မန္တလေး ဆီစက်များ ရပ်တည်ရန် ခက်ခဲနေ


မန္တလေးမြို့ရှိ ဆီစက် အများစုမှာ နယ်မြို့များမှ အဝယ် ကျဆင်း သွား၍ လက်ကား ရောင်းချခြင်းထက် လက်လီ ရောင်းချမှု ကိုသာ အားကိုး နေရ၍ ရပ်တည်ရန် ခက်ခဲနေကြောင်း မန္တလေး ဆီစက်ပိုင်ရှင် များက ပြောသည်။ မန္တလေးမြို့ရှိ ဆီကြိတ်စက် အများစုမှာ ယခင်က ဆီလက်ကား ဖြန့်ဖြူး ရောင်းချခြင်းဖြစ်ပြီး၊ တောင်ကြီး၊ လားရှိုး၊ မူဆယ် ဒေ သများနှင့် မြန်မာနိုင်ငံအထက်ပိုင်းရှိ ကသာ၊ မြတောင်၊ တကောင်း၊ မိုးကုတ်စသည့် ဒေသများသို့ ကြိတ် ခွဲတင်ပို့ရောင်းချကြသည်။

သို့သော် ယခုအခါ အဆိုပါဒေသများမှ မန္တလေး ပဲဆီ၊ နှမ်းဆီအား ဝယ်ယူ စားသုံးမှုလျော့နည်းသွား၍ မန္တလေး မြို့ရှိ ဆီစက်အများစုမှာ ရောင်းအား ကျသွားကြောင်း သိရသည်။ အခု မန္တလေးမှာက ဆီ ကြိတ်စက်ရှိရင် အိမ်မှာ ဆီဆိုင်ဖွင့် ပြီးရောင်းနေရတယ်။ ဒါမှလည်း ဆီစက်က ရပ်တည်လည်ပတ်နိုင် မှာ။ နယ်တွေကို အားကိုးနေလို့မရ တော့ဘူး။

အချို့စက်တွေဆို အိမ် ဆိုင်လေးရဲ့ ရောင်းအားကို ကြည့်ပြီး စက်လည်ပတ်နေရတာတွေရှိတယ် ဟု မန္တလေးမြို့ နန်းရှေ့ရပ်မှ ဆီစက် လုပ်ငန်းရှင် ဦးအောင်ဆွေဟိန်းက လတ်တလော မန္တလေးမြို့ရှိ ဆီစက်များ၏ အခြေအနေကို ပြောပြသည်။ ထိုကဲ့သို့ မန္တလေးမြို့ရှိ ဆီစက် လုပ်ငန်းများ လည်ပတ်နိုင်ရန် ရုန်း ကန်နေရခြင်းမှာ ပြည်ပမှ အရည် အသွေးမြင့် စားအုန်းဆီများ ဈေး နှုန်းချိုသာစွာ အပြိုင်အဆိုင်တင် သွင်းလာကြခြင်းနှင့် မြန်မာနိုင်ငံ တစ်ဝန်း ဆီကြိတ်စက်များပြန့်ကျဲစွာ ပေါ်ပေါက်လာခြင်းတို့ကြောင့် ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ထပ်လောင်းပြောသည်။

အဓိကကတော့ စားအုန်း ဆီပေါ့။ အရင်ကစားဆီတွေက ဆောင်းတွင်းဆို ခဲတဲ့အတွက် ပဲဆီ၊ နှမ်းဆီတွေဆောင်းတွင်းမှာ စားသုံး မှုများပြီး၊ ဆီစက်တွေ လည်နေ တယ်။ အရင်သွင်းနေတဲ့ ဝ.၁၀ စားဆီကနေ ဝ.၆/ဝ.၈ လိုအရည် အသွေးမြင့်တဲ့ စားဆီတွေ သွင်း လာတော့ ဆောင်းတွင်းရောက် ပေမယ့် စားဆီတွေက မခဲတော့ ဆီစက်သမားတွေ ကောင်းကောင်း မလည်ရတော့ဘူး။ နောက်တစ် ချက်က အရင်ဆီစက်မရှိတဲ့ဒေသ တွေမှာ ဆီစက်တွေပေါ်လာတော့ မန္တလေးက ပဲဆီ၊ နှမ်ဆီတွေကို ဝယ်စားတာနည်း သွားတယ်။

အခု အဲဒီဒေသတွေမှာက မန္တလေး မှာကြိတ်တဲ့ ပဲဆီ၊ နှမ်းဆီတွေကို မဝယ်တော့တဲ့အပြင် သူတို့စက် တွေလာကြိတ်တဲ့ ဆီကိုတောင် မန္တလေး ပြန်သွင်းနေတာတွေရှိ တယ်ဟု အထက်ပါ ပုဂ္ဂိုလ်က မန္တလေးမြို့၏ ဆီစက်များနှင့် ဆီ ဈေးကွက်အခြေအနေကို ပြောပြ သည်။ ဆီစက် တစ်လုံး တည်ထောင် နိုင်ရန် ရင်းနှီးငွေကျပ်သိန်း ၁၀ဝ ဝန်းကျင်သာ ကျသင့်ပြီး ကုန်ကြမ်း အပါအဝင် ကျပ်သိန်း ၂၀ဝ ခန့်ရှိ လျှင် ဆီစက် လုပ်ငန်းတစ်ခု ကောင်း စွာလုပ်ကိုင်နိုင်သောကြောင့် ဆီစက် တည်ထောင်သူ ပိုမိုများပြားလာပြီး မန္တလေးမြို့တွင် ထို့အပြင် ယခင်က ဆ်ီစက်အလုံး ၁၀ဝ ဝန်းကျင်ရှိရာမှ ၂၀၁၁ ခုနှစ်တွင် ဆီစက်အလုံးရေ ၃၀ဝ ကျော် အထိရှိလာကြောင်း၊ ယခင်က ဆီကြိတ်စက်မရှိသော ဒေသများတွင်ပါ ဆီကြိတ်စက်များ အများအပြား ပေါ်ပေါက်လာသော ကြောငြ့်ဖစ်ကြောင်း သိရှိရသည။်

အရင်ကဆိုရင် ၂၄ နာရီ နေ့ဆိုင်းညဆိုင်းခွဲပြီး ဆီစက်လည် ရတာ။ အခု တစ်နှစ်ကျော်ပြီး နယ်အော်ဒါလေးနဲ့ အိမ်ဆိုင်က ရောင်းရသလောက်လေးပဲ ဆီစက် လည်နေရတယ်ဟု မန္တလေးမြို့၊ ပြည်ကျော်ဈေးအနီးမှ လူ တစ်ဦးက ပြောသည်။ ထိုသို့ မန္တလေးမြို့မှ ဆီစက် လုပ်ငန်းရှင်များ ယိုင်နဲ့ နေချိန်တွင်  အခြားတစ်ဖက်ဘက်၌ လားရှိုး၊ မူဆယ်ဒေသများသို့ တရုတ်နိုင်ငံ ထုတ်ဈေးနှုန်းသက်သာသည့် စား သုံး ဆီများလည်း ဝင်ရောက်လျက် ရှိနေကြောင်း သိရသည်။ ဆီစက် လုပ်ငန်းများ ကောင်းစွာလည်ပတ် နိုင်ခြင်းမရှိသောကြောင့်ပြည်တွင်း တွင် စိုက်ပျိုးထွက်ရှိသည့် ပဲ၊ နှမ်း များကို ဆီကြိတ်ခွဲခြင်းမရှိဘဲ ပြည်ပသို့သာ တင်ပို့ရောင်းချနေ ကြောင်း သိရသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: