လူမှုဝန်ထမ်း သင်တန်းကျောင်းများမှ တက္ကသိုလ်ဝင်တန်း အောင်များအား ဆုချီးမြှင့်


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချ ထားရေး ဝန် ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန အောက်ရှိ သင်တန်း ကျောင်းများမှ ၂ဝ၁ဝ-၂ဝ၁၁ ပညာ သင်နှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်မှု များအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနား ကို ဇူလိုင်လ ၁၆ ရက်နေ့က ကြည့်မြင်တိုင် မျက်မမြင် ကျောင်း၌ ပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားတွင် လူမှုဝန်ထမ်းဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်မှ ဂုဏ်ပြုအမှာစကား ပြောကြားပြီး ၂ဝ၁ဝ -၂ဝ၁၁ ပညာ သင်နှစ်တွင် တက္ကသိုလ်ဝင် တန်း အောင်မြင်ခဲ့သော ကျောင်း သား၊ ကျောင်းသူ များကို တစ်ဦးလျှင် ဂုဏ် ပြု ငွေကျပ် ၂ သိန်းစီနှင့် ဂုဏ်ထူး ရရှိသူများအတွက် ဂုဏ်ထူး ၁ ဘာသာလျှင် ဂုဏ်ပြုငွေ ၂ သောင်း စီပေးအပ် ခဲ့ကြောင်း သိရ သည်။

အဆိုပါ အခမ်းအနားတွင် ပညာသင်ထောက်ပံ့ကြေး အတွက် အလှူရှင် ၃၂ ဦးမှ လှူဒါန်းငွေမှာ ၄၇သိန်းဖြစ်ပြီး၊ ဘွဲ့ရသည်အထိပညာ သင်ကြားနိုင်ရန် ထောက်ပံ့ပေး ကြသည့် အဖွဲ့အစည်း ၂ ခုမှ လှူဒါန်း ငွေ ၅သိန်းဖြစ်ကာ၊ စုစုပေါင်းလှူဒါန်း ငွေ ၅၂ သိန်း ၈ သောင်းရရှိခဲ့ ကြောင်း သိရသည်။

ချစ်ဆုဆွေ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: