ကိုယ်ချင်းစာစိတ် ဇင်ဇင်ဇော်မြင့်


လူမှန်ရင် စားဝတ်နေရေးအတွက် လှုပ်ရှားရုန်းကန်ရသည်မှာ ဧကန်မလွဲပေ။ စားဝတ် နေရေးအတွက်၊ ဝမ်းရေး အတွက်၊ ထမင်းနပ် မှန်ရန် အတွက် တိရစ္ဆာန်လေးတွေ ကို သတ်ဖြတ်တဲ့မုဆိုးများကို ကြိုးစား၍ နားလည်ပေး လို့ရပါတယ်။ ဒါပေမဲ့ တချို့တချို့သော သူတွေ က ကိုယ့်ရဲ့ပျော်ရွှင်မှုအတွက်၊ ခဏ တာအပန်းဖြေ ဖို့အတွက် တိရစ္ဆာန် လေးတွေကို ရက်စက်စွာ သတ်ဖြတ် ခြင်းကြောင့် နေ့စဉ် အသက်ပေးရ သော တိရစ္ဆာန်လေးများ ပိုမိုများလာပါသည်။ ကိုယ့်ရဲ့ပျော်ရွှင်မှုအ တွက် တိရစ္ဆာန်လေးတွေ မျက်ရည် နဲ့ ခြေဆေးကြသည်။ ဘယ်လောက် ထိကြေကွဲဖို့ ကောင်းလိုက်သလဲ။

ထို့ အပြင် အစားကြူးသူများကလည်း ခွေးမှအစ လိပ်၊ သစ်ပေါင်းပိုး၊ မျောက်၊ ယုန်၊ သင်းခွေချပ်၊ ဝက်ဝံ၊ြွေမ၊ ဖျံ အစုံအစားကြူးကြပြီး ရက် စက်စွာ၊ ပျော်ရွှင်စွာစားသောက်ကြ တယ်။ ဓမ္မတာမဟုတ်တဲ့ စား သောက်နည်းမျိုးစုံနဲ့ ရက်စက်စွာ သတ်ဖြတ် စားသောက်ခြင်းကို တချို့ တချို့တွေက ခေတ်မီတယ်လို့ခံယူ ထားတဲ့ပုံပါပဲ။ သစ်ပေါင်း ပိုးလေး တွေဆိုရင် အရှင်လတ်လတ်ဆီပူနဲ့ ရက်စက်စွာအကြော်ခံကြရတယ်။ ဘယ်လောက်များ ခံရလိုက် မလဲ။ အဲ ဒီလူတွေက ကိုယ့်ရဲ့အသားကိုကျ တော့ နာမှာကြောက်ပြီး ဆီပူ လောင်ရင်တောင် ဆေးခန်းသွားနဲ့ အလွန့် အလွန်ကြောက် ကြတယ်။

အသားကိုအပ်နဲ့ထိုးမိရင်တောင် ကြောက်ကြတယ်။ အဓိကပြောချင် တာက ကိုယ်ချင်းစာကြပါ။ သနား ကြပါ။ မေတ္တာထားကြပါ။ ကိုယ် တောင် ကိုယ့်အသားကိုနာမှာ ကြောက်ရင် သူတို့လေးတွေလည်း ကြောက်ကြမှာပဲလို့ ကိုယ်ချင်းစာ ပေးကြပါ။ ကျွန်မကတော့ တိရစ္ဆာန် လေးတွေကို ရက်စက်စွာသတ်ဖြတ် နေကြတာကို ဆန့်ကျင် ပါတယ်။ လူ တစ်ယောက်ဟာ အနည်းဆုံး တစ် ပတ်မှာ တစ်ရက် သက်သတ်လွတ် စားခြင်းဖြင့် မေတ္တာပွား နိုင်ပါတယ်။ သက်သတ် လွတ်စားခြင်းဖြင့် တိရစ္ဆာန်လေးတွေအသက်ကို ကယ် တင်ကြပါ။ ဒါမှ သတ်ဖြတ်မှုတွေ လျော့ပါး လာမှာပါ။ ကိုယ်နှိပ်စက် သမျှ လည်စင်းခံကြရမယ့်သတ္တဝါ လေးတွေကို နှိပ်စက်သတ်ဖြတ်ခြင်း တွေ တတ်နိုင်သမျှ လျှော့ပေးကြပါ။ ကျွန်မကတော့ သက်သတ်လွတ် တစ်ပတ်ကို တစ်ရက်တော့ အ တတ်နိုင်ဆုံး စားပါတယ်။ ဘယ်ဘာ သာ၊ ဘယ်လူမျိုးမဆို ကိုယ်ချင်းစာ စိတ်နဲ့ သတ္တဝါလေးတွေရဲ့ အသက် ကိုကယ်တင်ရင်း ကိုယ်ချင်း စာစိတ် ပြည့်ဝပြီး အေးချမ်းတဲ့ ကမ္ဘာကြီးကို မျှော်လင့်လျက်ပါ။ ဒီစာကိုဖတ်ရင်း နဲ့ သတ္တဝါလေးတွေအပေါ် သနား စိတ်၊ ကိုယ်ချင်းစာစိတ်၊ မေတ္တာ စိတ်အနည်းငယ်ဝင်လာမယ်လို့ မျှော်လင့်ရင်း။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: