K.I.A မှ စစ်တပ်ကို ဆက်လက်ချေမှုန်းနေတဲ့တိုက်ပွဲသတင်း


K.I.A အမျိုးသမီး စစ်သည်

ဇူလိုင် ၁၆ ရက် နှင့် ၁၇ ရက် နေ့ ခါယာ ( Hka Ya ) ရွာနှင့်၊ မဒီယာန် ( Madi Yang ) ရွာတို့မှာ တိုက်ပွဲဖြစ်ပွားလို့ ပိတ်မိနေတဲ့ တပ်ရင်းတွေကို ကူညီဖို့စစ်ကူ ချီတက်လာတဲ့ စစ်တပ်မှ စစ်ကြောင်း တစ်ကြောင်းအား K.I.A တပ်မတော်  က ဝင်တိုက်ရာ စစ်တပ်ဘက်မှ နမ်ဆန်ယာန် အထက်တန်းကျောင်း တွင် ဒဏ်ရာရသူ အပြည့်ဖြစ်သွားကာ၊ အနည်းဆုံး စစ်တပ်ဘက်မှ ၃၀ ကျဆုံး သွားပြီဖြစ်ကြောင်း ဂျိန်းဖေါ့ကဆာ ( Jing Hpaw Kasa ) မှ သတင်း ပေးပို့လာပါတယ်။

ဇူလိုင်လ ၁၈ ရက်  ခါယာ (Hka Ya ) စစ်ပွဲမှာ စစ်တပ်နှင့် K.I.A  တပ်မတော် တို့အကြား စစ်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်မှ ဗိုလ်ကြီး ၁ ယောက် ဒုဗိုလ် ၁ ယောက် နှင့် စစ်သား ၉ ယောက် ထက်မနည်း အရှင်ဖမ်းမိကြောင်း၊ စစ်တပ်မှ လက်နက် များကိုလည်း သိမ်းဆည်းရကြောင်း၊ အမျိုးအစား စုံစမ်းဆဲ လက်နက် ကြီး  ၂ လက်၊ BA – 103 လောင်ချာတွဲ ၂ လက်အပါအဝင် M.A Series လက်နက်ငယ်များ သိမ်းဆည်းနိုင်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ကျဆုံးသူ အလောင်းအများကြီတွေ့ရကြောင်း၊ စစ်ကြောင်း တစ်ကြောင်းလုံးကို K.I.A ဘက်မှ တိုက်ခိုက် နိုင်ခဲ့ကြောင်း၊ အခုချိန်မှာစစ်တပ်ရဲ့ တပ်ရင်းဌာနချုပ်များအခြေပြုရာဒေသများ အတွင်းစည်းကို K.I.A တပ်မတော်က ထိုးဖောက်လာပြီဖြစ်ရာ  ကချင်ပြည်နယ် ဝိုင်းမော်မြို့အနီး အောင်မြဲ (၁) ရွာနှင့် အောင်မြဲ (၂) ရွာတို့တွင် ဗိုလ်မှူးကြီး လစော့ ( Du Kaba La Tsaw) ဦးဆောင် K.I.A တပ်နှင့် စစ်တပ်တို့ ဆက်လက် တိုက်ပွဲဖြစ်နေပြီဖြစ်ကြောင်း ဂျိန်းဖေါ့ကဆာ (Jinghpawkasas ) မှ ဆက်လက် သတင်းပေးပို့လာပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: