အရိုးပါး ရောဂါ ဖြစ်နိုင်ခြေ အခွင့်အလမ်း များသော အမျိုးသမီးများ


အရိုးပါး ရောဂါ ဖြစ်နေပြီဆိုတာ အချိန်လွန်မှ သိရလေ့ ရှိပါတယ်။ ကျောချမှ ဓားပြမှန်း သိဆိုတဲ့စကားလိုပဲ အရိုးကျိုးတော့မှ စုံစမ်းစစ်ဆေး စမ်းသပ်ရင်းနှင့် အကြောင်းရင်းခံ အရိုးပါး ရောဂါကြောင့် အရိုးကျိုးရတာပါကလားလို့ သိရတာများပါ တယ်။

အမျိုးသမီးတွေဟာ အမျိုးသားများနဲ့စာရင် အရိုးပါးရောဂါဖြစ်ပွားမှု  ပိုများတတ်တယ်ဆိုတာ ကိုလည်း ရေးခဲ့ပြီး ဖြစ်ပါ တယ်။

ဒီလိုဆိုရင် မည်ကဲ့သို့သော အသက်အရွယ်နှင့် အမူအကျင့် ဓလေ့ စရိုက်ရှိသည့် အမျိုးသမီးများသည် အရိုးပါးရောဂါ ဖြစ်နိုင် ခြေ အခွင့်အလမ်း ပိုများသလဲဆိုတဲ့ မေးခွန်းပေါ်လာပါတယ်။ ဒီမေးခွန်းကို အောက်ပါအချက် များဖြင့် ရှင်းလင်း ဖြေဆို နိုင်ပါ လိမ့်မယ်။

(၁) အသက်ကြီးလာသူ တစ်ယောက်အနေဖြင့် အရိုးကျိုးခြင်းကို တွေ့ကြုံရ ခြင်း၊ သူကိုယ်တိုင် မဟုတ်သော် လည်း အနီးဆုံး ဆွေမျိုး သားချင်းထဲတွင် အရိုးကျိုးသည့် ပြဿနာ တွေ့ကြုံခံစားရခြင်း

(၂) ဆေးလိပ်သောက်ခြင်း

(၃) ဗီတာမင် D ချို့တဲ့ခြင်း၊ ဗီတာမင် D  ချို့တဲ့နေသည်ကို လက္ခဏာ ဝေဒနာတစ်ခုခု ခံစားရခြင်းဖြင့်သိခြင်း

(၄) အရက် အလွန်အကျွံသောက် သူဖြစ်ခြင်း

(၅) ကဖင်းပါသော အရည်များ (ဥပမာ ကော်ဖီ၊ လက်ဖက်ရည်၊ ကိုလာ) အလွန်အကျွံသောက်လေ့ ရှိခြင်း

(၆) ကိုယ်အလေးချိန် ကျဆင်းခြင်း

(၇) အသက်အရွယ်အလိုက် ရှိသင့်သည့် ကိုယ်အလေးချိန်ထက် လျော့နည်းနေခြင်း

(၈) သေးငယ်သော အရိုးငြမ်းများဖြင့် တည်ဆောက်ထားသည့် ခန္ဓာကိုယ် ပိုင်ရှင်ဖြစ်ခြင်း

(၉) ရာသီ သွေးဆုံးမှု အချိန်စော၍ ဖြစ်ပေါ်ခြင်း

(၁၀) ရာသီသွေးစတင်ပေါ်သည့် အရွယ်နောက်ကျခြင်း

(၁၁) ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်လှုပ်ရှား မှုနည်းခြင်း

(၁၂) ဆေးဝါးတစ်ခုခု အမြဲသောက် သုံးနေရခြင်း(ဥပမာ- ပရက်နီဆိုလုံး Prednisolone ၊ ဖိနိုင်းတွိုင်း Phenytoin ဆေးများသောက်ပါက အရိုးသိပ်သည်းဆ လျော့နည်းဆုံးရှုံး စေနိုင်သည်။)

(၁၃) ခန္ဓာကိုယ်ထဲတွင် အီစထရိုဂျင် ဟော်မုန်းပမာဏ နည်းပါးနေခြင်း

(၁၄) ပါရာသိုင်းရွိုက် ဟော်မုန်း ထုတ်လုပ်မှု လွန်ကဲခြင်း (Hyperparathyroidism)

(၁၅) သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှု လွန်ကဲခြင်း (Hyperthyroidism) စသည့် အချက်များရှိနေပါက ထို အမျိုးသမီးတွင် အရိုးပါးရောဂါ ဖြစ်နိုင် ခြေအခွင့် အလမ်း များကြောင်း သိရှိနိုင် ပါတယ်။

သိပ်ပြီးအရေးပါတဲ့ အချက်မ ဟုတ်သော်လည်း ထည့်သွင်းစဉ်းစား သင့်တဲ့ အချက်များလည်း ရှိပါသေးတယ်။

အဲဒီအချက်ကတော့ အာရှ သို့မဟုတ် ဥရောပမြောက်ပိုင်းနွယ်ဝင် ဖြစ်ခြင်း၊ အသားရောင်ဖြူဖျော့သူ ဖြစ်ခြင်း၊ အစာအိမ် ခွဲစိတ်ဖြတ် တောက်ထားရသူဖြစ်ခြင်း၊ ကလေး မမွေးဖူးသော အမျိုးသမီးဖြစ်ခြင်း၊ လှုပ်ရှားမှု နည်းသူ အထိုင်များသူ ဖြစ်ခြင်း စသည်တို့ ဖြစ်ပါတယ်။

အကောင်းဆုံး အသေချာဆုံး စမ်းသပ်တဲ့နည်းကတော့ အရိုးသိပ်သည်း ဆတိုင်းတာခြင်း Bone Densitometry ပဲဖြစ်ပါတယ်။ အသုံးပြုအများဆုံး နည်းလမ်း ကတော့ Dual-emission X-ray absorptiometry (DEXA)  Scan ဖြစ်ပြီး တင်ပါးဆုံရိုးနှင့် ခါးဆစ်ရိုး တို့ပေါ်မှာ စမ်းသပ်တိုင်းတာခြင်းတို့ ဖြစ်ပါတယ်။ ထိုနည်းတွင် အသုံးပြုတဲ့ ဓာတ်ရောင်ခြည်ပမာဏဟာ သမား ရိုးကျ ရင်ဘတ်ဓာတ်မှန်ရိုက်ရာမှာ ထိတွေ့ခြင်းခံရတဲ့ ဓာတ်ရောင်ခြည် ပမာဏလောက်တောင် မများတဲ့ အ တွက်အန္တရာယ်မရှိဘူးလို့ဆိုနိုင်ပါတယ်။

ဖော်ပြပါ အချက်များကို သိရှိ ပြီးတဲ့ အမျိုးသမီးတစ်ဦးအနေနဲ့ အရိုး ပါးရောဂါဖြစ်နိုင်ခြေ အခွင့်အလမ်း ကိုယ့်မှာ ရှိနေ၊ မနေဆိုတာ ခန့်မှန်း လို့ရပါပြီ။

မောင်(ဆေးတက္ကသိုလ်)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: