သုံးနားညီ လူ့အဖွဲ့အစည်း တည်ဆောက်ခြင်း


လူ့အဖွဲ့အစည်း တစ်ရပ်ကို ပြုပြင်ပြောင်းလဲချင်တယ် ဆိုရင် အခုအပင်စိုက် အခု အသီး သီးခိုင်းလို့ မရနိုင်ပါဘူး။ မှန်ကန်တဲ့ မျိုးစေ့ကို ရွေးချယ်ဖို့ လိုအပ်သလို မြေခံ ရေခံကိုလည်း ပြုပြင်ပြောင်းလဲဖို့ လိုအပ်ပါတယ်။ ဗီဇနဲ့ ဝန်းကျင် သဟဇာတ မဖြစ်သရွေ့ ဖွံ့ဖြိုးတိုးတက်မှု ဆိုတာလည်း ရှိလာမှာ မဟုတ်ပါဘူး။

နိုင်ငံတစ်နိုင်ငံရဲ့ တည်ငြိမ်မှုဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုတဲ့ ဖိုခနောက် သုံးခုပေါ်မှာ တည်မှီပါတယ်။  တခုနဲ့တခုညီမျှမှု မရှိရင် တည်ငြိမ်မှု ဆိုတာလည်း ရှိလာမှာ မဟုတ်ပါဘူး။ တည်ငြိမ်မှုကို ဖော်ဆောင်ရာမှာ အစိုးရ ချည်းသက်သက၊် လူထု ချည်းသက်သက်၊ လုပ်ဆောင်လို့ မရနိုင်ပါဘူး။ အစိုးရ၊ လူထုနဲ့ ကြားခံ အဖွဲ့ အစည်းများ ဆိုတဲ့ သုံးရပ် ညီညီညွတ်ညွတ်နဲ့ အတူတကွ ပူးပေါင်းလုပ်ဆောင်မှသာ တည်ငြိမ်ဖွံ့ဖြိုးတိုးတက်တဲ့ လူ့အဖွဲ့အစည်း တရပ်ကို တည်ဆောက်နိုင်မှာ ဖြစ်ပါ တယ်။

ဒီလိုတည်ဆောက်ရာမှာ တရားမျှတခြင်း၊ ညီမျှခြင်းနှင့် အုပ်ချုပ်သူနှင့် အုပ်ချုပ်ခံကြား အပြန်အလှန် လေးစားခြင်းဆိုတဲ့ မူတွေကို အခြေခံထားပြီး လူအဖွဲ့အစည်းကို တည်ဆောက် ကြရပါတယ်။

နိုင်ငံတနိုင်ငံရဲ့ လူ့အဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲဖို့နဲ့ ဒေသဆိုင်ရာ လူ့အဖွဲ့အစည်းတွေကို ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် လူပုဂ္ဂိုလ်တစ်ဦးချင်းစီနဲ့ ရည်မှန်းချက် တူရာ စုဖွဲ့ထားတဲ့ အဖွဲ့အစည်းတွေကို  လုပ်ပိုင်ခွင့်ပေးဖို့ လိုအပ်ပါတယ်။ လူထုနဲ့အစိုးရကြား ဆက်ဆံရေးဟာ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ် အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။ အုပ်ချုပ်သူပဲဖြစ်ဖြစ်၊ အအုပ်ချုပ်ခံပဲဖြစ်ဖြစ် သူတို့ဘဝတွေအပေါ် တိုက်ရိုက်အကျိုး သက်ရောက်စေမယ့် ကိစ္စရပ်တွေမှာ သူ့တို့ကိုယ်တိုင်  ပူးပါဝင်ဆောင်ရွက်ခွင့် ရှိပါမှသာ တည်ငြိမ်တဲ့ လူအဖွဲ့အစည်းတရပ်ကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

လက်တွေ့ဆောင်ရွက်မှုနယ်ပယ်နဲ့ ပညာရပ်ဆိုင်ရာ နယ်ပယ်တွေ  ပေါင်းစပ်လုပ်ကိုင်နိုင်ဖို့ မြို့ပြ အုပ်ချုပ်ရေး နယ်ပယ်က တာဝန်ရှိသူတွေ၊ ပညာရှင်တွေ၊ တက်ကြွ  လှုပ်ရှားသူတွေ၊ လူ့ထုအပေါ် သြဇာလွမ်းမိုးနိုင်တဲ့ ပရဟိတဆောင်ရွက်သူတွေ၊ စိတ်ပါဝင်စားတဲ့ နိုင်ငံသားတွေဟာ လူ့အဖွဲ့အစည်းအတွက် အကျိုးရှိမယ့် ပညာရပ် တွေကို မျှဝေခြင်း၊ အခွင့်အလမ်း အသစ်တွေကို ဖန်တီးခြင်းနဲ့ အခက်အခဲများကို အတူအကွ တာဝန်ယူ ဖြေရှင်းခြင်း ဆိုတဲ့ အခြေခံပေါ် မှုတည်ပြီး ပူးပေါင်း လုပ် ဆောင် ကြရာမှာ ဖြစ်ပါတယ်။

လူ့အဖွဲ့အစည်းဟာ လေ့လာတွေရှိချက် အသစ်တွေအပေါ်မှာ တီထွင်ကြံဆမှုနှင့်အတူ ဆင့်ကဲတိုးတက်ပြောင်းလဲနေသလို နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှု အသစ်တွေ၊ အခက်အခဲတွေကလည်း လက်တွေ့နယ်ပယ်မှာ တပုံတပင်ပါပဲ။

အရည်အသွေးပြည့်မှီတဲ့ ပညာရှင်တွေ၊ စနစ်တကျနည်းလမ်းတွေနဲ့သာ ဒါတွေကို မဖြေရှင်းနိုင်ဘူး ဆိုရင် ကမောက်ကမနိုင်တဲ့ လူ့အဖွဲ့အစည်းရဲ့ မကျေနပ်ချက် ဒေါသ လှိုင်းတံပိုးတွေဟာ ကျွန်တော်တို့ တည်ဆောက်ထားသမျှကို ဒီရေအလား  ဝါးမျိုဖျက်ဆီးပစ်မှာ သေချာပါတယ်။

လူထုရဲ့ဘဝတွေကို ရောင်ပြန်ဟပ်နေတဲ့ အရာအားလုံးကို ကျွန်တော်တို့ စနစ်တကျ သိနိုင်ဖို့ အတွက် လေ့လာမယ်ဆိုရင်  လူထုနဲ့တသားတည်း ရှိရမှာဖြစ်ပြီး အတူတ ကွ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ သူတို့ဘဝတွေကို အပြောင်းအလဲဖြစ်စေတဲ့ အရာတွေကို ခြေခြေမြစ်မြစ် သိရှိခြင်းမရှိဘဲနဲ့ ပြုပြင်ပြောင်းလဲရေးကို အဓိပ္ပါယ် သတ်မှတ် ဖြေရှင်းချက် မထုတ်နိုင်ပါဘူး။ ဘာတွေကို သင်ယူသင့်တယ်။ အရင်က ဘာတွေကို လုပ်ဆောင်ခဲ့တယ်၊ အားသာချက်၊ အားနည်းချက်က ဘာတွေရှိတယ် ဆိုတာကို ဆန္ဒ၊ ဒေါသ၊ ဘယာ၊ မောဟဆိုတဲ့ အကြောင်းတရား (၄) ပါးကင်းကင်းနဲ့ မှန်မှန် ကန်ကန် အကဲဖြတ်တတ်ဖို့ အရေးကြီးပါတယ်။

လူ့အဖွဲ့အစည်းရဲ့ လိုအပ်ချက်တွေကို စနစ်တကျ ဖြည့်ဆည်းနိုင်ဖို့၊ အစီအစဉ်တွေ ရေးဆွဲချမှတ်ဖို့ သူတို့ကိုယ်တိုင် အဖွဲ့အစည်းတွေ ထူထောင်လုပ်ကိုင်တတ်ဖို့ ဖြည့် ဆည်းရမယ့် အရင်းအမြစ်တွေနဲ့ သူတို့လိုအပ်ချက်တွေကို စဉ်ဆက်မပြတ် အကဲဖြတ်ပြီး၊ သုတေသန စာတမ်းတွေနဲ့ အချက်အလက်စုဆောင်းပြီးခွဲခြမ်းစိတ်ဖြာ ဝေဖန် ဆန်းစစ်နေဖို့ လိုအပ်ပါတယ်။

ကျွန်တော်တို့ရဲ့ ရည်မှန်းချက်၊ ဦးတည်ချက်ကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ ဆိုရင် အခြားအဖွဲ့အစည်းတွေ၊ အေဂျင်စီတွေနဲ့ လူ့အဖွဲ့ အစည်းအပေါ် သြဇာသက်ရောက်မှုရှိတဲ့ လူပုဂ္ဂိုလ်တွေရဲ့ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါတယ်။ ဒီလို ပူးပေါင်း ဆောင်ရွက်တဲ့အခါ အချင်းချင်း လေးစားလိုက်နာရမယ့် တန်ဖိုးတွေလည်း ရှိပါတယ်။

ဒီတန်ဖိုးတွေကတော့ လူ့အဖွဲ့အစည်းအတွင်းမှာ အဆင့်အတန်း ခွဲခြားဆက်ဆံမှု ကင်းရှင်းဖို့၊ တူညီတဲ့ လူမှုရေးရပိုင်ခွင့် တွေရရှိဖို့၊ အပြန်အလှန်လေးစားမှုနဲ့ အသိ အမှတ်ပြုဖို့၊ စာရင်းမှမရိုးသားစွာ ချန်လှပ်ထုတ်ပယ်ထားမှုကို ပပျောက်စေဖို့ စတဲ့ တန်ဘိုးတွေ ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းရဲ့ အားသာချက်တွေကို အသုံးချနိုင်မှ သာလျှင် လူ့တဦးချင်းစီနဲ့ လူ့အဖွဲ့အစည်းအတွက် လုပ်ပိုင်ခွင့်တွေကို ရှာဖွေနိုင်မှာ ဖြစ်ပါတယ်။

ဒါအပြင် လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေနဲ့ သင်တန်းကျောင်းတွေကို နယ်ပယ်ရပ်ဆိုင်ရာ ပညာရပ်တွေ၊ လက်တွေ့ကျတဲ့ အသိပညာဗဟုသုတတွေ၊ အတိတ်နဲ့ ပစ္စုပန်မှာ ရင်ဆိုင်ရလေ့ရှိတဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေနဲ့ ဖြည့်ဆည်းပေးခြင်းဟာလည်း အဓိက ကျတဲ့ အစိတ်အပိုင်း တရပ်အဖြစ် ပါဝင်ပါတယ်။ လူ့အဖွဲ့အစည်းက ပေါ်ထွက်လာတဲ့ ရင်ဖွင့်သံတွေကို သေသေချာချာ အသိအမှတ်ပြုပြီး၊ ဗဟုသုတကြွယ်ဝတဲ့ ပညာရှင်တွေ ၊သက်ဆိုင်ရာ ဘာသာရပ်အလိုက် လုပ်ငန်းအတွေ့အကြုံ ရှိသူတွေ နဲ့ တိုင်ပင်အကြံအဉာဏ်ရယူပြီး တိုင်းပြည်ရဲ့ အနာဂတ်ကို ထုဆစ်ကြရမှာ ဖြစ်ပါတယ်။

အခြားတဖက်ကလည်း ဆက်သွယ်ရေးစနစ်ကို ခေတ်မှီတိုးတက် ကောင်းမွန်အောင်   လုပ်ဆောင်ပြီး  ကျွမ်းကျင်တဲ့လုပ်သားတွေ မွေးထုတ်ရမှာဖြစ်သလို၊ ဝေဖန် ပိုင်းခြားတက်တဲ့ ဆင်ခြင်ဉာဏ်နဲ့ လူမှုရေးဝါဒီတွေ၊ လူမှုရေး တရားမျှတမှုတွေကို လက်တွေ့ အသုံးချရမှာ ဖြစ်ပါတယ်။

အစိုးရရဲ့လုပ်ပိုင်ခွင့်ကို ပေးသင့်သလောက် ပေးရမှာဖြစ်သလို၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့  တသီးပုဂ္ဂလတွေရဲ့ လုပ်ပိုင်ခွင့်နယ်ပယ်ကိုလည်း ချဲ့ထွင်ပေးရ မှာဖြစ်ပါတယ်။ ဒါမှသာလျှင် တိုင်းပြည်တပြည်ကို ထိမ်းကျောင်းမောင်းနှင်းရာမှာ အစိုးရသာလျှင် တာဝန်အရှိဆုံး ဆိုတဲ့ အမြင်နဲ့ အရာရာသာ အစိုးရက တာဝန်ပေး ရမယ်ဆိုတဲ့အမြင်တွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။

အင်စတီကျူရှင်းတွေရဲ့ နယ်ပယ်အလိုက် သုံးသပ်ဝေဖန်မှုတွေဟာ ယနေ့ကာလ ရှေ့တန်းကို ရောက်ရှိလာသလို၊ လူမှုရေးအဖွဲ့အစည်းတွေဟာလည်း အင်စတီကျူ ရှင်း ဆန်ဆန် ဖွဲ့စည်း တည်ထောင်လာကြပါပြီ။ အစိုးရတိုင်းဟာ ၎င်းသြဇာသက်ရောက်တဲ့ နယ်နမိတ်နဲ့ ဒီအတွင်းမှာရှိတဲ့လူအဖွဲ့အစည်းရဲ့ ဖွဲ့ဖြိုးတိုးတက်မှုကို တာဝန် ခံရမှာ ဖြစ်ပါတယ်။

အမျိုးသားစရိုက်လက္ခဏာတွေ၊ ၎င်းတို့ရဲ့အကျိုးစီးပွားမြင့်တင်မှုတွေနဲ့ အနာဂတ် အောင်မြင်မှုတွေအတွက်လည်း တာဝန်ခံရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေသတွင်း လူ့အဖွဲ့အစည်းတွေနဲ့ ဒေသတွင်း နယ်ပယ်တွေရဲ့သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းမှု၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ လူ့မှုရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် အာရုံစူးစိုက်ဖို့ လိုအပ်ပါတယ်။

ဒီကိစ္စတွေကို လုပ်ဆောင်နိုင်ဖို့အတွက်အစိုးရဟာ လူထုကို ပညာရေး၊ ကျန်းမာရေးစတဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေကို ထူထောင်ခွင့်ပြုရမှာဖြစ်ပါတယ်။ ဒါ့အပြင် ပုဂ္ဂိုလ် တဦးချင်းစီနဲ့ ရည်မှန်းချက်တူ လူစုတွေရဲ့ ဆောင်ရွက်လိုမှုတွေကိုလည်း လုပ်ပိုင်ခွင့်ပေးဖို့ လိုပါတယ်။

ဒါတွေဟာ လူတွေရှိတဲ့ နေရာတိုင်းမှာ ရှိသင့်ရှိအပ်တဲ့ အရာတွေဖြစ်ပြီး လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်မှုအတွက် ပွင့်လင်းပြီးပြည့်စုံတဲ့ ရည်မှန်းချက်တွေကို အကောင် အထည် ဖော်ရာမှာ အရေးပါတဲ့  အခန်းကဏ္ဍမှာ တည်ရှိနေလို့ပဲ ဖြစ်ပါတယ်။

လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်မှုမရှိဘဲ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ အဓိက ပြည်သူ ဝန်ဆောင်မှု လုပ်ငန်းတွေဟာ သူတို့ရဲ့လူ့အဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲမှု တွေလုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်သူတို့ရဲ့ ဦးတည်ချက်တွေ  အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ဖို့ အတွက် အစိုးရတွေဟာ လူ့အဖွဲ့ အစည်းတိုးတက် ဖွံ့ဖြိုးဖို့အတွက် ရှင်းလင်းတဲ့အမျိုးသား ရေးမဟာဗျူဟာတွေရှိရမှာ ဖြစ်ပါတယ်။ ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အတွက် လစာမဲ့ စေတနာဝန်ထမ်းတွေ ရှိသော်လည်းပဲ ရေရှည် လုပ်ဆောင်ရမည့် အပိုင်းတွေမှာ သူတို့ကို အသုံးပြုလို့ မရနိုင်ပါဘူး။

သိပ္ပံနဲ့ သင်္ချာလို ဘာသာရပ်တွေနဲ့ အခြားဘာသာစကား သင်ကြားရေး လုပ်ငန်းစဉ်တွေ အပေါ်အာရုံစူးစိုက် လုပ်ဆောင်ဖို့ ဟာလဲ အရေးကြီးတဲ့အပိုင်းမှာ ရှိပါတယ်။ ပညာရေး နိမ့်ကြနေတဲ့  နိုင်ငံတွေအဖို့ ဝေဖန်ပိုင်းခြားစဉ်စားဆင်ချင် နည်းတွေကို အင်စတီကျူရှင်းတွေမှာ မဖြစ်မနေ သင်ကြားရမယ့် အနေအထားတစ်ရပ် ဖြစ်လာပါ ပြီ။

အခြေခံလူ့အဖွဲ့အစည်းနဲ့ဒီမိုကရေစီကို မိတ်ဆက်ပေးရာမှာ ကြားခံ အဖွဲ့အစည်းတွေရဲ့ လူ့အဖွဲ့အစည်း တိုးတက်ဖွံ့ဖြိုးမှု လုပ်ငန်းစဉ် ဟာ မရှိမဖြစ် လိုအပ်ပါတယ်။ ဆင်းရဲမွဲတေမှုတွေနဲ့ အသိပညာ၊ အတတ်ပညာ နယ်ပယ်မှာ နောက်ကျ ကျန်ရစ်ခဲ့တာကို အစိုးရချည်း လုပ်ဆောင်လို့ မရပါဘူး။

လူ့ထုအခြေပြု အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကိုမြှင့်တင်ပေးမှသာလျှင် ဒီမိုကရေစီ ကျင့်စဉ်တွေနဲ့ အမျိုးသားစရိုက်လက္ခဏာတွေကို အံဝင်ဂွင်ကျအောင် ဆက်စပ် ပေးနိုင်မှာဖြစ်ပြီး အခြေခံ လူထုအဆင့် အတန်းကိုလည်း မြှင့်တင်ပေးရာ ရောက်မှာပါ။ လူထုရဲ့ဘဝတွေကို အကျိုးသက်ရောက်မှုရှိစေမယ့် ဆုံးဖြတ်ချက်တွေ ချမှတ် ရာမှာ သူတို့ကိုယ်တိုင် ရွေးချယ်ခွင့် ရှိမှသာလျှင် သူတို့ရဲ့အကောင်းဆုံးစွမ်းဆောင် နိုင်စွမ်းကို ရရှိပါလိမ့်မယ်။

သက်နိုင်(ပဲခူး)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: