“မြေမကြိုက်တဲ့ သစ်တပင်”


မိုးသိပ်များနေသလိုပဲ
ဘာကိုမှ ထဲထဲဝင်ဝင် လုပ်လို့မရ
ပဋိပက္ခ ဖြတ်စညှပ်စတွေများလှချည့်
သတိ သတိ… ထိမ်းညှိနေရင်းနဲ့သာ
ည ဟာ ကျောရိုးရှည်လျှားလာခဲ့။

ပစ္စုပ္ပန်ကို တည့်တည့်ကြည့်
တရိရိပွန်းစားဖြစ်စဉ်မှာ
ဘာသာစကားကွဲပြားနေကြဆဲ
ခဲလေသမျှ… ဖြစ်နေကြဆဲ
လျှော့ရင်းပဲပြတ်ခဲ့ကြတဲ့ လေတံခွန်တွေလို။

မိုးယိုနေတဲ့ တံစက်မြိတ် အကြောင်း
ထောင်းထောင်းညက်ညက်ပို့ချ
ခေါင်မိုးကိစ္စ မျက်လွှာချ
နှာစေးနေကြဆဲ ဖြစ်စဉ်။

ရှင်ဘုရင် ဘယ်နှစ်ပတ်ပဲ ပတ်ပတ်
သူ့အရပ်နဲ့သူ့ဇာတ် ဖြစ်လို့နေရဲ့။    ။

စိုးနေလင်း

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: