ရွှေသမင်များ ဖမ်းဆီးသတ်ဖြတ်သူကို ထောင်ဒဏ် တစ်နှစ်နှင့် ခြောက်လချမှတ်


ရွှေသမင်များ နေထိုင် ကျက်စားရာ ဘေးမဲ့တော နယ်နိမိတ် ဖြစ်သည့် ကောလင်းမြို့နယ်၊ ဆင်ဂေါင်းကျေး ရွာမှ တောရိုင်း တိရစ္ဆာန် (ရွှေသမင်) များအား ပစ်ခတ် သတ်ဖြတ်ခဲ့ သော လူငယ် တစ်ဦးအား ကော လင်းမြို့နယ် တရားရုံးက အလုပ် နှင့် ထောင်ဒဏ် တစ်နှစ်နှင့် ခြောက် လတစ် ပေါင်းတည်း ကျခံစေရန် အမိန့်ချ မှတ်ခဲ့ကြောင်း သိရသည်။ ရွှေသမင်များ နေထိုင်ကျက် စားရာ ကန့်ဘလူ မြို့နယ်ရှိ ချပ် သင်းဘေးမဲ့ တောအတွင်း ရွှေ သမင် များကို တူမီး သေနတ်များနှင့် အမဲ လိုက်သတ်ဖြတ် နေကြောင်း သတင်းအရ ဆင်ဂေါင်း ကျေးရွာရှိ အိမ်တစ်အိမ်တွင် ဖိုးဦးဆိုသူနှင့် အတူ သမင်သား ရေသုံးချပ်ကို တွေ့ရှိခဲ့ သည်။

ကျေးရွာ အုပ်ချုပ်ရေးမှူးထံ အကြောင်းကြားပြီး ဖိုးဦးနေအိမ် သို့ဆက်လက် ရှာဖွေ စစ်ဆေးခဲ့ရာ တူမီးသေနတ် ၁ လက်၊ ပြောင်းပို ၁ ခု၊ သမင်သား ရေအခြောက် ၂ ခု၊ သမင်သားရေအစို ၁ ခု၊ ဒန်အိုး ဖြင့်ထည့်လျက် သမင်သားဟင်း အိုး ၂ လုံး၊ သမင်သားအခြောက် လှမ်းပြီး သား အသားတုံး ၂၄ တုံး ကို သက်သေ များရှေ့တွင် သိမ်း ဆည်းမိခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ တောအုပ်ဦးထွန်းမြင့်ဦးက တရားလို အဖြစ် တိုင်ကြား   သောကြောင့် ဖိုးဦး (၂၃ နှစ်)၊ ဆင်ဂေါင်း ကျေးရွာ နေသူအား တောရိုင်းတိရစ္ဆာန် နှင့် သဘာဝ အပင်များ ကာကွယ် ရေးနှင့် သဘာဝနယ်မြေထိန်း သိမ်းရေးဥပဒေပုဒ်မ၃၇(က) ဖြင့် လည်းကောင်း၊ (ပ)၁၅၉/ ၂၀ဝ၁၊ လက်နက် ၁၉(စ)ဖြင့် ကောလင်းရဲ စခန်းမှ အမှုဖွင့်အရေး ယူ၍ဇူလိုင် ၁ ရက်တွင် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေး နှင့် သဘာဝနယ်မြေ ထိန်းသိမ်း ရေး ဥပဒေ ပုဒ်မ ၃၇(က) အရ ထောင်ဒဏ် တစ်နှစ်၊ လက်နက် ၁၉ (စ) အရ ထောင်ဒဏ်ခြောက်လ တစ်ပေါင်းတည်းကျခံစေရန် အ မိန့်ချမှတ်ခဲ့ကြောင်း သိရသည်။ ရွှေသမင်များသည် မြန်မာ့ ဒေသရင်း သမင်မျိုး စိတ်တစ်မျိုး ဖြစ်ပြီး မြန်မာနိုင်ငံတွင် သာတွေ့ရှိ ရကာ ရွှေစက်တော် ဘေးမဲ့တော နှင့် ချပ်သင်း ဘေးမဲ့တောတို့တွင် အထူး ကာကွယ် ထိန်းသိမ်းထား သည်။

sample

One thought on “ရွှေသမင်များ ဖမ်းဆီးသတ်ဖြတ်သူကို ထောင်ဒဏ် တစ်နှစ်နှင့် ခြောက်လချမှတ်

  1. တောထဲမှာရွှေသမင် ဖမ်းတာပဲလူသိတာ မန္တလေးမြို့ မဟာမြတ်မုနိဘူရားကြီးပေါ်မှာ လုပ်အားပေးတယ်ဆိုပြီး မဟာအောင်မြေလျှပ်စစ်ရုံးကကန်ထရိုက်တွေ ဘူရားရိပ်ခိုနေတဲ့စောင်းတန်းပေါ်ကဖွတ်တွေကို ဖမ်းရောင်းနေတာကို ဘယ်သူမှမသိကြဘူး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: