မှန်တဲ့ ပြည်ထောင်စုကို ဖျက်ဆီးသွားတာ ဖြစ်ကြောင်း ပြောပါတယ်။ ဒီကနေ့ မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်ဆဲရေး ပျက်သွားပြီး လက်နက်ကိုင် ပဋိပက္ခတွေ ပြန်ဖြစ်လာတဲ့ KIA ကချင်လွတ်မြောက်ရေး အဖွဲ့ ရဲ့ ဒု-ဥက္ကဌ ဂေါ်ရီဇော်ဆိုင်း က ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်တွေ လုပ်ကြံခံရတာဟာ ပြည်ထောင်စု အတွက် နစ်နာမှု ဖြစ်တယ်လို့ ပြောပါတယ်။ နာဂအမျိုးသား ဒီမိုကေ၇စီအဖွဲ့ချုပ် NNLD ရဲ့ ဥက္ကဌ ဦးဆောဆ ကလည်း သူတို့ တိုင်းရင်းသားတွေဟာ အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ လမ်းစဉ်ကို အမြဲ လိုက်နာခဲ့တယ်လို့ ပြောပါတယ်။ တိုင်းရင်းသား လူမျိုးတွေရဲ့ အာဇာနည်နေ့နဲ့ ပတ်သက်တဲ့ အမြင် သဘောထားတွေ ဦးခင်မောင်စိုးမင်း က စုစည်း တင်ပြထားပါတယ်။

တိုင်းရင်းသား ခေါင်းဆောင်များ
အသံဖိုင်ယူရန်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: