ရွှေလီမြစ် နှင့် ပတ်သက် သော သဘာဝ ပါတ်ဝန်းကျင် ထိန်းသိမ်းသင့်


တရုတ်နိုင်ငံမှ မြစ်ဖျားခံစီး ဆင်းလာသော ရွှေလီမြစ်သည် ရေထု ညစ်ညမ်းမှုများ ဆိုးရွားစွာဖြစ် ပေါ်ပြီး ဧရာဝတီမြစ် အတွင်း သို့ စီးဝင်နေကြောင်း သိရသည်။ ရွှေလီမြစ်သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် အတွင်း ဂေါင်လီဂေါင်း တောင်တန်းများ တွင် မြစ်ဖျားခံ ပြီး မြန်မာနိုင်ငံ ရှမ်းပြည် နယ်မြောက်ပိုင်း မူဆယ်နှင့် နမ့်ခမ်းမြို့ အနီးတစ် ဝိုက်၌ တရုတ်-မြန်မာ နှစ်နိုင်ငံနယ် ခြားမြစ်အဖြစ် စီးဆင်းပြီးနောက် နမ့်ခမ်းမြို့၏ အနောက်ဘက်မှ မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက်ကာ ကသာမြို့၏ တောင် ဘက် ၃၂ ကီလိုမီတာ အကွာတွင် ဧရာဝတီ မြစ်အတွင်းသို့ စီးဝင်ခြင်းဖြစ်ရာ တရုတ်နိုင်ငံမှ စက်ရုံစွန့်ပစ် ပစ္စည်းများကို ရွှေလီ မြစ်အတွင်းသို့ စွန့်ပစ် ကြခြင်းနှင့် ရွှေကျင်ခြင်းလုပ်ငန်း များကြောင့် ရွှေလီမြစ်ရေသည် ကသာမြို့အနီးတွင် ရေထုအလွန် အမင်း ညစ်ညမ်းကာ ဧရာဝတီမြစ် အတွင်းသို့ စီးဝင်နေခြင်းဖြစ်ကြောင်း သိရ သည်။

“၂၀ဝ၅ တုန်းက ကျွန်တော် ရွှေလီမြစ်ကိုကြည့်ဖို့ရောက်ခဲ့တော့ မြစ်ရေကအနံ့အသက်မကောင်း တော့ဘူး။ ယားလည်းယားတယ်။ အရောင်ကလည်းအဝါရောင်ဖြစ်နေ ပြီး ဧရာဝတီမြစ်ထဲတောက် လျှောက်စီးဝင်နေတယ်။ ဒါကိုထိန်း သိမ်းမှုတွေမလုပ်ကြတော့ အခု နောက်ပိုင်းပိုဆိုးနေတယ်။ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမား တွေကလည်း သိပ်ပြီးတွင်တွင်ကျယ် ကျယ်မလုပ်နိုင်သေးတော့ သတိမ ထားမိတဲ့ သဘောရှိတယ်။

ရွှေလီ မြစ်ရေညစ်ညမ်းနေတာ ပတ်ဝန်း ကျင်မှာ နေထိုင်တဲ့လူထုကိုနည်း မျိုးစုံနဲ့ ထိခိုက်နိုင်သလို ဧရာဝတီမြစ် ကိုလည်း ဆိုးကျိုးတွေပေးနိုင်ပါ တယ်” ဟု ဒေါက်တာ ခင်မောင်ညို ကပြောသည်။

ရွှေလီမြစ်သည် အရှည် ၆၁၀ ကီလိုမီတာ၊ ရေဆင်းဧရိယာ ၂၉၆၃၀ စတုရန်းကီလိုမီတာရှိပြီး တရုတ်နိုင်ငံအတွင်းတွင် ၁၂၃၀ဝ စတုရန်း ကီလိုမီတာနှင့် မြန်မာနိုင်ငံ အတွင်းတွင် ၁၇၃၃၀ စတုရန်းကီလို မီတာစီ စီးဆင်းလျက်ရှိကြောင်း၊ ရွှေလီမြစ်သည် နမ့်ခမ်း၊ ရူလီ (ရွှေလီ) တစ်ဝိုက်တွင် ဆန်စပါးစိုက်ပျိုးနိုင် သည့် ကျယ်ပြန့် သောလွင်ပြင်တစ်ခု ဖြစ်ပေါ်နေသော်လည်း မြန်မာနိုင်ငံ အတွင်းစီးဆင်းသည့်အခါ တောင် ကြားများမှာ ဖြတ်သန်းစီးဆင်းရသော ကြောင့် ရေတံခွန်၊ ရေကျများဖြစ် ပေါ်နေပြီး ရေအားလျှပ်စစ်ထုတ်လုပ် ရန် အခြေအမြစ်များပေါများလှ ကြောင်း သိရသည်။

“၁၉၈၃ ခုနှစ်၊ ရွှေလီကိုတစ် ခေါက်ရောက်တုန်းက သစ်တော သစ်ပင်တွေပေါများပြီး မြစ်ရေက ကြည်လင်နေတာပဲ။ ၂၀ဝ၅ ခုနှစ် နှစ်ပေါင်း ၂၂ နှစ်ကြာတဲ့အခါ တစ်ခေါက် ရောက်တော့ ရွှေလီဟာ ညစ်ပတ်နံစော်နေပြီး ဧရာဝတီမြစ် ထဲ စီးဝင်နေတယ်။ အခု ၂၀၁၁ ခုနှစ်ရွှေလီကို ထိန်းသိမ်းပြုပြင်မှု တွေ မလုပ်ကြသေးရင် တစ်နှစ် ထက်တစ် နှစ်ပိုဆိုးလာဖို့ပဲရှိတယ်။ ဒါကြောင့် ရွှေလီမြစ်ကို ထိန်းသိမ်း ဖို့လိုနေပါပြီ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ကိုင်နေတဲ့ အဖွဲ့ တွေက ဦးဆောင်ပြီး ရွှေလီမြစ်ရေ ကို ဓာတ်ခွဲ စမ်းသပ်မှုတွေပြုလုပ် နိုင်ဖို့ဆောင်ရွက်ရမယ်။ အခြေအနေကို သက်ဆိုင်ရာထံ တင်ပြရ မယ်။ သက်ဆိုင်ရာကမှတစ်ဆင့် တရုတ်နိုင်ငံ အထိ တင်ပြတာမျိုးတွေ လုပ်သင့်တယ်။ တရုတ်နိုင်ငံက စက်ရုံစွန့်ပစ်ပစ္စည်းတွေ ရွှေလီမြစ် ထဲမပစ်အောင်ပေါ့။ တကယ်တင်ပြ ရင် တရုတ်အစိုးရ ကလည်း လုပ် ပေးမှာပါ။ သူတို့ဆီမှာ သမ္မတက အစဝန်ကြီးချုပ်အထိ တင်ပြတာ တွေကို တက်တက်ကြွကြွ လုပ်ပေး တတ်ကြတယ်။ ကျွန်တော်တို့တွေ ဘက်ကပဲ အကောင်အထည်ဖော် ဖို့လိုတယ်”ဟု ၎င်းက ပြောသည်။

မင်းချစ်နိုင်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: