သားပျက် သားလျှော ကာကွယ် ကုသခြင်းဆိုင်ရာ သင်တန်း


မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းနှင့် ရန်ကုန် တိုင်းဒေသကြီး မိခင် နှင့် ကလေးစောင့် ရှောက်မှု ကြီးကြပ်ရေး အဖွဲ့မှ ကျင်းပ ပြုလုပ်သော သားပျက် သားလျှော ကာကွယ် ကုသခြင်းဆိုင်ရာ သင်တန်း (MYA / 09/ A3) Prevention of Unsafe Abortion ဖွင့်ပွဲအခမ်းအနား ကို ရန်ကုန်တိုင်း ဒေသကြီး ကျန်းမာ ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ၇-၇-၂၀၁၁ ရက်နေ့က ကျင်းပ ပြုလုပ်ရာ မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်း ဗဟိုအလုပ် အမှုဆောင် ဒေါက်တာ စန္ဒာအောင် တက်ရောက်၍ အဖွင့်မိန့်ခွန်း ပြော ကြားသည်။ ဆက်လက်၍ တိုင်း ဒေသကြီး မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ် ခင်မြတ်ထွေးက အမှာစကား ပြော ကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံ မိခင်နှင ကလေးစောင့်ရှောက်ရေးအသင်း (ဗဟို)၊ တွဲဖက်အတွင်းရေးမှူး(၂) ဒေါက်တာခင်မြဝင်းက သားပျက် သားလျှော ကာကွယ် ကုသ ခြင်း ဆိုင်ရာအကြောင်းများ အသိပေးဆွေးနွေး ပြီး ရန်ကုန်တိုင်းဒေသကြီး ကျန်းမာ ရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ စန္ဒာက ရန်ကုန်တိုင်းဒေသကြီးအတွင်း သားပျက်သားလျှော ကာကွယ် ကုသ ခြင်း လုပ်ငန်းဆောင်ရွက်မှု အခြေ အနေများအား ရှင်းလင်းတင်ပြသည်။

သင်တန်းတွင် သားပျက် သား လျှောခြင်းနှင့် ထောင်စုနှစ် ဖွံ့ဖြိုးရေး ရည်မှန်းချက်ပန်းတိုင်များ ဆက်စပ်မှု၊ သားပျက် သားလျှော ကြိုတင်ကာကွယ် ရေးဆိုင်ရာ စေတနာ့ ဝန်ထမ်းများ၏ အခန်းကဏ္ဍ၊ မျိုးဆက်ပွား ကျန်းမာ ရေး၊ ကိုယ်ဝန် ဆောင်စောင့်ရှောက် ခြင်း၊ သားပျက်သားလျှော ကာကွယ် ကုသခြင်းဆိုင်ရာများ၊ လူထုအတွင်း ကျန်းမာရေး ပညာပေးခြင်းနှင့် သား ဆက်ခြားခြင်း ဆိုင်ရာ နှစ်သိမ့် ဆွေး နွေးခြင်းများ၊ သားဆက်ခြား နည်း လမ်းများ၊ ညွှန်းပို့ခြင်း စသည်တို့ကို သင်ကြားပို့ချပေးခဲ့သည်။ သင်တန်းသို့ ဒဂုံမြို့သစ်(တောင် ပိုင်း) မြို့နယ်၊ တိုက်ကြီးမြို့နယ်၊ ကျောက်တန်းမြို့နယ်တို့မှ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင် များ၊ စေတနာ့ ဝန်ထမ်းများ၊ အရန် သားဖွားဆရာမများ၊ အခြေခံကျန်းမာရေး ဝန်ထမ်းများ စုစုပေါင်း သင်တန်း သား ၄၅ ဦး တက်ရောက်ခဲ့ပြီး သင်တန်း ကာလမှာ ၅ ရက်ကြာမြင့် ကြောင်းသိရသည်။ အဆိုပါ သင်တန်း ကို မြန်မာနိုင်ငံ မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်း IPPF စီမံချက်၏ ပံ့ပိုးမှုဖြင့် ဖွင့်လှစ်ပေး ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှ ပေးပို့သော သတင်းအရ သိရှိရသည်။

ဒေါက်တာ စိုးလွင်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: