ရိုးရာလေး Website တည်ထောင်သူ ဦးထွန်းထွန်းနှင့် တွေ့ဆုံခြင်း


ပြည်တွင်း ဂျာနယ်များတွင် ကိုယ်ပိုင် Website တင်ထား သော ဂျာနယ် အနည်းငယ်သာ ရှိသည့် ကာလ၌ ပြည်တွင်း ဂျာနယ်များကို တစ်စုတစည်းတည်း Online တွင် ဖတ်ရှုနိုင်ရန် ရိုးရာလေး အမည်ဖြင့် Website လွှင့်ထားသည်ဖြစ်ရာ ယင်း Website တည်ထောင်သူ ဦးထွန်းထွန်းနှင့် The Voice Weeky တို့ တွေ့ဆုံ မေးမြန်း ထားသည်များကို ကောက်နှုတ် ဖော်ပြ အပ်ပါသည်။

Voice: ဒီ Website ကို ဘယ်တုန်းက စဖြစ်ပါသလဲ။

UTT : Website ထက် ကုမ္ပဏီကို နှစ်ဆန်းပိုင်းမှာ အရင်စတယ်။ တကယ်လုပ်ဖြစ်တာက ဇွန်၊ ဇူလိုင် မှာ မန္တလေးက ဂျာနယ်တိုက်တွေနဲ့ ဆက်သွယ်တာပေါ့။ သူတို့ဘက်က လက်ခံ တယ်၊ သတင်း အချက် အလက်တွေ ချက်ချင်းပေးနိုင်တယ်။

Voice: Website ကို ဘယ်လို ရည်ရွယ်ချက်နဲ့ လုပ်ဖြစ်သွားတာလဲ။

UTT: အဓိကကတော့ ဂျာနယ်တိုက်မှာ ကိုယ်တိုင် Website ရှိချင်လည်း ရှိမယ်၊ မရှိချင်လည်းမရှိဘူး။ ဒါပေမယ့် လူငယ်တွေက အပေါ်မှာ Online သတင်းတွေ ဖတ်ချင်တယ်ဆိုရင် ဘယ်မှာဖတ်ရမလဲ၊ သူတို့ Website မှာကြေငြာ ထားရင်လည်းထားမယ်၊ မထားရင်လည်းမထားဘူးပေါ့။ အဲဒါတွေကို အား လုံးစုပြီး နေရာတစ်ခုမှာ ထားရင် လူတွေဖတ်ရတာ ပိုလွယ် သွားတာပေါ့။ လူတွေက သတင်း တစ်ပုဒ်တည်းကို ဂျာနယ်တစ်ခုတည်းက ရေးထားတာ ဖတ်ရသလို ဒီသတင်းနဲ့ နည်းနည်းနီးစပ်တဲ့ သတင်းတစ်ဗုဒ်ကိုလည်း တခြားသတင်း တိုက်ရဲ့အာဘော်နဲ့ ရေးထားတာကို လူတွေဖတ်ရတဲ့ အရသာချင်းမတူနိုင်ဘူး။ ဂျာနယ်က လက်ရှိ ဆယ်စောင် ပတ်ဝန်းကျင်လောက်ပါ။ အခုသတင်းက ဂျာနယ်တိုက်တွေဆီက ကိုယ်တိုင် သွားယူတာ။ အများစုကတော့ PDF File ပဲပေးတယ်။ Print များတဲ့ အချိန်ကျရင် တစ်စုံစီပေးတယ်။ ဓါတ်ပုံက 4C ဆိုတော့ ပြဿနာမရှိဘူး။ 1C ဓါတ်ပုံဆိုရင် Folder ဆောက်ပြီး အထဲမှာ အကုန်သိမ်းထားတဲ့ အထဲက ပြန်သုံးတယ်။ Webမှာ အကြမ်းပျမ်းအားဖြင့် ပုံအကြီးဆုံးဆိုက်ကို 400Pixels နဲ့သတ်မှတ်ထားတယ်။ ပုံကတအားသေးနေရင် 400Pixels နဲ့ အစားထိုးတယ်။ ဒီမှာ Square ပုံစံများတယ်။

Voice: ဂျာနယ်တွေရဲ့ သတင်းတွေကို Website မှာတင်ထားတဲ့ အပေါ် ဂျာနယ်တိုက်တွေဆီက ဘယ်လို ခွင့်ပြုချက် ယူထားပါသလဲ။

UTT: လက်ရှိလုပ်နေတဲ့ လုပ်ဆောင်ချက် မှန်သမျှကိုတော့ ခွင့်ပြုချက်ရပြီးသားပါ။ တချို့ ဂျာနယ်တိုက်နဲ့တော့ စကားပြောနေတဲ့ အနေအထားပဲ ရှိသေးတယ်။ ဂျာနယ်တိုက်တွေ ဆီ သွားပြီး ရှင်းပြတယ်။ ခွင့်ပြုချက် တောင်းတာပေါ့။ သတင်းကို ဘယ်လိုပုံစံတင်ပေးမယ်ဆိုတဲ့ ခွင့်ပြုချက်ကိုပေါ့။ လုပ်ငန်းက ရှေရှည်လုပ်မှာဆိုတော့ ဂျာနယ်သွားဝယ်ပြီး ကိုယ်တိုင် ရိုက်ရတာ ရှိသလို၊ ဂျာနယ်တိုက်တွေဆီသွားပြီး အယ်ဒီတာချုပ်တွေနဲ့ အားသာချက် အားနည်းချက်တွေကို ရှင်းပြပြီး လုပ်ထားပါတယ်။ အဓိကကတော့ ပူးပေါင်း လုပ်ဆောင်ချင်တာ ပေါ့။ တချို့ဂျာနယ်တိုက်မှာလည်း အခက်အခဲတွေရှိနေသေးတော့ စကားပြောတုန်းပဲရှိသေးတယ်။

Voice: Website က ရေရှည်မှာ ဘယ်လိုပုံစံမျိုးနဲ့သွားမှာလဲ။

UTT: အဓိကတော့ စာဖတ်ပရိသတ်အတွက် သတင်းပိုင်း၊ ဖျော်ဖြေရေးဆိုပြီး သူ့ကဏ္ဍနဲ့သူ ထပ်ဖြည့်ဆည်းသွားမှာပါ။ လက်ရှိမှာ သတင်းတော်တော်များများ တော့ရှိနေပြီ။ TV Program တွေကို List လုပ်ထားပေးမယ်။ တေးထုတ်လုပ်ရေးတွေနဲ့ ချိတ်ဆက်ပြီး သူတို့ရဲ့ Simple တေးလေးတွေရှိရင် တင်ထားပေးမယ်။ ရုပ်ရှင်ကိုတော့ မင်္ဂလာအဆင့်မြင့် ရုပ်ရှင် ရုံရယ်၊ Junction မော်တင်ရယ်တော့ သဘောတူညီမှု ရထားတယ်။ ရုပ်ရှင်ရုံတွေမှာ ဘာကားတင်လဲ။ ဇာတ်လမ်းအကျဉ်းရယ်၊ ထွေလာရယ်၊ ဇာတ်ဝင်ခန်းဓါတ်ပုံတွေရယ်ကို တင်ထား တာပါ။ သီချင်းဆိုလည်း သီချင်းကဏ္ဍတွေကို ဖြည်းဖြည်းချင်း ဖြည့်ဆည်းဖို့ ရည်ရွယ်ထားပါတယ်။

Voiceး Website မှာ အဖွဲ့ဝင် ဝင်လို့ရအောင် စီစဉ် ထားပါသလား။

UTT: အဖွဲ့ဝင်လို့ ရပါတယ်။ လောလောဆယ် သီးသန့်ခံစားခွင့်ရအောင် စီစဉ်ထားတာ မရှိသေးဘူး။ စဉ်းစားထားတာ တော့ရှိတယ်။ ဂျာနယ်ရဲ့ PDF File ကို Website မှာ တင်ထား ပေးမယ်။ အဖွဲ့ဝင်တစ်ယောက်က တစ်ရက်ကို သတင်းတစ်ပုဒ်၊ ဒါမှမဟုတ် ဂျာနယ်တစ်စောင်ကို Download လုပ်ခွင့်ရှိလား။ မရှိလားဆိုတာ ဂျာနယ်တိုက်တွေရဲ့ ညှိနှိုင်း ရအုံးမယ်။ အခမဲ့ ကြော်ငြာကဏ္ဍမှာ User Member တစ်ယောက်က Login လုပ်ပြီးသူရဲ့ Service ဖြစ်ဖြစ်၊ Product ကိုပဲဖြစ်ဖြစ် ပစ္စည်းရောင်းချင်ရင် ဝန်ထမ်းခေါ်ချင်ရင် ပဲဖြစ်ဖြစ် တင်ချင်ရင် တင်လို့ရတာပေါ့။ လက်ရှိလူတွေ သိပ်မသုံးတတ်သေးတော့ Process တွေကို Website မှာရေးထားတယ်။

Voice: Website စလုပ်တုန်းက အခက်အခဲတွေကို သိပါရစေ။ လက်ရှိ Website ဝင်ကြည့်သူ ဘယ်လောက် ရှိမလဲ။

UTT: စလုပ်တုန်းကတော့ ဂျာနယ်တိုက်တွေက ချက်ချင်း မပေးရဲဘူး။ သူတို့က စိုးရိမ်တယ်၊ သတင်းကို ရောင်းစားဖို့လား၊ တိုက်ရိုက်သတင်းကို အမှန်အတိုင်း ဖော်ပြ၊ မပြကို စိုးရိမ်ကြ တယ်။ စိတ်ပူကြတယ်။ ကျွန်တော့အနေနဲ့ သတင်းတွေကို သိပ်မပြင်ဘူး။ ခေါင်းကြီးပိုင်းပဲ နည်းနည်းပြင်တယ်။ လက်ရှိတော့ ပြောလို့မရသေးဘူး။ Website က အခုမှ ကြေညာ တာ ဆိုတော့ လူဦးရေက အတိအကျ မပြောနိုင်သေးဘူး။ လူဦးရေကိုတော့ လာမယ့်နှစ် ခြောက်လပိုင်းလောက်မှာ ကြေညာမှပါ။ နောက်ပိုင်းမှာ Market လုပ်လာမှာဆိုတော့ ဘယ် အချိန် မှာ အဝင်များလဲ။ ဘယ်စာမျက်နှာ အကြည့်များလဲဆိုတာကို အသေးစိတ် အချက်အလက် ကျွန်တော့မှာ ရှိပါတယ်။

Voice: ဒီ Website ကိုကြည့်သူတွေ ဘာတွေ ရနိုင်သလဲ။

UTT: ကျွန်တော်တော့ ဘက်သုံးဖက် အကျိုးရှိမယ်လို့ မြင်တယ်။ ဂျာနယ်တိုက်အနေနဲ့ သူ့သတင်းကို ပြည်တွင်းမှာတင် မဟုတ်ဘူး၊ ပြည်ပမှာရော ဒီစနစ်က Limit မရှိဘူး။ Website မှာဆိုတော့ အင်တာနက်သုံးသူတိုင်း Website မှာ သတင်းကို ဖတ်လို့ရတယ်။ ပြည်ပကဏ္ဍမှာ ကြော်ငြာသလိုလည်းဖြစ်တယ်။ ဒါမှမဟုတ် သူငယ်ချင်း မိတ်ဆွေအချင်းချင်း Email သုံးရင်းနဲ့ သိလာရင် ဂျာနယ်အနေနဲ့ အတိုင်းအတာ တစ်ခုရလာမယ်။ ပြည်တွင်းမှာ ဂျာနယ်မဝယ်အားဘူးဆိုရင် Internet ကနေကြည့်ပြီး သိလို့ရမယ်။ စာဖတ်ပရိသတ်အတွက် အချိန် ကုန် သက်သာမယ်။ ကျွန်တော့်ဘက်မှာလည်း ဂျာနယ်တိုက်နဲ့ User အတွက် အလုပ်တစ်ခုလုပ်ရလို့ ကျွန်တော့် ကုမ္ပဏီအတွက်လည်း အကျိုးရှိတာပေါ့။ သုံဖက်ဆိုင် အကျိုးရှိတဲ့ လုပ်ငန်းလေးလို့ မြင်တယ်။

Voice: Website ကို Market လုပ်မယ့် အစီအစဉ်က ဘယ်တော့လောက်ဖြစ်မလဲ။ ဈေးနှုန်းအားဖြင့် သိပါရစေ။

UTT: ကျွန်တော်တို့က Banner ကိုလုပ်ငန်းရှင်တွေဆီ လိုက်ရောင်းမှာ ဆိုတော့ Banner Position အနေနဲ့ လုပ်ငန်းရှင် စိတ်ဝင်စားတဲ့အပိုင်း သူတို့ထည့်ချင်တာ ထည့်လို့ရတာပေါ့။ ဈေးနှုန်းကလည်း အရမ်းပေါပါတယ်။ အနည်းဆုံး ကျပ်တစ်သောင်း မပြည့်တဲ့ Bunner တစ်ခုကနေ ကျပ်တစ်သိန်းမကျော်ပါဘူး။

Voice: Website ကိုနောက်ထပ် ကဏ္ဍ ထပ်တိုးဖို့ ရှိပါသလား။ နောက်ပိုင်း ဘယ်လို ပုံစံမျိုးနဲ့ သွားမလဲ။

UTT: ကဏ္ဍတိုးဖို့တော့ရှိပါတယ်။ တတ်ကျွမ်းသလောက်တော့ ကဏ္ဍခွဲထားတာ၊ နောက်ပိုင်းမှာ တခြားဂျာနယ်တွေပါလာမယ်။ ဂျာနယ်တွေမှာ ကဏ္ဍတွေထပ်တိုးလာမယ်ဆိုရင် တိုးလာတဲ့ သတင်းပေါ်မှုတည်ပြီး ကဏ္ဍသစ်တွေ ထပ်တိုးလာမှာပါ။ လောလောဆယ်တော့ ကဏ္ဍရှစ်ခုပဲ။ လောလောဆယ် အားနည်းနေတာက အားကစားကဏ္ဍနဲ့ ကျမ်းမာရေး ကဏ္ဍပဲ။ အားကစားနဲ့ ကျမ်းမာရေးကဏ္ဍကို တခြားဂျာနယ်တွေနဲ့ ပူးပေါင်းဖို့ ဖိတ်ခေါ်ချင်တယ်။ သူတို့ပူးပေါင်းဖို့ ဖိတ်ခေါ်ချင်တယ်။ သူတို့ပူးပေါင်းမှ ဝေဝေဆာဆာ ဖြစ်လာမယ်။ Website က နောက်ပိုင်းမှာ ကျွန်တော်တို့က ပလက်ဖောင်းတစ်ခု ဆောက်ပေးတာပေါ့နော်။ ဂျာနယ်တိုက်ကိုယ်တိုင်၊ သတင်းသမားကိုယ်တိုင်၊ စာရေးဆရာကိုယ်တိုင် တင်ဖို့အထိ ရည်ရွယ်ထားတယ်။ ကျွန်တော်က ဈေးတစ်ခု ဆောက်ပေးလိုက်တဲ့ ပုံစံပဲ။ ဈေးဆောက်ပြီးရင် ဈေးရောင်းချင်သူရောင်း၊ ဝယ်ချင်သူလာဝယ်ပေါ့။ ဒီအပေါ်မှာဘာ Charges မှ မယူဘူး။ အခုကတော့ ဂျာနယ်တိုက်ဘက်တွေမှာ အခက်အခဲတွေ ရှိနေတော့ ကိုယ်တိုင်တင်ပေးထားတယ်။ နောက်ပိုင်း ဂျာနယ်တိုက်တွေမှာ ကိုယ်ပိုင် IT သမားလည်းရှိပြီး အင်တာနက်သုံးသူ တစ်ယောက်ရပြီဆိုရင် ဂျာနယ်တိုက် Account နဲ့ လုပ်လိုက်ရင် ဘယ်လိုတင်၊ ဘယ်လိုလုပ်ဆိုပြီး ပြောပြရင် ကိုယ်တိုင်တင်လို့ရပြီ။ အဲဒီအတွက် လုပ်ဆောက်ချက်က အများကြီး မလို ဘူး။ ကွန်ပျူတာ အင်တာနက်သုံးတတ်တဲ့သူဆိုရင် လုံလောက်ပြီ။

Voice: ရိုးရာလေး ဝက်ဘ်ဆိုက်အပြင် တခြား ဘာတွေ လုပ်ထားတာ ရှိပါသလဲ။

UTT: ကျွန်တော်က ရိုးရာလေးအပြင် အလုပ်အကိုင်အခွင့်အလမ်းရှာဖွေနိုင်တဲ့ http://www.job.com.mm ကလည်း အခုလုပ်ထားတယ်။ ဒီမှာ အလုပ်အကိုင် အခွင့်အလမ်းရှာဖွေတဲ့သူတွေက သူနဲ့ကိုက်ညီတဲ့အလုပ်တွေ ရှာဖွေနိုင်ဖို့၊ ကိုယ်လိုချင်တဲ့ အရည်အချင်းတွေနဲ့ ကိုက်ညီတဲ့ဝန်ထမ်းကို ရှာဖွေဆက်သွယ် ခေါ်ယူနိုင်ဖို့အတွက် ဒီ website ကိုလုပ်ထားတယ်။

Voice: ရိုးရာလေးဝက်ဘ်ဆိုက်လိုပဲ အခြားနိုင်ငံတွေမှာကော ရှိပါသလား။

UTT: တခြားနိုင်ငံမှာလည်း ရှိတာတော့သိပ်မတွေ့ရဘူး။ ပြည်တွင်း Website တွေမှာတော့ သတင်းတွေကို ဖော်ပြတယ်။ ပြီးမှ ဘယ်ဂျာနယ်ကဆိုပြီး အောက်မှာ ဖော်ပြထားတယ်။ ကျွန်တော်တို့ကတော့ ဒီဂျာနယ်တွေဆီမှာ တရားဝင် ပူးပေါင်းထားတာပါ။

Voice: ရိုးရာလေး အောင်မြင်သွားရင် နောင်မှာ အကျိုးအမြတ်တွေကို ဂျာနယ်တိုက်တွေကို မျှဝေပေးဖို့ အစီအစဉ် ရှိပါသလား။

UTT: ဒါက အချိန်တစ်ခု ပေးရမှာ၊ ဘာတွေဖြစ်လာမလဲဆိုတာ မသိသေးဘူး။ ဒါကို ကျွန်တော် လောလောဆယ် မစဉ်းစားမိသေးဘူး။ နောက်ပိုင်းမှာ ဂျာနယ်တိုက်တွေအနေနဲ့ ဆွေး နွေးလို့ ရပါတယ်။ ကျွန်တော်တို့အတွက် အကျိုးအမြတ်ရှိတယ်ဆိုရင် ဂျာနယ်တိုက်လည်း အကျိုးအမြတ်တစ်ခုတော့ ခံစားသင့်တာပေါ့။ အခြေအနေပေါ်မူတည်ပြီး အပြောင်းအလဲ လုပ် သွားမှာပါ။ လက်ရှိအနေအထားမှာတော့ ဒါတွေ မရှိသေးပါဘူး။ သတင်းတွေ အမြန်တင်ဖို့ပဲ။

Voice: ဂျာနယ်တွေအပေါ် တခြားဘာများ ပြောချင်စရာ ရှိပါသေးလဲ။

UTT: တခြားဂျာနယ်တိုက်တွေကိုလည်း ပူးပေါင်းစေချင်တယ်။ ဒီအတွက် အကျိုးယုတ်စရာတော့ မရှိနိုင်ပါဘူး။ အားသာချက်ပဲရှိမယ်။ လွတ်လွတ်လပ်လပ် ပူးပေါင်းလို့ရမယ်။ ဘာ အခကြေးငွေမှ မယူဘူး။ နောင်ဝက်ဘ်ဆိုက်မှာ တင်တဲ့အတွက် အခကြေးငွေယူဖို့ အစီအစဉ်မရှိဘူး။ ကန်ထရိုက်တစ်ခုတော့ ချုပ်ချင်တယ်။ သတင်းရဲ့ပိုင်ဆိုင်ခွင့် အားလုံးက ဂျာနယ် တိုက်နဲ့ပဲဆိုင်တယ်။ ကျွန်တော်တို့က နည်းပညာ ကုမ္ပဏီတစ်ခုပါ။ သတင်းအချက်အလက်တွေကို Website မှာတင်ပေးမယ်၊ ဝန်ဆောင်မှုအတွက် ဘာမှ ငွေကြေးမယူဘူးဆိုပြီး ကန်ထရိုက်လေးတစ်ခုတော့ ကြိုချုပ်ပေးမယ်။ ဒါပါပဲ။

Voice: အခုလို ဖြေကြားပေးတဲ့ အတွက် ကျေးဇူးတင်ပါ တယ်

ကြည်ကြည်လွင်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: