အနှိပ်ခန်း ၄၄ ခု ကိုအရေးယူ


ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ တာဝန်ယူခဲ့စဉ်ကာလတစ်လျှောက်တွင် အနှိပ်ခန်း ၄၄ခုအပါ အဝင် ကာ ရာအိုကေခန်း ၃ခုနှင့်အခြား လောင်းကစား လုပ်ငန်းများကို စစ်ဆေး အရေးယူ ခဲ့ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့် ရှိသူ ဦးဥာဏ်ထွန်းဦး က ဇူလိုင် ၁၆ ရက် က သတင်းထောက် များနှင့် တွေ့ဆုံစဉ် ပြောကြား ခဲ့သည်။ အနှိပ်ခန်းများမှာ တရားဝင် ခွင့်ပြု ထားသည့် လုပ်ငန်းများ မဟုတ်ကြောင်းနှင့်တိုင်းဒေသ ကြီး အတွင်းတွင် လောင်းကစားမှုများ ပပျောက်အောင် ထိရောက် သော အရေးယူမှုများလည်း ပြုလုပ်သွာ မည်ဟု ၎င်းကပြောကြားသည်။ အစိုးရသစ်တက်လာပြီးသည့် နောက် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း လောင်းကစားမှုများ ပပျောက် စေရန် နှစ်လုံး၊ သုံးလုံးထိုးခြင်းများ ကိုတစ်စိုက်မတ်မတ်အရေးယူခဲ့ ရာ လောင်းကစားမှုများ လျော့နည်း လာခဲ့ကြောင်း ပြည်နယ်နှင့် တိုင်း အသီးသီးရှိ ဒေသခံများထံမှ သိရ သည်။ ရန်ကုန်တိုင်းဒေသကြီးအ တွင်းတွင် အနှိပ်ခန်းများကိုဇွန်လ ၂ရက်နေ့ မှစတင်ကာစီမံချက် ဖြင့် ဖမ်းဆီး အရေးယူခဲ့ပြီး လောင်း ကစားမှုများဖြစ်သော နှစ်လုံး၊သုံး လုံးနှင့် ဘောလုံးလောင်းကစား များအပါအဝင် နောက်ဆုံးပေါ် လောင်းကစားနည်းတစ်မျိုးဖြစ် သော ဘင်ဂိုလောင်းကစားနည်း များကိုလည်း ဖမ်းဆီးအရေးယူခဲ့ ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အုပ်ချုပ်ရေးရုံးမှ သတင်းထုတ်ပြန် ခဲ့သည်။

အေးမြကျော်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: