ရေကြောင်းသုံး GPS စနစ် မြန်မာပြည် အောက်ပိုင်းက ဝယ်ယူ အသုံးပြုသူ ပိုများ


ရေကြောင်းသုံး GPS (Golbal Positioning System) စနစ်ကို မြန်မာပြည်အောက်ပိုင်းရှိ ငါးဖမ်းသင်္ဘော များတွင် ယခင် က ထက်ဝယ်ယူ အသုံးပြုသူများ လာ ကြောင်း သိရသည်။ ဂျီပီအက်စ် စနစ်မှာ တည်နေရာ ၊ အချိန်၊ သွားလိုသည့် နေရာ ၊ အကွားအဝေး တိုင်းတာခြင်းနှင့် မိမိရောက် ရှိနေသော နေရာ ဒေသကို အလို အလျောက် ကြည့်ရှုနိုင်ပြီး ပင်လယ်ပြင်တွင် သွားပြီးသား လမ်းကြောင်း များကို ပြန်လည်မှတ်သား ပေးထား နိုင်ကြောင်း သိရသည်။ “ဒီရေကြောင်းသုံး ဂျီပီအက်စ် စနစ် ကို မြန်မာပြည် အောက်ပိုင်းရဲ့ ငါးဖမ်းသင်္ဘောတွေမှာ အသုံးများပါ တယ်။

ဘာဖြစ်လို့လဲ ဆိုတော့ဒီစနစ်က ရေထဲမှာ ငါးဘယ်လောက်ရှိတယ် ဆိုတာကြည့်လို့ရတယ်။ ပြီးတော့ရေ အောက်အနက်ကို Sonar နဲ့ပေ (၅၀ဝ၀)ထိကြည့်နိုင်တယ်။ မြန်မာ ပြည်ရဲ့ စစ်ဘက် ဆိုင်ရာ ရေတပ် တွေမှာတောင် ဒီစနစ်ကို အသုံးပြုနေ ကြပါ ပြီ။ အခုဆို ဂျီပီအက်စ်သုံးတဲ့ သူတိုင်း ဒီစနစ် အကြောင်းကို တော်တော်သိလာ ပါပြီ။ ဒါကြောင့်အခု တစ်လကို ဂျီပီအက်စ် (၁၀၅) လုံး လောက် ရောင်းချပေး နေရပါပြီ” ဟု Concordia International ကုမ္ပဏီလီမိတက်မှ မြေတိုင်း အရာရှိဦး စိန်ဝင်းက ပြောသည်။

ယင်းစနစ်မှာ ပင်လယ်အ တွင်း လမ်းပျောက်မှု မရှိနိုင်ခြင်း၊ ရေ အောက်ရှိသဲအထူ၊ နှုန်းများ၊ ကျောက်ဆောင် များနှင့် သင်္ဘော ပတ်လည် တွင် မည်သည့် အန္တရာယ် ရှိသည်ကို ကြိုတင်သိရှိ နိုင်ခြင်းတို့ ကြောင့် ပင်လယ်နှင့် နီးသော ဧရာဝတီ၊ တနင်္သာရီ၊ ဖျာပုံ၊ မော်လမြိုင် အစရှိ သော တိုင်းဒေသ များက လည်းမှာယူ သုံးစွဲသူပိုများ လာကြောင်း ၎င်းကဆို သည်။ ယခင်က ရေကြောင်းသုံး GPS စနစ်ကို သင်္ဘော အကြီးစားများ တွင်သာ အသုံးပြုခဲ့ကြသော်လည်း ယခုအခါ ပုဂ္ဂလိက ငါးဖမ်းသင်္ဘော အသေးများ တွင်ပါ တပ်ဆင်အသုံးပြ လာကြပြီဖြစ်သည်။

“အရင်က ကုန်း၊ ရေ၊ လေမှာ အသုံးပြုခဲ့တဲ့ ဂျီပီအက်စ်စနစ် တွေက (၁၀ဝ) Map လောက်အထိ မှားခဲ့ကြ တယ်။ နောက်ပိုင်း ၂၀ဝ၀ ခုနှစ် မေလလောက်ကစပြီး အမေရိကန် နိုင်ငံရဲ့ ဂြိုဟ်တု ဆက်သွယ်ရေး နာဆာ အဖွဲ့ကမှန်ကန် အောင်ပြန်ပြီးပြုပြင်ခဲ့ ကြတယ်။ အခုဆိုအများဆုံး (၁၅) Map လောက်ပဲ မှားတော့တယ်။

နောက်ဆုံးပေါ် နည်းပညာတွေ သုံးထားတဲ့ GPS ဆို (၃) Map လောက်ပဲမှား တော့တာပါ။ ဒါကြောင့် သုံးစွဲသူတွေပိုများလာတာပါ” ဟု စီး ပွားရေးလုပ်ငန်းရှင်တစ်ဦး က ပြော သည်။ ရေကြောင်းသုံးဂျီပီအက်စ်စနစ် မှာ ပြည်တွင်း ဈေးကွက် အတွင်းသို့ ၂၀ဝ၉ ခုနှစ်ဝန်းကျင်မှ စတင်ဝင် ရောက်လာခဲ့ခြင်းဖြစ်ပြီး (၂၀၁၁)ခု နှစ်မှစ၍ အဆိုပါစနစ်အား အသုံးပြု သူပိုများလာခဲ့သည်။ ထိုစနစ်၏တန် ဖိုးမှာ ကျပ် (၆၅၀,ဝ၀ဝ) ဝန်းကျင်ရှိပြီး တပ်ဆင်ရန် လိုအပ်ပါက လိုက်လံတပ် ဆင်ပေးပြီး သုံးစွဲပုံ နည်းလမ်းများပါ သင်ကြားပေးသည်။ ယင်း GPS စနစ်များအားလုံးအသုံးပြုနိုင်ရန်အတွက် ပြည်ပ နိုင်ငံမှ လွှတ်တင် ထားသော ဂြိုဟ်တုများကို အသုံးပြုထားကြောင်း သိရသည်။ တစ်ကမ္ဘာလုံး အတိုင်း အတာဖြင့် ဂြိုဟ်တု(၂၄)လုံး လွှတ် တင်ထားသည်။

ရှိန်းဝင်းထိုက်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: