ဆန်လက်လီဈေးကွက်နှင့် စားသုံးကြသူများ


“ဆန်ဈေးကွက်က တည်ငြိမ် နေပါတယ်။ထူးထူးခြားခြားအတက် အကျမရှိသလောက်ဘဲ။ ဈေးကွက် ငြိမ်တော့ ကျွန်တော်တို့ လည်းရောင်း ရတာ စိတ်ချမ်းသာတယ်။ ကိုယ့် ဖောက်သည်နဲ့ကိုယ် ရောင်းကြတာ ဖြစ်လို့ တစ်နေ့ရဲ့ရောင်းအားကို ခန့်မှန်း လို့ ရတယ်လေ” ဆန်လက်လီရောင်းတဲ့ ဆိုင်ရှင် ကိုအောင်လေးက ပြောလိုက်ရင်း ကွမ်းတစ်ရာကို သူ့ပါးစပ်ထဲပစ် သွင်း လိုက်ပါတယ်။

ဟန်ကျလိုက် တာ၊ ကျွန်တော်ကလည်း ကွမ်းစား တဲ့သူ၊ ကွမ်းစားတဲ့သူအချင်းချင်းဆို တော့ ကွမ်းစကားပြောကြ ရမှာပေါ့။ ဒါပေမယ့် ပြောကြတဲ့ ကွမ်းစကား တွေထဲ က “ဆန်”ဆိုတဲ့အကြောင်းကို ပဲ ကျွန်တော်က High Light လုပ် ချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်လီရောင်းချတဲ့ ဆန်ဈေးကွက် ကို စိတ်ဝင်စားလို့ပါ။ ကုန် ပစ္စည်း တစ်ခုကို ဈေးကွက်ထဲ ပို့လိုက်ရင် လက်လီဝယ်ယူကြသူတွေကအဓိက စားသုံးသူတွေဖြစ်ပါတယ်။ အခု ဆန်လက်လီဝယ်ယူတာပဲဆိုပါတော့၊ ချမ်းသာတဲ့ သူ တွေက ဆန်ကိုဈေးကျ တဲ့အချိန် တစ်နှစ်စာအိတ် ပြတ်ဝယ် ယူနိုင်ကြပေမယ့် ဆင်းရဲ တဲ့သူတွေ ကတော့ နေ့စဉ်ပြည်ချင်ဝယ်ပြီး စား ကြရတာပါ။ ပြီးတော့ ဆန်ဆိုတာ နေ့စဉ်ဝမ်း သမုဒ္ဒရာထဲ ဖြည့်သွင်း ပေးနေကြရတာကလား၊ ဒီတော့ မြို့ တွေ၊ ကျေးရွာတွေမှာရှိကြတဲ့ လက် လီစားသုံးသူတွေရဲ့ ဆန်ဈေးကွက် တစ်နေ့တစ်နေ့ ဖြုန်း အားဟာ ဆန်ဝယ်ယူစားသုံးမှု အနိမ့်အမြင့်ကို အဓိကဖော်ပြနေပါတယ်။

ဆန်ဈေး ရုတ်တရက်မြင့်သွားရင် လက်လီ ရောင်းချမှုကျ သွားတယ်။ ဟာ… ဖြစ်နိုင်မလား၊ ဆန်ဆိုတာနေ့စဉ်စား သုံးနေရတဲ့မရှိမဖြစ်တဲ့ အာဟာရ၊ ဈေးတက်ရင် လည်း မဖြစ်မနေ ဝယ် ရမှာပဲမဟုတ်လားလို့ မေးနိုင်ပါ တယ်။ ဒါပေမယ့် ပိုက်ဆံမရှိရင် မဝယ်နိုင်ဘူးလေ၊ အခုအခါမှာ ဆန်ကိုဘယ်သူကမှအြွေကးမရောင်း ဘူး။ ဒီ တော့ တချို့များ နှစ်နပ်စာကို တစ်နပ်တည်းနဲ့ ပေါင်းစားပြီး တစ် နေ့တာဝမ်းရေးဖြေရှင်း ကြရသူတွေ ရှိပါတယ်။ ထားလိုက်တော့။ ကျွန် တော်ပြောချင်တာက ရပ်ကွက် လေး တစ်ခုက လက်လီဆန်ဈေးကွက် အကြောင်းပါ။

ဝမ်းရေးထက်လွမ်းရေးကပိုပါတယ် ကိုအောင်လေးရဲ့ ဆိုင်က ရပ် ကွက်ထဲမှာ ဆန်ကိုအဓိကထားပြီး လက်လီရောင်းချတဲ့အိမ်ဆိုင်လေး ပါ။ တစ်နေ့ ၂ အိတ် ကျော် ရောင်းရသတဲ့။ သူနဲ့ကျွန်တော်သူ့ဆိုင်ခန်း လေးထဲမှာ ကွမ်းတမြုံ့မြုံ့နဲ့အေးအေး ဆေးဆေးစကားပြောနေပါတယ်။ သူ့မိသားစုကတော့ လျှပ်စစ်မီးမှန် နေလို့ TV ထဲက ကိုရီးယားကားဆီ မှာပဲ အာရုံရောက်နေပါတယ်။ ည ရှစ်နာရီထိုးကာနီးနေပြီ။ ရပ်ကွက် ဝင်းကြားလမ်းလေးမှာအသွားအလာ ရှင်းပြီး တိတ်ဆိတ်နေပါတယ်။

ဆိုင်ကို ညရှစ်နာရီကျော်မှ ပိတ် သတဲ့။ ည ၇ နာရီ ၈ နာရီ အတွင်း ပြတဲ့ ကိုရီးယားဇာတ်လမ်း တွဲကြည့် ပြီးမှ ဆန်လာဝယ်ကြတဲ့ ဖောက် သည်တွေကို စောင့်ရတာ ကြောင့် တဲ့။ ကိုရီးယားဇာတ်လမ်းတွဲထဲနစ် မျောပြီး မျက်ရည်ကျကြ၊ ဒေါသ ဖြစ်ကြ၊ ည ၈ နာရီထိုးလို့ ဇာတ် လမ်းရပ်သွားမှ ကျွန်တော့်ဆိုင်ကို ထမင်းချက်ဖို့ ဆန် အမြန် ပြေးဝယ် ကြတာ၊ ဝမ်းရေးထက်လွမ်းရေးက အရေးကြီးတာကိုးလို့ကိုအောင်လေး က ပြောလိုက်ပါတယ်။ ကဲ… စဉ်း စားသာကြည့်တော့။ ကျွန်တော်တို့ မြန်မာ များ ကိုယ့်ဗိုက်ကိုအဆာခံပြီး တောင်လွမ်းကြရတာကိုးဗျာ။

အဆင်ပြေသလိုရောင်းပါတယ် မန္တလေးရဲ့ဆန်လက်လီဈေး ကွက်မှာ မန္တလေးဝန်းကျင်က ဆန်တွေကပဲရှေ့ကဦးဆောင်နေပါတယ်။ ဇီယာ တစ်ပြည် ၈၀ဝ ကျပ်- နို့ဆီဘူး တစ်ဘူး-၁၀ဝကျပ်။ ဧရာမင်းတစ်ပြည် ၁၀ဝ၀ ကျပ်- နို့ဆီဘူးတစ်ဘူး ၁၂၅ ကျပ်။ မဂျမ်းတော တစ်ပြည် ၁၄၀ဝ ကျပ်-နို့ဆီဘူးတစ်ဘူး ၁၇၅ ကျပ်။ မနောသုခ တစ်ပြည် ၁၄၀ဝ ကျပ်။ ပေါ်ဆန်းမွှေး တစ်ပြည်၁၄၀ဝ ကျပ် ရှိပါတယ်။ မဂျမ်းတောဆန် တွေကရွှေဘိုဘက်ကလည်းဝင်တယ်။

ဒါပေမယ့် မန္တလေးရဲ့ အရှေ့တော လို့ခေါ်တဲ့ မန္တလေးရဲ့အရှေ့ဘက်ရှိ သင်ပန်းကုန်း၊ လက်ကောင်း၊ ကျောက်မီးစတဲ့ ရွာတွေက ထွက်တဲ့ မဂျမ်းတောက ပိုပြီးနူးညံ့လို့ အရှေ့ တောမဂျမ်းတောဆန်ကိုပဲ အဝယ် များကြပါတယ်။ အောက်က ဆန် တွေက အဆီအနှစ်များတယ်၊ ဝိတ် စီးတယ်၊ အစားခံတယ်၊ ဒါပေမယ့် အထက်ပိုင်း (ဥပမာရွှေဘို၊မန္တလေး၊ ကျောက်ဆည်)က ထွက်တဲ့ဆန်တွေ ကို အသုံးများကြပါတယ်။

အခု ဆန်ဈေးနှုန်းဟာ နွေစပါးပေါ်လို့ အနည်းငယ်ကျဆင်းနေတယ်လို့ သိရပါတယ်။ ဒီနေရာမှာ ထူးခြားတာက ပြင်ဦးလွင်ကထွက်တဲ့ ဒံပေါက်ဆန်ဟာ ဈေးတက်သွား ပြီး ၁ တင်းခွဲ တစ်အိတ် ၄၂၀ဝ၀ ကျပ်၊ တစ်ပြည် ချင်းဝယ်ရင် ၁၉၀ဝ ကျပ်အထိရှိပါ တယ်။ ပြင်ဦးလွင်ဘက်မှာ ရှမ်းဆန် စေးက ဒီနှစ်အထွက်နည်းတော့ အဲဒီ ဆန်ကို ကြိုက်ကြတဲ့သူတွေက ဒံ ပေါက်ဆန် ပြောင်းစားကြတာ ကြောင့် ယခုလိုဈေးတက်သွားခြင်း ဖြစ်ပါတယ်။

ဪသာ်…ပြောရဦး မယ်။ ဆန်လက်လီရောင်းချခဲ့သူ တွေဟာ လက္ကားဒိုင်ကြီးတွေဆီက တစ်ဆင့်ဝယ်ယူပြီး ရောင်းချကြရ တာပါ။ အဲသမှာ ပြည်ချင်းမကိုက် ဘူးတဲ့။ ဆန်နို့ဆီဘူးတစ်လုံးလျော့ နေသတဲ့။ ဒါကိုလက္ကားရောင်းချတဲ့ ဆိုင်ကြီးတွေက ကြိုတင်ပြီးပြောလို့ သိရတာဖြစ်ပါတယ်။ အဲသမှာ ဒီ လိုမကိုက်ရင် ဘယ်လိုရောင်း သ လဲ လို့မေးလိုက်တဲ့အခါအဆင်ပြေသလို ရောင်းရတာပေါ့ဗျာ။ ကိုယ့်အတွက် အမြတ်ကျန်ဖို့ချည်း တွက်လို့မရဘူး လေ။ ဖောက်သည်တွေက ကိုယ့်ကို အားကိုးနေသလို ကိုယ်ကလည်း သူ တို့ရှိမှရပ်တည်နိုင်တာကိုးလို့ ပြုံး ရယ်ရင်း ပြောလိုက်ပါတယ်။

ယုံကြည်မှုရှိမှ အလုပ်ဖြစ်ပါတယ် ဝေယံမောင်နဲ့ လက်ဖက်ရည်ဆိုင်မှာ မမျှော်လင့်ဘဲ ဆုံလိုက်ပါတယ်။ သူနဲ့ ဟိုအကြောင်း ဒီအကြောင်း ရောက်တတ်ရာရာ ပြော ကြရင်း ဘာလုပ်နေသလဲမေးလိုက်တော့ ဆန်ရောင်းနေတဲ့အကြောင်း ပြောပြ လို့အံ့ဩသွားရသလိုသိလည်းသိချင် သွားပါတယ်။ဆန်ဘယ်မှာရောင်း လဲ။ အိမ်မှာ ရောင်းတာလား၊ ဈေးမှာ ဆိုင်ခန်းနဲ့ ဖွင့်တာလား၊ ကျွန်တော် ကမေးလိုက်တော့သူရယ်နေပါတယ်။

ပြီးမှ သူ့ရဲ့ဆန်ရောင်းချမှုကို ရှင်းပြ ပါတယ်။ ကောလင်းဘက်မှာ သူ့ အစ်ကိုရှိတယ်။ သူ့အစ်ကိုက အဲဒီ ဘက်ကထွက်တဲ့ ဆန်တွေကို ကောလင်း ရထားနဲ့ ပို့ပေး တယ်။ သူက ရွာ ထောင်ဘူတာကို မော်တော်ကားနဲ့ သွားသယ်ပြီး ရပ်ကွက်ထဲက သူ့ သူငယ်ချင်းအိမ်ကို ပို့ပေးတယ်။ သူ ငယ်ချင်းက ရပ်ကွက်ထဲမှာ ရောင်းပေး တယ်။ ပြည်ချင်းလိုက် မရောင်း ဘူး။ အနည်းဆုံးတစ်တင်းဝယ်မှ ရောင်းတယ်။ ဈေးကလည်း ပေါက် ဈေးပဲ။ ဒီနေရာမှာ သူ့သူငယ်ချင်းရဲ့ ရောင်းချပုံက စိတ်ဝင်စား စရာ ကောင်းတယ်။ ဆန် ၁ တင်းဝယ် ရင် ၁၅ ရက်အတွင်း ပိုက်ဆံ အကျေပေးရင် ၁၀ဝ၀ လျှော့ပေးတယ်။

၁၅ ရက် ကျော်မှ ပိုက်ဆံရှင်းရင် ၁၀ဝ၀ အပို ယူတယ်လို့ ပြောပါတယ်။ “ကျွန်တော်က ပင်ရင်းနေရာ ကရတော့ ဈေးသက်သာတယ်။ သယ်ယူစရိတ်ကလည်း မီးရထား နဲ့ တင်တော့ စရိတ်သက်သာတယ်။ ကိုယ့်သူငယ်ချင်းက ရပ်ကွက်ထဲမှာ ပဲ ရောင်းပေးတယ်။ ဝယ်တဲ့သူ လည်း ဆန်ဆိုင်ကြီးတွေဆီအထိ သွားဝယ်စရာမလိုဘဲ ရပ် ကွက် ထဲမှာ ပဲ အလွယ်တကူဝယ်နိုင်တယ်။ မနိုင်ရင် အိမ်အထိ ဆိုင်ကယ်နဲ့လိုက် ပို့ပေးသေးတယ်။ ငွေချန်လို့ရသေး တယ်။ အဆင်ပြေပါတယ်။ တစ်လ အိတ်သုံး ဆယ် လောက်ကုန်တယ် ”လို့ ရှင်းပြပါတယ်။ ကျွန်တော် သူ့ ရောင်းချပုံစနစ်ကိုသဘောကျတယ်။ နှစ်ဦးနှစ်ဘက်အကျိုးရှိတာကိုးဗျာ။ ယုံကြည်မှုနဲ့ အခြေခံ အလုပ် လုပ် တဲ့ အခါ ရောင်းသူရောဝယ်သူပါအကျိုး ရှိတာကလား။

သူ့လိုရောင်းချတဲ့ စနစ်မျိုး ရန်ကုန်နဲ့ မန္တလေးမြို့ကြီး တွေက ရပ်ကွက်တွေမှာ များများ ပေါ်ရင်ကောင်းလေစွလို့ တွေးမိပါ တယ်။ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက် ရေးမှာ အကူအထောက်ဖြစ်စေတဲ့ နည်းစနစ်လေးတစ်ခုဖြစ်ပါတယ်။ ဒါနဲ့ဝေယံမောင် ဒီနည်းစနစ်နဲ့ ဈေး ကွက်တိုးချဲ့ပါလားလို့ မေးလိုက်ပါ တယ်။ သူက ပြုံးရယ်ရင်း… “ဒါက ယုံကြည်မှုရှိမှ အလုပ် ဖြစ်ရတာဆရာရဲ့။ တစ်နေရာရာက “ဂျမ်း”ဖြစ်သွားရင်သွားကရော။ ကျွန်တော်ရှိတဲ့အရင်းအနှီးလေးပြုတ် သွားမှာလေ”လို့ ပြောလိုက်ပါ တယ်။ ဒါလည်း ဟုတ်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ့။ ဈေးသည်နဲ့ စားသုံးသူ၊ ရောင်းသူနဲ့ ဝယ်သူတွေ အကြားမှာ ဆန်လက်လီ ရောင်းချမှု ကတော့ သူ့ဈေးနှုန်းနဲ့ သူပေါက် ဈေး အတိုင်း ရှင်သန်လည်ပတ်နေစမြဲ ဖြစ်ပါတယ်။

ကိုထွန်း(လမ်း၈၀)်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: