နေပြည်တော် ဆောက်လုပ်ရေး လုပ်ငန်း ရပ်နား၍ နေ့စားတို့ အခက်တွေ့


နေပြည်တော်တွင် ဆောက်လုပ်ရေး စီမံကိန်း အများစု ရပ်နားထား၍ နေ့စားလုပ်သား များ အခက်အခဲ ရှိနေကြောင်း ဆောက်လုပ်ရေး ကုမ္ပဏီ ဝန်ထမ်းများထံမှ သိရသည်။ “ဆောက်လုပ်ရေးမှာ ပန်းရန်၊ သန်လျက် ကိုင်လုပ်ဖို့ အတွက်ပဲ တခြား ဒေသက ဆင်းလာကြတာ ဆိုတော့ ဒီမှာ အလုပ်နား ကြတော့ တစ်ခြားအလုပ် ရွေးချယ် လုပ်ဖို့မ လွယ်ကူဘူးပေါ့” ဟု ဆောက်လုပ် ရေးလုပ်ငန်း ကြီးကြပ်သူ အသက် ၅၀ ကျော် အမျိုးသားကြီး တစ်ဦးက ပြောသည်။

နေပြည်တော်ရှိဆောက်လုပ် ရေးလုပ်ငန်းများတွင် နေ့စားလုပ်သား များမှာ အဆောက်အအုံ အရွယ်အစားအလိုက် လုပ်သား ၃၀ ဦးမှ ၇၀ ကျော်ခန့် ရှိတတ် ကြပြီး ၎င်းတို့မှာ နေ့တွက်ခ ပန်းရန်တစ်ဦးလျှင် ကျပ် ၁၅၀ဝ မှ ၂၀ဝ၀ နှင့် သန် လျက် ကိုင်တစ်ဦးလျှင် ကျပ် ၂၅၀ဝ မှ ၃၀ဝ၀ အထိရကြကြောင်း အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

“၈ ရက်နေ့ကတည်းက အစိုး ရနဲ့သက်ဆိုင်တဲ့ အဆောက်အအုံ လုပ်လက်စတွေ အကုန် လက်ရှိ အနေအထားအတိုင်း ရပ်နားထား ခဲ့တာ၊ ကုမ္ပဏီက ဆောက်နေ တာ တွေပဲ ဆက်ဆောက် နေကြတယ်” ဟု ထိပ်တန်းဆောက်လုပ်ရေး ကုမ္ပဏီ စာရင်းဝင် ကုမ္ပဏီအကြီး အကဲတစ်ဦးက နေပြည်တော်ရှိ ဆောက်လုပ်ရေး တည်ဆောက် နေမှုအခြေအနေကို ပြောပြသည်။ ထိုသို့ ရပ်နား ထားသည့် လုပ်ငန်းများတွင် နိုင်ငံတော်ဧည့်ဂေဟာ အပါအဝင် ဌာနဆိုင်ရာအဆောက် အအုံ များ၊ အိမ်ရာများ၊ ဝန်ကြီး ဌာနများ၊ စာကြည့်တိုက်၊ စစ်သမိုင်း ပြတိုက်စသည့် စီမံကိန်းကြီးများ လည်းပါဝင်ကြောင်း ၎င်းထံမှ သိရသည်။

“တစ်ခါမှ ဒီလိုမဖြစ်ဖူးပါဘူး။ ဘတ်ဂျက်ကိစ္စနဲ့ ပတ်သက်ပြီး ခေတ္တ ရပ်ထားရ တာပါ၊ သိပ်ပြီးမကြာ လောက်ဘူးလို့ထင်တာပဲ”ဟု အထက်ပါပုဂ္ဂိုလ်က ဆို သည်။ ရပ်နားထားသည့် လုပ်ငန်း အများစုသည် အချိန်ယူဆောင်ရွက် ၍ရသည့် လုပ်ငန်းပိုင်း များဖြစ်ပြီး တချို့မှာ အချောထည်လုပ်ငန်း အဆင့်ရောက်နေပြီဟု သိရသည်။ ထိုလုပ်ငန်းများ ရပ်နားထား၍ ကုမ္ပဏီအချို့မှ ဝန်ထမ်း အချို့ကို သုံးလစာပေး၍ နားခိုင်းထားရ ကြောင်းလည်း ဆောက်လုပ်ရေး ကုမ္ပဏီ အသိုင်း အဝိုင်းမှ သိရသည်။ “ဒီလို လုပ်ငန်းရပ်တော့ အဆောက်အအုံဆောက်ဖို့ ပစ္စည်း သွင်းနေတဲ့ Supplyer တွေလည်း ပြဿနာရှိလာတယ်။ သူတို့က ပစ္စည်းချ နောက်မှ ပိုက်ဆံယူကိုး။ အခု လုပ်ငန်းလည်း ရပ်၊ အရင်ချ ထားတဲ့ ပစ္စည်းဖိုးတွေ လည်း တောင်းနေရတယ်ဆိုတော့ အခက် အခဲရှိနေတယ်” ဟု ဆောက်လုပ်ရေး လုပ်ငန်းကြီးကြပ်သူက လက်ရှိ အခက်အခဲ ဖြစ်နေမှုအချို့ကို ထုတ် ပြောသည်။

တင်ဇာဇော်၊မင်းသုအောင်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: