ဖိလစ်ပိုင် နိုင်ငံရှိ သန်းကြွယ် သူဌေး


မနီလာမြို့၊ ဇွန်လ (၂၅) ရက် နေ့၊ သတင်း တစ်ရပ် ဖော်ပြ ချက်တွင် ယခုနှစ် ဖိလစ်ပိုင် နိုင်ငံ၌ သန်းကြွယ် သူဌေးကြီး (၁၁) ဦးရှိပြီး၊ ၄င်း (၁၁) ဦးအနက် “ဈေးကွက် ဘုရင်” ဟု နာမည် ကျော်ကြား လျက်ရှိသော ကုန်သည်သူဌေးကြီး မစ္စတာစီကြည်စိန် (Mr. Henry Sy) သည် ၄င်းလက် ထဲတွင် အမေရိကန် ဒေါ်လာ သန်းပေါင်း ၇၂၀ဝ ချမ်းသာကြွယ်ဝသည် ဖြစ်၍ ဖိလစ်ပိုင် နိုင်ငံတွင် သူဌေး ကြီးစာရင်း၌ စတုတ္ထ နေရာယူလျက် ရှိသည်ဟု သိရသည်။ ၄င်းသည် ဖိလစ်ပိုင်နိုင်ငံတွင် ပစ္စည်းကိရိယာ လက်လီလုပ်ငန်း (SM) ရောင်းချခဲ့ရာ မကြွယ်ဝ ချမ်းသာလာခဲ့သူဖြစ် သည်။ ယခုအခါ ၄င်းသည် ဖိလစ်ပိုင် နိုင်ငံတွင် ဒုတိယအကြီးဆုံး စီးပွားရေးဘဏ် ဥက္ကဋ္ဌ(သူဌေး) ဖြစ်နေသည် ဆိုပါသည်။

မစ္စတာလောင်လင်း

Leave a comment