Consumer အခွင့်အရေး


စားသုံးသူတွေမှာ “စားသုံးသူ အခွင့်အရေး” ဆိုတဲ့ အခွင့်အရေးတွေ ရှိကြပါတယ်။ အဲဒီ အခွင့်အရေးတွေ ကို တချို့က နားလည်ပြီး အများစု ကတော့ နားလည် နိုင်မယ် မထင်ကြဘူး။ ဒါကလည်း သူတို့နေထိုင်ရာ ပတ်ဝန်းကျင်၊ တိုင်းပြည်နိုင်ငံနဲ့ လူနေမှု အဆင့်အတန်းတွေက ပြဋ္ဌာန်း ပါလိမ့်မယ်။ အထူးပြောချင်တာက နိမ့်ကျတဲ့ လူ့အဆင့်အတန်းနဲ့ ဆင်းရဲ မွဲတေမှုမျဉ်းနားကို ရောက်နေတဲ့၊ ကပ်နေတဲ့ သူတွေ အဲဒီမျဉ်းရဲ့အောက် ဘက်ကို ရောက်နေကြတဲ့သူတွေဟာ မိမိတို့အခွင့် အရေးကို သိနိုင်ခဲကြသလို ဘာတွေဖြစ်နေတယ်၊ ဘယ်လိုယူကြ ရမယ်ဆိုတာကိုလည်း နားလည်နိုင် စွမ်း မရှိကြတာ အမှန်ပါ ပဲ။

လူတစ်ယောက်က ဆင်းရဲမွဲတေ နေတဲ့အတွက် ဝယ်မစားနိုင်ဘူး၊ ဝယ် မသုံးနိုင်ဘူးဆိုရင် စားသုံးသူ အခွင့် အရေးကိုတောင် လက်လွတ်ဆုံးရှုံးရ မလိုဖြစ်နေတယ်။ တစ်နေ့တာ ဝင်ငွေ ဟာ တစ်ဒေါ်လာတောင်မရကြတဲ့ သူတွေ၊ အဲဒီလို လူမျိုးတွေ ကမ္ဘာပေါ် မှာ အများကြီးရှိတယ်။ သန်း တစ်ထောင်ကျော်မယ်ထင်ပါရဲ့ (သန်း တစ်ထောင့်သုံးရာလို့ ဖတ်ရမှတ်ရ ဖူးပါတယ်)။ ဒီလူတွေခမျာ စားသုံးသူ ဘဝကို တောင်ခံယူနိုင်ဖို့နည်းတယ်။

သန့်ရှင်းတဲ့ သောက်သုံးရေ မရကြတဲ့သူတွေ၊ ကောင်းမွန်တဲ့ ကျန်းမာရေးစောင့် ရှောက်မှုမခံကြရ တဲ့သူတွေ၊ လျှပ်စစ်မီးမရှိကြတဲ့ သူတွေ၊ သယ်ယူပို့ဆောင်ရေး ညံ့ဖျင်း စွာနဲ့ နိစ္စဓူဝ လှုပ်ရှားသွားလာ နေကြရ တဲ့ သူတွေဟာ စားသုံးသူ အခွင့်အရေး ရရှိဖို့ကိုမပြောနဲ့ စားသုံးသူတစ်ဦးရဲ့ ဘဝကို ခံယူနိုင်ခွင့်တောင်မရှိတဲ့ လူတွေ ဖြစ်နေကြတယ်။ သူတို့တစ်တွေ လူ့အဆင့်အတန်း မီလာမှသာ စားသုံး သူ အခွင့်အရေး ဆိုတာရှိလာမှာ မဟုတ်လား။ ဒီတော့ သက်ဆိုင်ရာ အစိုးရများ အနေနဲ့စားသုံးသူ အခွင့် အရေးထက် ဆင်းရဲမွဲတေမှု ပပျောက် ရေးကို ဦးစားပေး လုပ်ဆောင်နေရ တယ်လို့ထင်တယ်။ ဘာကြောင့်လဲဆို တော့ စားသုံးသူတွေကို အကာ အကွယ်ပေးတဲ့ ဥပဒေပြဋ္ဌာန်းမှုဆိုတာ အစိုးရကပဲ လုပ်နိုင်တာကိုး။

ဒီနေရာမှာ စားသုံးသူရဲ့ အကျိုး စီးပွားကို ကာကွယ် တယ်ဆိုတာ ပစ္စည်း ထုတ်လုပ်သူများကို ထိုးနှက် တိုက်ခိုက်ဖို့ မဟုတ်ဘူးဆိုတာ နားလည်သင့်တယ်။ စားသုံးသူ အကျိုးစီးပွားကို ကာကွယ်တယ် ဆိုတာ ဈေးကွက်ပြိုင်ဆိုင်ဖို့ကို ဦးတည်လာတာမျိုးဖြစ်ပါတယ်။ ဈေးကွက်ထဲမှာ ရှိနေတဲ့၊ ရောက်ရှိလာ တဲ့ ပစ္စည်းတွေကို ရွေးချယ်ခွင့်ဆိုတာ စားသုံးသူတိုင်းမှာ ရှိပါတယ်။ အရည် အသွေးမမီတဲ့ ခပ်ညံ့ညံ့ ပစ္စည်းတွေကို အများက လက်မခံ တော့တဲ့အခါ ပိုမိုအရည်အသွေးကောင်းတဲ့၊ မြင့်တဲ့ ပစ္စည်းတွေကို ပြိုင်ဆိုင်ထုတ်လုပ် ရတော့မယ်။ ဒါမှသာ ပေးလိုက်ရတဲ့ တန်ဖိုးနဲ့ညီမျှတဲ့ ဝန်ဆောင်မှုကိုရမှာ မဟုတ်လား။

ကမ္ဘာပေါ်မှာ စားသုံးသူ အခွင့် အရေး (Consumer rights)ကို ကာကွယ်ဖို့အတွက် ဥပဒေတစ်ရပ်ကို ၁၉၈၅ ခုနှစ်ကတည်းက ပြဋ္ဌာန်း ပေးခဲ့တာတဲ့။ ကုလသမဂ္ဂအဖွဲ့အစည်း ကြီးရဲ့ လမ်းညွှန်မှုကိုအခြေခံပြီး “နိုင်ငံတကာ စားသုံးသူများအဖွဲ့” ဆိုတာရှိပြီး အဖွဲ့ဝင်နိုင်ငံပေါင်းက (၁၁၅)နိုင်ငံတောင်ရှိသတဲ့။ အဲဒီထဲမှာ အသင်းအဖွဲ့တွေ ထပ်ဖွဲ့ပြီး တိုးချဲ့ လိုက်တော့ အသင်းအဖွဲ့ပေါင်းက (၂၅၀)တောင်ရှိသတဲ့။

တကယ်က စားသုံးသူအခွင့် အရေး တိုက်ပွဲဆိုတာ ၁၉ ရာစုနှစ် ကတိုင်စခဲ့တာလို့ မှတ်သားဖူးပါတယ်။ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ “စားသုံးသူအသင်းကြီး” (Consumer Leagye of New York)ဆိုတာကို အဲဒီအချိန်ကတည်းက ဖွဲ့စည်းခဲ့ တာတဲ့။ အလုပ်သမားအခွင့်အရေး တွေနဲ့ ဆက်စပ်ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။ အလုပ်သမားအခွင့် အရေးတွေနဲ့ စားသုံးသူ ဦးစားပေးရေး အတွက် အသင်းကြီးက ကုမ္ပဏီတွေ ကို လမ်းညွှန်ခဲ့တယ်လို့ ဆိုပါတယ်။

အစိုးရများကလည်း စားသုံးသူ အခွင့်အရေးတွေကို တာဝန်ယူ ဆောင်ရွက်တဲ့ နိုင်ငံတွေရှိပါတယ်။ ဂျာမနီမှာ၊ ယူကေမှာ၊ အီးယူမှာ၊ ဓနသဟာယနိုင်ငံတွေမှာရှိကြပါ တယ်။ အာရှတိုက်မှာတော့ တရုတ် မှာပဲရှိသေးတယ်။ တရုတ်တိုင်ပေမှာက စားသုံးသူ ကာကွယ်ရေး ဥပဒေကို အထူးဥပဒေအဖြစ် ပြဋ္ဌာန်းပြီး အများ ပြည်သူ အန္တရာယ်ဖြစ်စေ၊ ဒုက္ခ ရောက်စေမယ့်ပစ္စည်းတွေကို စစ်ဆေး အစီရင်ခံတဲ့ ကော်မရှင်တစ်ရပ်ကို လည်း ဖွဲ့စည်းထားတယ်လို့ သိရ ပါတယ်။

အမေရိကန်မှာတော့ များပြားလှ တဲ့ ပြည်နယ်တွေအလိုက် ပြည်နယ် အစိုးရတွေက ဥပဒေပြဋ္ဌာန်းပြီး စားသုံးသူအခွင့်အရေးကို ကာကွယ် ပေးထားပါတယ်။ အမည်မျိုးစုံနဲ့ စားသုံးသူ ကာကွယ်ရေးအဖွဲ့တွေ ကိုလည်း ထူထောင်ထားပါသေး တယ်။ နောက်ပြီး တချို့ ပြည်နယ်တွေ (ပြည်နယ်အများစု)မှာ “စားသုံးသူ ရေးရာဋ္ဌာန”ဆိုတာရှိပါတယ်။ စက်မှု လုပ်ငန်းတွေက ထုတ်လုပ်ဖြန့်ချိလိုက် တဲ့ ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေ အတွက် ပြည်သူများကို ကာကွယ်ပေး ထားတာဖြစ်ပါတယ်။

တကယ်တော့ စားသုံးသူတွေမှာ အခွင့်အရေးရှစ်ခုရှိတဲ့အကြောင်း ဖတ်ဖူးတယ်။ အဲဒါက ၁၉၈၅ ခုနှစ် ကတည်းက ကုလသမဂ္ဂက သတ်မှတ် ထားတာပါ။ ဘာတွေလဲဆိုတော့

(၁) အခြေခံလိုအပ်ချက်များကို ရရှိခွင့်(The Right to Basic Needs) တဲ့။ ဆိုလိုတာက လူတစ်ယောက်ချင်း စီမှာ အသက်ရှင်နေထိုင်ခွင့်အတွက် အာမခံချက်ရှိရမယ့်အပြင် အခြေခံ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုများကို ခံစားခွင့်ရှိရမယ်။ အဲဒီထဲမှာ စားနပ် ရိက္ခာ၊ အထည်အဝတ်၊ ကျန်းမာရေး၊ အိုးအိမ်၊ ပညာရေး၊ သန့်ရှင်းရေးတွေ ပါဝင်ပါတယ်။

(၂) လုံခြုံရေးအခွင့်အရေး (The Right to Safety)လူတွေရဲ့ ကျန်းမာ ရေးနဲ့ အသက် အန္တရာယ်ဖြစ်စေမယ့် ကုန်ပစ္စည်းတွေ၊ သယ်ယူပို့ဆောင်ရေး တွေ၊ ဝန်ဆောင်မှုတွေ အတွက် အကာ အကွယ်ရှိရမယ်လို့ ဆိုထားပါတယ်။

(၃) သတင်းရရှိခွင့် (The Right to be Informed)မှန်မှန်ကန်ကန် ရွေးချယ်နိုင်ဖို့၊ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ဖို့အတွက် အချက် အလက်တွေရှိဖို့ သိဖို့လိုပါတယ်။ ဒါမှသာ အခွင့်အရေးကို ကာကွယ်နိုင် မှာပါ။ ကုန်ပစ္စည်းတွေရဲ့ ကြော်ငြာ တွေ၊ တံဆိပ်တွေ၊ ထုပ်ပိုးပစ္စည်းတွေ မှာ သူတို့ အရည်အချင်းကို မှန်ကန်စွာ ဖော်ပြနိုင်ဖို့ လိုပါတယ်…..တဲ့။

(၄) ရွေးချယ်ပိုင်ခွင့်(The Right to Choose) ကုန်ပစ္စည်းမှန်သမျှဟာ ဈေးပြိုင်စနစ်၊ ပစ္စည်းအရည်အသွေး ပြိုင်ဆိုင်တဲ့ ပုံစံဖြစ်နေစေရမယ်။ ဒါမှသာ စားသုံးသူဟာ ကိုယ်ကြိုက်တဲ့ ဈေးနဲ့ ကိုယ်ကြိုက်တဲ့ပစ္စည်းကို ရွေးချယ်နိုင်ပေမပေါ့။

(၅) ပြောရေးဆိုခွင့်(The Right to be Heard) စီးပွားရေးနဲ့ အခြား အခြေခံမူဝါဒများချမှတ်ရာမှာ စားသုံး သူတွေ အကျိုးစီးပွားကို ထည့်သွင်း စဉ်းစားနိုင်အောင် ပြောရေးဆိုခွင့် ရှိရပါမယ်။ ကုန်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတွေ မလုပ်ခင် စားသုံး သူများရဲ့ လိုလားချက်တွေကို ပြောဆို နိုင်ခွင့်ရှိရပါမယ်။

(၆) အလျော်ရပိုင်ခွင့် (The Right of Redress) ဘယ်ကိစ္စမှာ မဆို စားသုံးသူတွေ နစ်နာရမှုအတွက် သင့်တင့်မျှတတဲ့ ဖြေရှင်းမှုတွေရှိနေရ ပါမယ်။ ကျေနပ်ဖွယ်မရှိတဲ့ ဝန်ဆောင် မှုတွေအတွက် လျော်ကြေးပေးရ ပါမယ်။

(၇) စားသုံးသူများရဲ့ ပညာရေး ရပိုင်ခွင့် (To Right of Consumer) စားသုံးသူအနေနဲ့ သိသင့်သိထိုက်တဲ့ အချက်အလက် တွေကို သိရှိနားလည်နိုင်စေဖို့အတွက် အသိပညာတွေ ဆည်းပူးလေ့လာခွင့် ဖြစ်ပါတယ်။ စားသုံးသူတွေအတွက် လိုအပ်တဲ့ သုတပညာတွေကို လေ့လာ ပြီး မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ဖို့ ဖြစ်ပါတယ်။

(၈) ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပတ်ဝန်းကျင် ရပိုင်ခွင့် (To Right to a Healtht Environment) ဘဝ အရည်အသွေး မြင့်မြင့်မားမားနဲ့ နေထိုင်နိုင်ဖို့ ရုပ်ပိုင်းဆိုင်ရာ ပတ်ဝန်း ကျင်လိုပါတယ်။ ပတ်ဝန်းကျင် အန္တရာယ်တွေကို ခုခံနိုင်ဖို့လည်း လိုပါတယ်။ မျက်မှောက်ကာလနဲ့ အနာဂတ်ကာလမှာ မျိုးဆက်သစ်တွေ အတွက် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်မြှင့်တင်ဖို့အတွက်ဖြစ် ပါတယ်။

အဲဒီအချက်(၈)ချက်ဟာ စားသုံး သူတွေရဲ့ အခွင့်အရေးတွေအဖြစ် ပြဋ္ဌာန်းထားတာပါ။ ဒါကို နိုင်ငံတိုင်း က အစိုးရတွေဟာ ဘယ်လောက် ကြပ်မတ် ဆောင်ရွက်ပေး နေတယ်၊ ဘယ်လိုအောင်မြင်မှုရနေတယ်ဆိုတာ တော့ မသိပါဘူး။ သတ်မှတ်ထားတဲ့ အခွင့်အရေးတွေကတော့ တကယ့်ကို ကောင်းမွန်တာ အမှန်ပါပဲ။

ထက်ကျော်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: