စုန္ဒသမ မြောက်ရွှေကျင်သာသနာပိုင် လမ်းခင်းရန်အတွက် အလှူငွေ ပေးအပ်ပွဲ ကျင်းပ


၉.၇.၂၀၁၁ စနေနေ့ နံနက် ၉နာရီတွင် ပြည်ကြီး တံခွန်မြို့နယ် သ၉ ခ ရပ်ကွက် ၆၄လမ်းနှင့် ၆၅ လမ်းကြား မြဝတီမင်းကြီး လမ်း နဒီ ရေသန့် ရေခဲ စက်ရုံဝင်းတွင် ပိုင်ရှင်များ ဖြစ်ကြသော ဦးစိုင်းမြင့် + ဒေါ်မိမိရွှေမိသားစုမှ စတုတ္ထ အကြိမ်မြောက် ဝါဆို သင်္ကန်းကပ်လှူ၍ စုန္ဒသမမြောက် ရွှေကျင် သာသနာပိုင် ဝါဆို ဆရာတော်ကြီးအား ဆရာတော်ကြီး၏ မွေးရပ်ဖြစ်သော လင်းယဉ် မိုးသောက်ရွာ ကတ္တရာ လမ်းဖောက် လုပ်ရန် အလှူငွေကျပ် ၅သိန်းကို ဆရာတော်ကြီးထံ လှူဒါန်း ခဲ့ပါသည်။

အဆိုပါ လင်းယဉ်ရွာလမ်းမှာ မန္တလေး-ရွှေဘိုသွားကားလမ်းရှိ ဆားတောင်ကျေးရွာမှာ ဆရာတော်ကြီး၏ မွေးရပ်ဖြစ်သော လင်းယဉ်ရွာသို့ ၆မိုင် ၂ ဖာလုံခန့် ရှည်ဝေး သည်။ အဆိုပါလမ်းကို ၁၉၈၈ခုနှစ်မှ စတင်၍ ရိုးရာလှည်းလမ်းကို မော်တော်ကား သွားလမ်းဖြစ်ရန် စီစဉ် နေခြင်းဖြစ်သည်။ ၎င်းလင်းယဉ် မိုးသောက်ရွာမှ နဝမ မြောက် ရွှေကျင် သာသနာပိုင်စံ ကင်းဆရာတော်ကြီးနှင့် လက်ရှိ ရွှေကျင် သာသနာပိုင် ဝါဆို ဆရာတော်ကြီးတို့ မွေးဖွား ရာဇာတိဖြစ်သည့် အပြင် အသင်္ခရာ စောယွန်း မင်းနှင့် တရဖျားမင်းတို့ ပေါ်ထွန်းခဲ့သော ဒေသဖြစ်ကြောင်း သိရသည်။ ဤကျေးရွာကလေး၌ ဝါဆိုဆရာတော် ဘုရားကြီးသည် အထက ကျောင်းခွဲဖြစ်မြောက်ရန် စီမံ ခဲ့ပြီး ထိုကျောင်းမှ ထူးချွန်သော ကျောင်းသူ၊ ကျောင်းသားများကိုလည်း ပညာရေ ချွန်ထူးချွန်ဆု များပေးအပ် နေကြောင်း သိရသည်။

အဆိုပါ လမ်းဖွံ့ဖြိုးရန်အတွက် ယခု အလှူရှင်များဖြစ်သော နဒီ ရေသန့် ရေခဲစက်ရုံမှ ဦးစိုင်းမြင့်+ဒေါ်မိမိ ရွှေမိသားစုနှင့် ဦးဝင်းရွှေ(မန်နေဂျာ)+ဒေါ်စန္ဒာအောင် မိသားစုတို့မှ မတည်ငွေ ကျပ် ၅သိန်းကိုသာဟတ္ထိကမြောက် ကပ်လှူပြီး ပင့်သံဃာတော်တို့အား ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်များ ကပ်လှူကာဝါဆို သင်္ကန်းကပ်လှူ၍ အမျှအတန်း ပေးဝေခဲ့ကြကြောင်း သိရသည်။

ဖုန်းမောင်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

%d bloggers like this: