ဦးအေးကျော်နှင့် တွေ့ဆုံခြင်း (Interesting in Management Subject)


ပညာရေးဆိုင်ရာ စစ်တမ်းတစ်ခုအရ ယခုနှစ်ပိုင်းများအတွင်း ပြည်ပ နိုင်ငံများသို့ သွားရောက်ကြသော မြန်မာကျောင်းသားအများစုသည် စီးပွားရေးစီမံခန့်ခွဲမှုဘာသာရပ်များကို ဦးစားပေးသင်ယူကြလျက် ရှိသလို ပြည်တွင်း၌လည်း စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားမှု မြင့်တက်လာလျက်ရှိသည်။ သင်တန်းကျောင်းများ တိုးပွားလာခြင်းနှင့် ကျောင်းသားများ၏ အခွင့်အလမ်းဖြစ်တည်မှု၊ ပုဂ္ဂလိက ပညာရေးကဏ္ဍနှင့် သက်ဆိုင်ရာ ပညာရေးဌာနတို့ ပူးပေါင်း ဆောင်ရွက် လာနိုင်မှု အလားအလာတို့ ကို ဗြိတိန်နိုင်ငံမှ နိုင်ငံတကာ အသိအမှတ်ပြု ABE စီးပွားရေး စီမံခန့်ခွဲမှုဆိုင်ရာ ဘာသာရပ်များအား ၁၃နှစ် ကျော်ကြာ သင်ကြားပို့ချနေခဲ့သော MHR သင်တန်း ကျောင်း တည်ထောင် ထားသူ ဦးအေးကျော်နှင့် တွေ့ဆုံမေးမြန်းထားသည်များမှ ကောက်နုတ် ဖော်ပြလိုက်ပါသည်။

ကျောင်းသားတွေရဲ့ ပညာသင် ယူမှုဆိုင်ရာ ရည်မှန်းချက် အခြေ အနေကိုပြောပြပေးပါ။

ရှေ့နှစ်ဝက် သက်တမ်းမှာ ခြောက်နှစ်၊ ခုနစ်နှစ်လောက်ထိ နိုင်ငံခြားမှာ ကျောင်းတက်ချင်လို့ ရယ်။ ဒီ ဒီပလိုမာရရင် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီမှာ လစာကောင်း ကောင်းရမယ်လို့ မျှော်လင့်ပြီး တော့ တက်ကြတယ်။ ဘွဲ့ရပြီး အလုပ်မရှိသေးတဲ့သူ၊ ဘွဲ့မရသေးတဲ့သူ။ အဲဒီအုပ်စုများတယ်။ ဒီလက်မှတ်ဟာ အလုပ်ခွင်ဝင်လို့ရတာ မကဘဲနဲ့ နိုင်ငံတကာ တက္ကသိုလ် တွေရဲ့ဝင်ခွင့်ရလက်မှတ်လည်း ဖြစ်တဲ့အတွက် ကျောင်းလျှောက် ဖို့တက်ကြတဲ့ အုပ်စုလည်း ရှိတယ်။

ဒါပေမဲ့ လွန်ခဲ့တဲ့ လေးငါး ခြောက်နှစ်ကစပြီးတော့ ခုနစ် ဆယ်ရာခိုင်နှုန်းလောက်က အ လုပ်ရှိပြီးသား အလုပ်ခွင်ထဲက ဝန်ထမ်းတွေ တက်ကြတယ်။ တော်တော်များများက ဒီလက် မှတ်တွေရထားရင် လုပ်ငန်းခွင်မှာ သူများထက် ရာထူးတက်တာ မြန်မယ်။ ရာထူးကောင်းကောင်း၊ နေရာကောင်းရမယ်ဆိုတာ မြင် လာတဲ့အတွက် လာတက်ကြတယ်။ ကျန်တဲ့ရာခိုင်နှုန်းက လုပ်ငန်းခွင်ထဲက လူတွေပဲ၊ သူတို့က သင့်တင့်လျောက်ပတ်တဲ့ လုပ်သက်ရှိပြီး မိတ်ဆွေအပေါင်းအသင်းရှိပြီ၊ နက်ဝါ့ခ်ရှိပြီ။

ဒါပေမဲ့ သူတို့ယူထားတဲ့ ဘွဲ့တွေက ဝိဇ္ဇာ သိပ္ပံဘာသာရပ်တွေ ဖြစ်နေတယ် ဆိုရင် စီးပွားရေးစီမံခန့်ခွဲမှုရဲ့ အခြေခံစည်းမျဉ်း စည်းကမ်းတွေ၊ သဘောတရားတွေနဲ့ လုပ်သက် ပေါင်းစပ်ပြီး ကိုယ်ပိုင်လုပ်ငန်း တည်ထောင် ကြမည့်သူတွေပါ။ အဲ့လို လူတွေရောက်လာတယ်။ အခုဆိုရင် အမြင့်ဆုံးဒီပလိုမာ တန်းမှာ ကျောင်းသား ၄၄ ယောက် လောက်ရှိတာ ၆၅ ရာခိုင်နှုန်းက အလုပ်ရှိပြီးသားပါ။ လုပ်ငန်းထဲမှာ ရာထူးတက်တာ မြန်ဖို့နဲ့ သူတို့ လုပ်ငန်းအဆက်အသွယ်၊ လုပ်သက်ကိုအခြေခံပြီး ဒီပညာနဲ့ ပေါင်းလိုက်ပြီး ကိုယ်ပိုင် လုပ်ငန်း ငယ်လေးတွေ ထူထောင်ဖို့ရှိတယ်။ ဆရာတို့က ဘာရည်ရွယ်ချက်နဲ့ တက်တာလဲလို့ မေးတဲ့အခါ အ ပြောင်း အလဲလေး   ဖြစ်လာတယ်။

တက္ကသိုလ်ဝင်တန်း အောင်မြင် ပြီးစ ကျောင်းသားတွေ တက် ရောက်လာတာရော တွေ့ရပါ လား။

အဲဒါ့လည်း ရှိတယ်။ နည်းနည်းပိုများလာတယ်။ အရင်တုန်းက အကြမ်းဖျင်းပြောရင် အဝေးသင်တက်တယ်ဆိုတာ ဒေးတက်ဖို့ အကြောင်းကြောင်းကြောင့် အဆင်မပြေကြတာ ပါလေ့ရှိတယ်။ အခုက ကျောင်းမှာ လာတက်တဲ့ ကျောင်းသားတွကိုမေးတော့ မိဘလည်း အရမ်းအဆင်ပြေတယ်။ ဒေးတက်ရင်လည်း ငွေကြေးတတ် နိုင်ပါရဲ့နဲ့ တမင်သက်သက် ဒေး မတက်ဘဲ အဝေးသင်ယူတယ်။ ဘာလို့လဲဆို ဒေးသွားတက်ရတဲ့ အချိန်တွေမှာ နိုင်ငံတကာ အသိအမှတ်ပြု သင်တန်းတွေကို တက်ချင်နေလို့။ တချို့ဆို အမှတ်တွေ တော်တော်ကောင်းကြတယ်။ ဂုဏ်ထူးခြောက်ခု၊ ငါးခု၊ လေးခုအထိ ပါကြတယ်။ အဝေးသင် တက်တယ်။ ဒီလက် မှတ်တွေ ယူတယ်။

ပြင်ပစီးပွားရေးစီမံခန့်ခွဲမှု သင်တန်းကျောင်းတွေကို တက် ရောက်ဖို့ စိတ်ဝင်စားတဲ့ သင်တန်း သားများလာစေတဲ့ အချက်ကို သိချင်ပါတယ်။

တစ်ချက်က အလုပ်ရှင်တွေ ရဲ့ လက်ခံမှုပေါ့။ အရင်တုန်းက ဆိုရင် အလုပ်တွေခေါ်တဲ့အခါ ဘွဲ့တစ်ခုခုရထားရမယ်။ အင်္ဂလိပ် ဘာသာစကားရေးတတ်၊ ဖတ်တတ်ရမယ်။ ကွန်ပျူတာ တတ်ရမယ်။ ဒါတွေနဲ့ ပြီးသွား တယ်။ အခုကတော့ အလုပ်ခေါ်စာမှာ MBA၊ ဒါမှမဟုတ် Abe ဒီပလိုမာ ရထားရင် ပိုပြီးသဘောကျတယ် ဆိုပြီး ရေးထားတာ တွေ့ရတယ်။ နောက်တစ်ချက်က နိုင်ငံခြား တက္ကသိုလ်တွေရဲ့ ဝင်ခွင့်လိုအပ် ချက်ပေါ့။ သူတို့ဆီမှာ ကျောင်း တက်မယ်ဆိုရင် ကျောင်းလျှောက် တဲ့အခါ ကျောင်းသားမှာပါလာ ရမယ့် နဂိုအရည်အချင်းသတ် မှတ်ချက်တွေရှိတယ်။ မြန်မာ ကျောင်းသားအနေနဲ့ အထင်ကရ တက္ကသိုလ်တွေမှာ တက်ရောက်ဖို့ ဝင်ခွင့်အတွက် နည်းနည်းအခက် အခဲရှိတယ်။ အဲ့ဒီကျောင်းသားက နိုင်ငံတကာ အသိအမှတ်ပြု ဒီပလို မာတစ်ခုခုရလိုက်ပြီဆိုရင် တက္က သိုလ်ကြီးတွေက ကျောင်းဝင်ခွင့် အတွက် ပိုပြီးဦးစားပေးတယ်။ အဲ့ ဒီနှစ်ခုကြောင့် တက်လာတာများ တယ်။

ABE သင်တန်းရဲ့ ကာလ ကြာ မြင့်မှုနဲ့ ငွေကြေးကုန်ကျနိုင်မှုကို ပြောပြပေးပါ။

အသက် ၁၆ နှစ်မှာ ဆယ်တန်း အောင်မြင်တဲ့ ကလေးတက်တဲ့ ဒီပလိုမာက ခြောက်လပဲကြာ တယ်။ အဲ့ဒါ Level-၄ပါ။ ဒါနဲ့ပဲ လုပ်ငန်းခွင်ဝင်မယ်ဆိုလည်းရ တယ်။ ရာထူးနိမ့်နိမ့် လစာနည်း နည်းပဲရမယ်။ ပညာတစ်ခုကို ဆုံး ခန်းတိုင်အောင် သင်မယ်ဆိုရင် တော့ Lever-4အပြီးမှာ Level-5 ဖြစ်တဲ့ Higher Diploma ကို တစ်နှစ် တက်ရမယ်။ Graduate Diploma ဖြစ်တဲ့ Level-6 ကို ခြောက်လထပ်တက်ရမယ်။ ဒီကလေးဟာ နှစ်နှစ်တက်လိုက် ပြီဆိုရင် တက္ကသိုလ်အဆင့်ဘာ သာရပ်တွေကို သင်ယူပြီးတာဖြစ် သလို စီးပွားရေးစီမံခန့်ခွဲမှုပညာ မှာ ဘွဲ့ရပြီးသလို ဖြစ်သွားတယ်။ ဒါဆို အလုပ်ဝင်တဲ့အခါ သူတော် တော် အဆင်ပြေ သွားပြီ။ အောက် ဆုံးအဆင့်ဒီပလိုမာက တစ်ဘာ သာကို တစ်သိန်းဝန်းကျင်ဆို တော့ လေးဘာသာဆို ကျပ်လေးသိန်း ကျော်ကျော်လောက်ကုန်မယ်။ ခြောက်လအတွက် ကျောင်းက ကောက်တဲ့ သင်တန်းကြေးပေါ့။ ငါ့ နမ ဒီပလိုမာကလည်း တစ်ဘာသာကို ကျပ်တစ်သိန်းနှစ် သောင်းဆိုတော့ ရှစ်ဘာသာကို ကျပ်ဆယ်သိန်းလောက်ကုန်မယ်။ နောက်ပြီး MAR ကအေန ဒီပလိုမာက တစ်ဘာသာကို ကျပ်တစ်သိန်းခွဲ ယူတယ်။ ငါးဘာသာဆိုတော့ ကျပ်ခုနစ်သိန်းလောက်ရှိမယ်။ အဲ့ဒီတော့ ကျပ်သိန်းနှစ်ဆယ်ဆို နိုင်ငံတကာ အသိအမှတ်ပြုဘွဲ့ အဆင့်ရှိတဲ့လက်မှတ်ကို အလုပ်ပဲ လုပ်လုပ်၊ အဆင့်မြင့် မဟာဘွဲ့ပဲ ဆက်တက်တက် အဆင်သင့်   ဖြစ်အောင် ပညာထည့်ပြီးသွားပြီ။ ဟို ဘက်ကို စာမေးပွဲ ကြေးသွင်းရမှာက စုစုပေါင်း ဒေါ်လာ ၅၀ဝ လောက် ကုန်မှာပေါ့။

သင်တန်းကျောင်းတွေ များ လာနေတဲ့အပေါ် အားနည်းချက်၊ အားသာချက် ဆရာ့အမြင်လေး ပြောပြပါ။

ဘာသာရပ်တူညီတဲ့ သင် တန်းကျောင်းတွေပေါ်လာတော့ ကျောင်းသားတွေအတွက် ပိုပြီး ရွေးချယ်ခွင့်ရတာတာပေါ့။ ကျောင်း တွေဘက်ကတော့ ကျောင်းသုံး လေးခုပေါ်လာပြီဆိုရင် ဘာပဲ ပြောပြောပြိုင်ဘက်လို သဘော ထားထား၊ မထားထားအဓိကဘာ ကိုပြရမလဲဆိုရင် ကိုယ့်ဆီမှာ တက်တဲ့ကျောင်းသားရဲ့ ထူးချွန်မှု ကိုပေါ်အောင်လုပ်ရတော့မယ်။ အားနည်းချက်တွေက တခြား လက်မှတ်တွေပေါ်လာတဲ့အတွက် တက်မယ့် သင်တန်း သားတွေရယ်၊ ငွေကြေးထောက်ပံ့ပေးမယ့် မိဘ တွေက မတူညီတဲ့ သင်တန်းတွေ က ပေးတဲ့၊ မတူညီတဲ့ လက်မှတ် တွေကို ဘယ်လောက်ထိ အရည်အ သွေးမြင့်လဲ၊ ဘယ်လောက်ထိ နိုင်ငံတကာ အသိ အမှတ်ပြုလဲ ဆိုတာ စစ်ဆေးတိုင်းတာတဲ့နေ ရာမှာ ဗဟုသုတရှိဖို့လိုလာတယ်။ နိုင်ငံခြားကပေးတဲ့ လက်မှတ်တိုင်း နိုင်ငံတကာ အသိအမှတ်ပြုလား ဆိုတဲ့ မေးခွန်းပါပဲ။ မြန်မာကျောင်း သားနဲ့ မိဘစိတ်ထဲမှာက မြန်မာ က ပေးတာမဟုတ်ဘဲ နိုင်ငံခြား က ပေးတာဆိုရင် နိုင်ငံတကာ အသိအမှတ်ပြုတယ်ပဲ ထင်နေကြ တယ်။ အဲ့ဒါမဟုတ်ဘူး။

နိုင်ငံတကာ အသိအမှတ်ပြု သင်တန်းကျောင်းတွေ ပြည်တွင်း မှာ တရားဝင်ရပ်တည်ခွင့်မရသေး တဲ့အပေါ် သုံးသပ်ပေးပါ။

ကျောင်းတွေဘက်က လည်း ကိုယ်ပိုင်ဒီပလိုမာတွေ ပေးချင် ပါတယ်၊ ခွင့်ပြုပေးပါဆိုတာမျိုး တရားဝင်ဝိုင်းပြီးတော့ စုပေါင်း တောင်းဆိုတာလည်း မရှိသေး ဘူး။ ဒီကိစ္စကို ဆရာကစပြီး ဆောင်ရွက်ဖို့တော့ စဉ်းစားထား တယ်။ ပညာရေးဌာနဘက်က လူကြီးတွေ စိတ်ပူစရာလေးတွေ နည်းနည်းတော့ အမှန်တကယ် ရှိနေတယ်။ အဲ့ဒါဘာလဲဆိုတော့ ပညာရေးကို ဦးစားမပေးဘဲနဲ့ ဆရာစိတ်အပြည့် မရှိဘဲနဲ့ စီး ပွားရေးလုပ်ငန်းတစ်ခု အနေနဲ့ သင်တန်းကျောင်း ထောင်တာ ကိုက်တယ်ဆိုပြီး ဝင်လာတဲ့ ကျောင်းလေးတွေ နည်းနည်း တော့ရှိနေတယ်။ အဲ့လို ကျောင်း တွေကတော့ ဥပဒေထွက်လာရင် ပပျောက်သွားလိုက်မယ်။

ဒုတိယသမ္မတဒေါက်တာ စိုင်း မောက်ခမ်းကကိုယ်ပိုင် ကျောင်း၊ ပညာရေးဝန်ဆောင်မှုတွေနဲ့ပတ် သက်တဲ့ ဥပဒေတွေကို လွှတ် တော်ကိုတင်ပြဖို့ ပြင်ဆင်နေတယ် လို့ ပြောထားတယ်။ သက်ဆိုင်ရာ ပညာရေး ဌာနတွေနဲ့ ပုဂ္ဂလိက သင် တန်းကျောင်းတွေ ပူးပေါင်းဆောင် ရွက်နိုင်မှု အလားအလာ ဘယ် လိုဖြစ်လာနိုင်မယ်လို့ ထင်ပါသလဲ။

ပညာရေး အရည်အသွေး ကို စစ်ဆေးတဲ့အဖွဲ့ မြန်မာနိုင်ငံ မှာ လိုအပ်နေတယ်။ သူသည် ပညာရေးဝန်ကြီးဌာနအောက်က ဝန်ထမ်းမဖြစ်ရဘူး။ သီးခြားဘုတ် အဖွဲ့ဖြစ်ရမယ်။ အဲ့ဒီအဖွဲ့က တက္က သိုလ်တွေပါ စစ်ရမယ်။ ပုဂ္ဂလိက ကဏ္ဍက သင်တန်းတွေကိုလည်း စစ်၊ တန်းတူဆရာတို့ အစစ်ခံမယ်။ နိုင်ငံတော်က ဘုတ်အဖွဲ့တွေ၊ အ ရည်အသွေး စစ်ဆေးတဲ့ ကောင်စီ အနေနဲ့ ဆရာတို့ ပုဂ္ဂလိကသင် တန်းကျောင်းတွေကို မှတ်ပုံတင် တာမျိုး၊ အရည်အသွေးစစ်ဆေး တာမျိုးလုပ်လာရင် ဆရာတို့ကျောင်း တွေကလည်း သူတို့သတ်မှတ်ထား တဲ့ စည်းမျဉ်းဘောင်နဲ့ ညီအောင်၊ တိုးတက်အောင် လုပ်တဲ့အတွက် ကျောင်းတွေ အရည်အသွေးလည်း မြင့်လာ လိမ့်မယ်။ အရင် တုန်းက ပေတံမရှိဘူး။ အဆင်ပြေ သလိုဆရာတို့နေကြတယ။် ကျောင်း တစ်ကျောင်းရဲ့ အင်္ဂါရပ်၊ နောက် ပြီး ဆရာတွေရဲ့ အရည်အသွေး၊ သင်ရိုးညွှန်းတန်းတွေ သတ်မှတ် တာ မရှိသေးဘူး။ အာဆီယံမှာ ခေတ်စားနေတဲ့ စကားလုံးရှိ တယ်။ Public,Private,Partnership(PPP)ပါ။ ပညာရေး ဝန်ကြီးဌာနနဲ့ အပြင်သင်တန်း ကျောင်းတွေ၊ အင်္ဂလိပ်စာဌာနနဲ့ အင်္ဂလိပ်စာသင်တန်းကျောင်း တွေ၊ ကွန်ပျူတာ တက္က သိုလ်နဲ့ ကွန် ပျူတာသင်တန်းကျောင်းတွေ အဲဒါမျိုး ပူပေါင်းဆောင်ရွက် တာပါ။ အာဆီယံမှာ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက ခေတ်စားနေတာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာကျတော့ အခုထိ ဆရာတို့ ပုဂ္ဂလိက က လူတွေကို အစိုးရဘက်က လိုလိုလားလား ပူးပေါင်းခေါ်ယူမှုမျိုး မတွေ့ရ သေးဘူး။

အချိန်ပေးဖြေကြားပေးတဲ့အ တွက် ကျေးဇူးတင်ပါတယ်ဆရာ။

နေလင်းထွန်း

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: