မူလ အခြေအနေ ရောက်ရန် နှစ် ၆၀ ခန့် ကြာမည့် မြန်မာ့ သစ်တော


မြန်မာ့ သစ်တော များသည် တစ်နှစ်ထက် တစ်နှစ် အရည်အသွေး ကျဆင်း လျက်ရှိရာ မူလဂေဟ စနစ် နှင့် ဇီဝမျိုးစုံ မျိုးကွဲ အဆင့်သို့ ပြန်ရောက်အောင် ဆောင်ရွက်မည် ဆိုပါက အနှစ် ၆၀ ခန့်ကြာနိုင် သည်ဟု သစ်တောပညာရှင် ဦးအုန်းက ပြောသည်။ ထိုကဲ့သို့ ဆောင်ရွက်မည်ဆိုပါ က ဂေဟ စနစ်တန်ဖိုး၊ ဇီဝမျိုးစုံမျိုး ကွဲများ၏ တန်ဖိုးကို ထည့်သွင်းစဉ်း စားသည့် အနာဂတ် သစ်တော အုပ်ချုပ်ရေး လိုအပ်နေပြီး သစ်တောတွင် လက်ရှိတာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများ၏ တာဝန်သိ၊ သစ္စာရှိမှုတို့ ပေါ်တွင်လည်း တည်မှီနေသည်ဟု ဦးအုန်းက ဆက်လက်ပြောသည်။

မြန်မာ့ သစ်တောများသည် မြေအသုံးချမှုသို့ ပြောင်းပစ်နေခြင်းနှင့် အခြားအကြောင်း အမျိုးမျိုးတို့ကြောင့် ပျက်စီး နေရသကဲ့သို့ သဘာဝကို ပြုစု ပျိုးထောင်မှု မရှိခြင်းတို့ကြောင့် သစ်တောအရည်အသွေးများ ကျဆင်းနေကြောင်း၊ ၁၉၉၀ ခုနှစ်မှ ၂၀၀၀ ခုနှစ်အတွင်း ကျွန်းနှင့် ပျဉ်း ကတိုးတို့၏ ထုထည်နှင့်ပါဝင်မှု ရာခိုင်နှုန်းများ သိသိသာသာ ကျ ဆင်းခဲ့ရာ ကျွန်းသစ်သည် ၁၉၉၀ တွင် ကုဗမီတာသန်းပေါင်း ၂၄၁ ဒသမ ၉၁ နှင့် ပါဝင်မှု ၈ ဒသမ ၆၃ ရာခိုင်နှုန်းရှိနေရာမှ ကုဗ မီတာသန်းပေါင်း ၁၄၉ ဒသမ ၄ နှင့် ပါဝင်မှု ၅ ဒသမ ၂၁ ရာခိုင် နှုန်းသို့ ကျဆင်းခဲ့ကြောင်း၊ ထိပ်တန်း သစ် ၁၀ မျိုးကို ကြည့်လျှင်လည်း ထုထည်ကုဗမီတာသန်းပေါင်း ၁၃၄၀ ဒသမ ဝ၅ နှင့် ပါဝင်မှု ၄၇ ဒသမ ၈၁ ရာခိုင်နှုန်းရှိနေရာမှ ထု ထည်ကုဗမီတာသန်းပေါင်း ၅၅၉ ဒသမ ၆၂ ရာခိုင်နှုန်းနှင့် ပါဝင်မှု ၁၉ ဒသမ ၅၁ ရာခိုင်နှုန်း အထိကျဆင်း ခဲ့ကြောင်း သိရသည်။

“ ပျဉ်းကတိုးဆိုရင် တော်တော် ဆိုးတယ်။ ၁၉၉၀ ကနေ ၂၀ဝ၀ အထိ သစ်တော်တွေမှာ ပျဉ်းကတိုး ပါဝင်မှုက ၁၀ ဒသမ ၁၈ ရာခိုင်နှုန်း ကနေ ၁ ဒသမ ၆၃ ရာခိုင်နှုန်း အထိ ကျဆင်းခဲ့တယ်။ ၁၉၅၇ ခုနှစ်ကနေ ၁၉၇၂ ခနှစ်ဝန်းကျင်က ကျွန်တော့် သစ်တောမှာ သင်းသတ်လုပ်ငန်း၊ ပင်ကျပ်နုတ်လုပ်ငန်းတွေ၊ တက္ကသိုလ် ကျောင်းသား တွေနဲ့ တောဆင်းတာ တွေ ပြုလုပ်ပြီး နိုင်ငံအနှံ့ရောက် ခဲ့ပါတယ်။ အဲဒီအချိန် သစ်တော တွေမှာ ကျွန်းပါဝင်မှုက သစ်မျိုး အားလုံးပါဝင်မှုရဲ့ ၁၂ ရာခိုင်နှုန်းအ ထက်မှာရှိပြီး ပျဉ်းကတိုးပါဝင်မှုက ၂၀ ရာခိုင်နှုန်းအထက်ရှိခဲ့ပါတယ်။ အခုဆို ပျဉ်းကတိုးပျောက်လုနီးပါး ဖြစ်နေပါပြီ” ဟု အထက်ပါပုဂ္ဂိုလ် က ထပ်လောင်းပြောသည်။ ၁၉၉၀ ပြည့်နှစ်မှ ၂၀ဝ၀ ပြည့် နှစ်အထိ ၁၀ နှစ်တာအတွင်း သစ် တောအရည်အသွေး သိသိသာသာ ကျဆင်းသွားသည်ကို ကြည့်ခြင်း အားဖြင့် ၎င်း ၁၀ နှစ်အတွင်း၌ အဖိုးတန်သစ်များကို ထုတ်ယူခဲ့ သလောက် သစ်တောများဖွံ့ဖြိုးတိုး တက်စေရန်အတွက်ထိရောက်သော ပြုစု လုပ်ဆောင်ချက် နည်းပါးသည်မှာ ထင်ရှားကြောင်း၊ ထို့အပြင် နိုင်ငံ ခြားသို့ တင်ပို့ရာတွင် ကျော်ကြား ခဲ့သော ကညင်နှင့် သင်းဝင်တို့ သည်လည်း လျော့နည်း ရှားပါးသွား သောကြောင့် ပြည်တွင်း၌ ရောင်း ဝယ်သော သစ်မျိုးအသစ်ဖြစ်သည့် စဂတ်နှင့် သစ်စေးတို့ကို အစားထိုး ခဲ့ရကြောင်းသိရသည်။

မင်းချစ်နိုင်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: