မြန်မာနှင့် ဂျပန်လက်ဝှေ့ကျော်များ ယှဉ်ပြိုင်ထိုးသတ်မည်


မြန်မာ့ရိုးရာ လက်ဝှေ့နည်းစနစ်အတိုင်း ထိုးသတ်မည့် မြန်မာ – ဂျပန် မြန်မာ့ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲ ကို လာမည့် ဩဂုတ် လ ၁၂ ရက်နှင့် ၁၃ ရက်နေ့တို့၌ ရန်ကုန်မြို့ သိမ်ဖြူ အားကစားရုံ တွင် ကျင်းပမည်ဖြစ်ရာ မြန်မာ့ ရွှေတံဆိပ်ဆုရှင် လက်ဝှေ့ ကျော်များနှင့် ဂျပန် လက်ဝှေ့အကျော်အမော်များ ယှဉ်ပြိုင် ထိုးသတ်ကြမည်ဖြစ်ကြောင်း ယင်းပွဲ စီစဉ်သူ ဦးစိုင်းဇော်ဇော်က ပြောကြားသည်။

အဆိုပါပြိုင်ပွဲတွင် ထိုးသတ် ယှဉ်ပြိုင်မည့် လက်ဝှေ့တွဲဆိုင်းများမှာ စောငမန်းနှင့် ဆာမူကာဝါ၊ ကြယ်လင်းအောင်နှင့် ကူရီနိုင်း တိုရှီယာ၊ ဖိုးကေနှင့် ခရေစီ၊ စိုးလင်းဦး နှင့် ရှီနိုဟာရာတို့ ဖြစ်ကြောင်း ၎င်းက ဆိုသည်။ မြန်မာနိုင်ငံရှိ လက်ဝှေ့ကျော်များ၏ ကိုယ်အလေးချိန်၊ လက်ရည်အဆင့်နှင့် ကိုက်ညီ မည့် ဂျပန်နိုင်ငံအတွင်းရှိ လက်ဝှေ့ ကလပ်များမှ မြန်မာ့ရိုးရာ လက်ဝှေ့စည်းမျဉ်း စည်းကမ်း များနှင့် ထိုးသတ်မည့် လက်ဝှေ့သမားများကို ရွေးချယ်ပြီး မြန်မာနိုင်ငံတွင် ထိုးသတ်ပွဲ ကျင်းပရန် ဂျပန်နိုင်ငံမှ မစ္စတာ တာကာမာရီ ဦးဆောင်၍ မြန်မာ့ရိုးရာ လက်ဝှေ့အဖွဲ့ချုပ်ထံသို့ ဆက်သွယ် လာခြင်း ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်၏ ပြောဆိုချက်အရ သိရ သည်။

“မစ္စတာ တာကာမာရီက မြန်မာ့ရိုးရာ လက်ဝှေ့ကို အဆင့်မြင့်စေချင်တဲ့ အတွက် အဲလို ကမ်းလှမ်းတာပါ။ ဂျပန် – မြန်မာ စိန်ခေါ်ပွဲ ထိုးသတ်ပြိုင်ပွဲတွေကို သူကပဲ ကိုယ်စားလှယ်လုပ်ပြီး လူရွေးချယ် ပေးပါတယ်။ ခု ဂျပန်ကနေ မြန်မာ နိုင်ငံကို လက်ဝှေ့သမားတွေ လာဖို့အတွက် လေယာဉ်ခ ကျပ် ၉၅ သိန်း ကုန်ကျပါမယ်။

ပွဲအပြီးအတွက် အားလုံး ကုန်ကျစရိတ်ကို ကျပ်သိန်းပေါင်း ၄၅ဝ မှန်းထားပါတယ်” ဟု ဦးစိုင်းဇော်ဇော်က ဆိုသည်။

ဂျပန်နိုင်ငံမှ လက်ဝှေ့သမားများနှင့် မြန်မာ့လက်ဝှေ့ကျော်များသည် ၂၀၀၄ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၀၉ ခုနှစ်တွင် တစ်ကြိမ် ယှဉ်ပြိုင်ထိုးသတ် ဖူးကြောင်း၊ ဂျပန် လက်ဝှေ့သမားများ ဖြစ်သော ဆာမူကာဝါ၊ ကူရီနိုင်း တိုရှီယာ၊ ခရေဇီတို့သည် ၂၀၀၉ခုနှစ်က ကျင်းပ ထိုးသတ်ခဲ့သည့် ပွဲတွင် ပါဝင်ထားကာ ဆာမူကာဝါမှာ လုံးချော နှင့် သရေ၊ ကူရီနိုင်း တိုရှီယာမှာလည်း ကြယ်လင်းအောင်ကို သရေယှဉ်ပြိုင်နိုင်ခဲ့ပြီး ခရေဇီမှာမူ တွေ့မရှောင်ကို အလဲထိုးဖြင့် ရှုံးနိမ့်ထားကြောင်း၊ ၂၀၀၈ခုနှစ်တွင် မြန်မာ့လက်ဝှေ့ကျော်များကို ဂျပန်နိုင်ငံ တိုကျိုမြို့၌ နှစ်ကြိမ်၊ နာဂါဆာကီမြို့တွင် တစ်ကြိမ် ယှဉ်ပြိုင်ထိုးသတ် ထားပြီး ဆာမူကာဝါသည် နာဂါဆာကီတွင် ကျင်းပ သည့် ပွဲ၌ မြန်မာ့လက်ဝှေ့ကျော် ဘိလပ်မြေစတားကို အလဲထိုးဖြင့် အနိုင်ယူထားကြောင်း လက်ဝှေ့မှတ်တမ်းများအရ သိရသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: